Monday, July 6, 2009

သူ့ ကိုဘယ်သူကတင်မြှောက်ထားလို့  ဒီလောက်လူပါးဝနေရတာတုန်း

အမှန်က..မြန်မာပြည်က UN အဖွဲ့ ဝင်နို်င်ငံတနိုင်ငံပါ။ ဘင်ကီမွန်းက တာဝန်နဲ့ လာတဲ့ဧည့်သည်. ကျူပ်တို့ မြန်မာ အားလုံးက အိမ်ရှင်တွေ..သန်းရွှေက ဒါးမိုးအာဏာရူး..သူ့မှာ ဘာမှ တားပိုင်ခွင့်မရှိဖူး..အာဏာက ပြည်သူ့ ဘက်မှရှိသင့်တဲ့အရာ။ မြန်မာ ပြည်သူတွေကသာ ဆုံးဖြတ်ရမှာ တွေ့ ခွင့် ပေးမပေးကို..
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးနိုင်ကြောင်းကြိုတင်အသိပေးထားဟု နအဖသတင်းစာတွင်ဖော်ပြ
NEJ / ၆ ဇူလိုင် ၂၀၀၉
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးနိုင်ကြောင်း ကြိုတင်အသိပေး ထားပြီးဖြစ်ကြောင်း နအဖသတင်းစာများတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်အတွက် မစ္စတာဂမ်ဘာရီ လာရောက်ညှိနှိုင်းစဉ်ကပင် ထိုကိစ္စအား အသိပေးပြီးဖြစ်ကြောင်း သိရသည်။

မစ္စတာဂမ်ဘာရီ၏ ဇွန် (၂၆) ရက် ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည် ဆိုသည်မှလွဲ၍ ကုလသမဂ္ဂဘက်က အသေးစိတ်ပြောဆိုခြင်းမပြုခဲ့ပေ။

ယခုအခါ မစ္စတာဂမ်ဘာရီ၏ အကြိုခရီးစဉ်အတွင်း ကြိုတင်ညှိနှိုင်းထားချက်များကို မြန်မာစစ်အစိုးရက ဖွင့်ဟလိုက်ခြင်း ဖြစ်သည်။

မစ္စတာဘန်ကီမွန်းသည် ၎င်း၏ (၂) ရက်တာခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် (၂) ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး အလေးပေးပြောဆိုခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယင်းကိစ္စကို ငြင်းပယ်ခဲ့သည်။

ထိုသို့ငြင်းပယ်ရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွတ်လပ်မျှတစွာ ဆောင်ရွက်နေသော တရားစီရင်မှုတွင် မိမိတို့အနေဖြင့် အတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပေးနိုင်ခွင့်မရှိပါကြောင်းဟု သုံးနှုန်းပြောဆိုသွားသည်။

သို့သော် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများကမူ တရားခွင်သည် လွတ်လပ်မျှတမှုမရှိဟု ယုံကြည်ကြသည်။

အင်းစိန်ထောင်အထူးတရားခွင်ကို နအဖစစ်အစိုးရက တံခါးပိတ်စစ်ဆေးနေပြီး သံတမန်အသိုင်းအ၀ိုင်းနှင့် သတင်းသမားများကို နှစ်ကြိမ်ဝင်ရောက်ခွင့်ပြုခဲ့သော်လည်း မေးမြန်းသတင်းရယူခွင့် မပေးခဲ့ချေ။ http://www.khitpyaing.org/news/july09/060709b.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်