Tuesday, July 7, 2009

ယနေ့ဂျပန်နိုင်ငံ တိုကျိုမြို့ စစ်အခွန်ရုံးရှေ့တွင်ပြုလုပ်သော ၇ ဂျူလိုင်နေ့ အခမ်းအနား သတင်း၊ဓာတ်ပုံမှတ်တမ်း။


ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနာဂါဝမြို့နယ်ရှိ မြန်မာသံရုံး (ခေါ်)စစ်အခွန်ရုံးရှေ့တွင် ၄၇နှစ်မြောက် ၇ ဂျူလိုင်နေ့ အခမ်းအနားကို ယနေ့ နေ့လည် ၃နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ ဂျပန်နိုင်ငံရှိ နိုင်ငံရေး အဖွဲ့အစည်း အသီးသီးနှင့် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးတို့မှ စုစုပေါင်းအင်အား၂၅၀ခန့် တက်ရောက်ခဲ့ ကြပါသည်။ ဆန္ဒပြပွဲ အခမ်းအနားမှူး အဖြစ် ကိုမြတ်သူ(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဂျပန်ဌာနခွဲ)က ဆောင်ရွက်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ အာဏာရှင်စနစ် နှင့် ခွပ်ဒေါင်းစိတ်ဓါတ်၏ အဓိပ္ပါယ်ကွဲပြားခြားနားပုံ ကို၎င်း၊ အလင်းအိမ်စာစောင်မှ ကိုရဲငြိမ်းမှ ဇူလိုင်(၇)ရက်သမိုင်း အကျဉ်းချုပ်ကို၎င်း၊ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုမောင်မောင်လှ ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှ ကိုဖုန်းမြင့်ထွန်းတို့မှ ကျောင်းသားများအခန်းကဏ္ဍ နှင့် ပတ်သက်၍၎င်း၊ လက်ရှိခေတ်လူငယ်ကဏ္ဍကို မကြည်ပြာဇော်ဝင်း (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဂျပန်ဌာနခွဲ)မှ၎င်း၊တိုင်းရင်းသားများနှင့်ပတ်သက်၍ ကိုမိုင်ကျော်ဦး က၎င်း၊ကိုမြင့်ဆွေ(မြန်မာ့အလုပ်သမားသမဂ္ဂ)မှ အလုပ်သမားအရေးတော်ပုံ သမိုင်းကို၎င်း ကိုယ်စားပြု ပြောကြားသွားခဲ့ပြီးနောက် အာဟာရစာစောင်မှ ကိုသက်လင်းက ကိုကျော်ကျော်ကို (ဗကသအဖွဲ့ချုပ်) ၏ကဗျာကို ကိုယ်စား ဖတ်ကြားပေးခဲ့ပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဒေါ်သန်းသန်းအေးက ကျောင်းသား များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပန်းစည်းကို နအဖ အခွန်ရုံးအဝင်တံခါးဝ တွင်ထားရှိခဲ့ပြီးနောက် ကြွေးကြော်သံများ သံပြိုင်ရွတ်ဆိုကာ ညနေ ၄နာရီခွဲတွင် အခန်းအနား ပြီးဆုံးခဲ့ပါသည်။

သတင်း။....။ဦးစိုးအောင်ဝင်းNLD(LA)JB (ပြန်ကြားရေး)
............................။မောင်ထွန်းလွင်(FWUBC)
............................။ဒီမိုဝေယံ
ဓာတ်ပုံ------------------------ကိုပွား

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်