Monday, July 13, 2009

(သတိ) သန်းသန်းတို့ ရှက် ရမ်းရမ်းတော့မယ်

မြောက်ကိုရီးယားနှင့် ပတ်သက်သည့် သတင်းပေါက်ကြားမှုမျိုး စစ်အစိုးရက တပ်မတော်သားများကို အရေးယူမည် မိုးမခအထောက်တော် ၀၀၃ ဇူလိုင် ၁၃၊ ၂၀၀၉

လွန်ခဲ့သည့် ရက်သတ္တပတ်များက မြောက်ကိုရီးယားလှိုင်ခေါင်းများကိစ္စ၊ သံတမန်ဆက်ဆံရေးကိစ္စများ ပြင်ပမီဒီယာများသို့ ပေါက်ကြားခဲ့သည်ဟု ဆိုကာ စစ်အုပ်စုခေါင်းဆောင်များက တပ်မတော်သားများ၊ အရာရှိများကို စုံစမ်းမည်၊ အရေးယူမည်၊ လိုအပ်ပါက သေဒဏ်ပေးသည်အထိ ပြင်းပြင်းထန်ထန် ဆောင်ရွက်မည်ဟု ကြားသိရကြောင်း အမည်မဖော်လိုသူ တပ်မတော်အရာရှိတဦးက ပြောဆိုသည်ဟု ရန်ကုန်က လာသောသတင်းတခုက သိရသည်။

အတည်မပြုနိုင်သည့် သတင်းတခုတွင် ထိုမှတ်တမ်းများကို ဆက်စပ်ပြီး တပ်မတော်အရာရှိ ၁၀ ဦးခန့်ကို ထိမ်းသိမ်းထားသည်ဟု ဆိုသည်။ ၂၀၀၇ နှစ် နောက်ပိုင်း အင်တာနက်သုံးစွဲမှု ပြည်တွင်းတွင် ရေပန်းစားလာခဲ့ပြီး တပ်မတော်အတွင်းသာမက ပြည်ပရောက် တပ်မတော်အရာရှိငယ်များကြားတွင်လည်း ခေတ်စားသောအလေ့တခု ဖြစ်လာခဲ့ရာ စစ်အုပ်စုခေါင်းဆောင်များအတွက် ၀ါဒဖြန့်ချိရေး၊ စိတ်ဓာတ်စစ်ဆင်ရေးအတွက် သုံးစွဲသည့်နည်းတူ တပ်မတော်သားများအတွင်းက သတင်းများ၊ အတွင်းရေးများကိုပါ ဖော်ထုတ်ဖြန့်ချိစရာ ဖြစ်လာခဲ့သည်ကို တွေ့နေရသည်။

ထိုနောက်ု ၂၀၀၈ နောက်ပိုင်းတွင် တပ်မတော်သားများ၏ ခံစားချက်များ၊ အတွေ့အကြုံများ ထုတ်ဖော်ပြောဆိုရာ အင်တာနက်ဝက်ဆိုက်တခုအဖြစ် “ဖိုးတရုတ်” ( http://www.photayokeking.org ) မှာ မြန်မာအင်တာနက်စာဖတ်ပရိသတ်များကြား ထင်ရှားလာသည်ဟု မိုးမခစာဖတ်သူအချို့က မှတ်ချက်ပေးခဲ့သည်။ ထို အင်တာနက်ဝက်ဆိုက်မတိုင်မီက အမေရိကန်ပြည်တွင် နိုင်ငံရေးခိုလှုံခဲ့သူ တပ်မတော်အရာရှိ အောင်လင်းထွဋ်၏ အင်တာနက်ပေးစာများမှာလည်း မြန်မာစာဖတ်သူတို့အတွက် အာရုံစိုက် ဖတ်ရှုစရာ ဖြစ်လာခဲ့သည်။

“ခုချိန်မှာ တပ်မတော်ကြီးဟာ ဘယ်သူခွဲခွဲ တို့မကွဲ၊ အမြဲစည်းရုံးမည်ဆိုတာကို ပိုမိုပြီး လူထုကြားမှာ သက်သေပြရတော့မယ် ထင်ပါတယ်။ လူတွေကြားထဲမှာ ဒီလို သတင်းတွေ၊ စာတွေ၊ ဓာတ်ပုံတွေ ပိုမိုပြီး ပြန့်နှံ့လာနေတာကို ငြင်းလို့ မရပါဘူး” ဟု ရန်ကုန်မြို့အခြေစိုက် ဂျာနယ်သတင်းသမားတဦးက မှတ်ချက်ပေးသည်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်