Monday, July 6, 2009

ဗိုက်ဆာသောကြောင့် ဘာသာကို ငွေနဲ့ လဲစားရသူများ..

ခရစ်ယာန် သာသနာပြုအဖွဲ့များ အနေနဲ့ မုန်တိုင်းမှာ ဒုက္ခသည်တွေ ကို စွမ်းစွမ်းတမံကူညီပေးတာ ကျေးဇူးပါ ဗျာ..အစိုးရမင်းများကမှ မကူညီတာကိုး..
ဒါပေမဲ့ မက်လုံးပေးပြီးဘာသာထဲ အတင်းသွပ်သွင်းတာကတော့ မကောင်းဖူးပေါ့။ သူယုံကြည်ရင်..သူဝင်မှာပေါ့ ဗျာ။
ခရစ်တော်ကိုယ်တိုင်က ယုံကြည်မှုကို အသားပေးဟောကြားခဲ့ပါတယ်။
မယုံကြည်ဘဲ..ဗိုက်ဆာ လို့ သာ သွပ်သွင်း လို့ ဝင်ရတယ်ဆို.သူတို့ ခင်မျာလည်း ကုသိုလ်ရမှာမဟုတ် သလို သေလွန်သော်လည်း ကောင်းကင်ဘုံကိုရောက်မှာမဟုတ်ပါဖူး.ဘာသာသွပ်သွင်းရန် စည်းရုံးတဲ့ သူအတွက်ကလည်း အယောက်တိုးစာရင်းဘဲ ပြနိုင်ပြီး..စစ်မှန်သော ခရစ်ယာန်ဘာသာဝင်ကို ရနိုင် မယ် မဟုတ်ပါဟု ကျနော် က သုံးသပ်ပါတယ်။ မှားချင်လည်းမှားမှာပေါ့။ ကျနော့ အမြင်ကို တင်ပြတာ ပါ။
အကောင်းဆုံးကတော့ စေတနာချင်လျှင် ကူညီလျှင်..နှောင်ကြိုးမပါသော စေတနာက ပို ထိရောက် ပါတယ်.။ ပိုအကျိုးရှိပါတယ် ခရစ်တော် ကိုယ်တိုင်ကလည်း.လူသားတွေကို ရင်ဝယ်သားကဲ့သို့ မေတ္တာ တော်ထားခဲ့တာပါ။ ဒုက္ခသည်တွေ့  အနေနဲ့  ခရစ်ယာန် ဘာသာနဲ့အနေနီးစပ် ။ ပါရမီ ရေစက်ပါရင် ဖြစ်လာကြမှာပါ။

လူကြီးမင်းတို့ ၏ ကောင်းကင်ဘုံ သို့  ခေါ်သွားစေလိုသော စေတနာအားလေးစားပါတယ် သို့ သော် ကာယကံရှင်အား နှစ်သက်ရာ ရွေးချယ်ခွင့် ပေးစေချင်ပါတယ်။ သူတို့ တကယ်ဘဲ နှစ်သက် ယုံကြည် ရင် ပြောဖွယ်ရာမရှိ။ ကန့် ကွက်စရာမရှိပါ။
ကျနော်တို့ ခေါ်နေတဲ့ လူ့ အခွင့်အရေးမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုတာ ပါပါ တယ်။ ငတ်လို့ တော့ ခရစ်ယာန် မလုပ်ခိုင်းပါနဲ့ဗျာ။ လူကြားလည်း မကောင်းပါဖူး..သူတို့ ယုံကြည်ရင်..သူတို့ဖာသာသက်ဝင်ယုံကြည် ကြပါစေ. ရွှင်လမ်းကြပါစေခင်ဗျာ..




No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်