Sunday, July 19, 2009

စစ်တွေတွင် အာဇာနည်နေ့ ကျင်းပခြင်း မရှိ

7/19/2009
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ၆၂ နှစ်မြှောက် အာဇာနည်နေ့ကို အခမ်းအနား ပြုလုပ်ပြီး ကျင်းပသူများ မရှိကြောင်း သတင်း ရရှိသည်။

စစ်တွေမြို့ နည်းပညာကောလိပ်မှ ကျောင်သား တဦးက “ဘယ်သူမှ အာဇာနည်နေ့ကို စစ်တွေမှာ ကျင်းပတာကို မတွေ့ရဘူး။ နအဖ အာဏာပိုင်တွေ မကျင်းပသလို ပြည်သူ တွေလည်း ကျင်းပတာ မတွေ့ရဘူး။ အခြေအနေကတော့ ထူးခြားမူ မရှိပါ” ဟု ပြောသည်။

အာဇာနည်နေ့ ကျင်းပခွင့်ကို အာဏာပိုင်များက တရားဝင် တားမြစ်ထားခြင်း မရှိသော်လည်း အာဇာနည်နေ့ကျင်းပလျှင် အနှောင်အယှက် ပြုလုပ်ခံရနိုင်ပြီး ဖမ်းဆီးပါ ခံရနိုင်သဖြင့် မည်သူမျှ မကျင်းပကြခြင်း ဖြစ်သည်ဟု သိရသည်။

“ဒီနေ့က တင်္ဂနွေနေ့ဆိုတော့ ကျောင်းတွေလည်း အကုန်လုံးပိတ်ထားပါတယ်။ ကျောင်းသားတွေလည်း တစုံတရာ လှုပ်ရှားတာတွေ မရှိပါဘူး။ ဒါပေမယ့်လည်း အာဏာပိုင်တွေက စောင့်ကြည့်မူတွေတော့ ရှိနေပါတယ်” ဟု သူက ဆက်ပြောသည်။

စစ်တွေတွင် ယမန်နေ့က စပြီး အရပ်ဝတ်ဖြင့် လမ်းဆုံ လမ်းခွများတွင် ထောက်လှမ်းရေးများ စောင့်ကြပ်နေပြီး ဘုရားကြီးတွင် လုံထိန်းနှင့် ရဲများကို အားဖြည့် ချထားသည်ဟု သိရသည်။

ယခင်က ရခိုင်ပြည်နယ်အတွင်း ပြည်နယ် မြို့နယ် ကျေးရွာ အဆင့် အာဇာနည်နေ့ကို အဆင့်ဆင့် ကျင်းပကြသော်လည်း နအဖ စစ်အစိုးရ တက်လာကတည်းက ရခိုင်ပြည်နယ် အနှံ့အပြားတွင် အဇာနည်နေ့ကို ကျင်းပမူ မရှိဘဲ ပစ်ပယ်ထားသည်ဟု သိရသည်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်