Friday, April 3, 2009

Letter to Tin Htoo regarding UDP

Thursday, April 2, 2009

မနေ့ကတင်ထူး (ခေါ်) တင်မောင်၏ ခေတ်ပြိုင်ဦးတင်မောင်ဝင်း ကို ဦးသုဝေအား မေးမြန်းခန်းနှင့်ပတ်သက်၍ ထိုးနှက်သော ပေးစာများ ဖြန့်ဝေခဲ့သည်။ ပထမဆုံးတင်ပြလိုသည့်အချက်မှာဦးအောင်ခင်နှင့်တင်ထူးသည် ဦးကျော်မြင့် ငှားရမ်းထားသော မီဒီယာ တိုက်ခိုက် ရေးသမားများဖြစ်သည်။ ဖြန့်ဝေသည်စာတွင်၂၀၁၀ရွေးကောက်ပွဲ ၀င်ခြင်းသည် မှန်ကန်ကြောင်းကိုသာ အသားပေးဖေါ်ပြသွားသည်။
အပ်ကြောင်းထပ်အောင်ဖြေရှင်းခဲ့ဖူးသောစစ်တပ်ကိုတဖြေးဖြေးဝေးသွားအောင်လုပ်ချင်သည့် ထို ခေတ်သစ်နိုင်ငံရေး ရွေးချယ်မှု (အမှန်တော့ နအဖ ချကျွေးလိုက်သည့် အာဏာရှင်စနစ် သက်ဆိုးရှည်ရေး)နှင့် ပတ် သက်၍လတ်တလောရှေ့တွင် လောလောလတ်လတ် ကတုံးကြီးဖြစ်သွားသော ဗိုလ် ချူပ်ကြီးခင်ညွန့်ကိုနမူနာယူပါလေ။ဤနည်းလမ်းသည်နအဖနှင့်ပရောပရီသမားများ၊ ပတ်ချွဲ နှပ်ချွဲ သမားများ၊မဆလအနံ့မစင်ကြသေးသည့်ကပ်ဖားလျက်စားများအတွက်သာ အရိုးအကျွင်းအ ကျန်ကိုက်ခွင့် ရမည်သာဖြစ်ပြီးအတိုက်အခံအင်အားစုတခုလုံး၊ တိုင်းရင်းသား ပြည်သူတရပ်လုံး အတွက်မူ မည်သည့် အကျိုးကျေးဇူးမျှရလာနိုင်စရာအကြောင်းမရှိပေ။ဤရွေးကောက်ပွဲ ဖြစ်ခြင်းမဖြစ်ခြင်းသည် နှစ်၅၀ကျော်ကြုံတွေ့ဖြတ်သန်းရင်ဆိုင်ခဲ့ရသောမြန်မာ့နိုင်ငံရေးအခက်အခဲအကြပ်အတည်းနှင့် ယှဉ်လျှင် သေးသေးလေးဖြစ်သည်၊။ရွေးကောက်ပွဲဖြစ်မြောက်သွားလည်းကျွန်ုပ်တို့မျှော်လင့်သည့်ဒီမိုကရေစီဆန်သော ပြည်ထောင်စု ဖက်ဒရယ်နှင့်အဝေးကြီးဖြစ်သည်၊။တိုင်းရင်းသားအရေးစိတ်မ၀င်စားသောသူများ သာပါမည့်ကြပ်ပြေးအာပလာအဖွဲ့ အဖြစ်သာအချိန်ကုန်လူပင်ပန်းဖြစ်ခြေအုံးတော့မည်ဖြစ်သည်။
တင်ထူးရေးသည်စာထဲတွင်..(ခုအခါမှာ မြန်မာ့ဒီမိုကရေစီရေးကိုဆောင်ရွက်နေပါတယ် ဆိုသူတွေကိုယ်တိုင် ဒီမိုကရေစီ ကျင့်စဉ်ထဲက သွေဖီပီး ငါနဲ့မတူ ငါ့ရန်သူ မူကို ဆုတ်ကိုင် နေကြပါတယ်။ ).......လို့ရေးထားတယ်။
မှန်ပါ၏၊။လက်ရှိအချိန်သည်ဒီအတိုင်းပဲကျင့်သုံးကြရမည်၊ဒီမိုရပြီးလို့မူဝါဒရေးရာများကိုစားပွဲပေါ်လက်ထောက်
၍ငြင်းခုန်ခွင့်မရသေးသည့်အချိန်ကာလသမယ၊သန်းရွှေဖက်ကစ၍ ငါနဲ့မတူ ငါ့ရန်သူ မူကို စတင်ဆုတ်ကိုင် ကာဒေါ်စု၊မင်းကိုနိုင်၊ဦးခွန်ထွန်ဦးတို့ကိုဖိနှိပ်ထောင်ချခဲ့သည်၊(အမှန်တော့ စကားယှဉ်မပြောနိုင်၍ ရှက်ရှက်နှင့် ထောင်ချခြင်း) ဖြစ်သည်။ကျွန်ုပ်တို့ကပါးစပ်လောက်နှင့်သာငါ့ရန်သူလုပ်နေကြခြင်းသာပင်။
သန်းရွှေကိုယ်တိုင်လေးစားပေးပါ၊လေးစားပေးပါဆိုသည့်နာဂစ်သွေးတွေပေနေသောဖွဲ့စည်းပုံသည်တိုင်းပြည်အ နာဂတ်အတွက်အကျိုးမရှိနိုင်သည်ကိုလူတွေနတ်တွေအကုန်သိသည်။အမတ်ဖြစ်ချင်စိတ်နှင့်မသိချင်ယောင်
ဆောင်သူများကသာ........။
၂၁နှစ်ကြာ ဇွဲနပဲကြီးကြီးနှင့် တိုက်ပွဲဝင်နေသည့်အချိန် ကျွန်ုပ်တို့၏ အင်အားနှမ်းတစတမျှ ပင်လျော့ပါးသွား မည်ကိုအဖြစ်မခံနိုင်ပါ၊ ထောင်ထဲမှတွန်ကျူးနေသည့် ခွပ်ဒေါင်းသံတွေ အတွက်၊ အသက်ပေး လှုသွားသည့် ဒီမို အာဇာနည်တွေ အတွက် ၊ကြံကြံခံ တိုက်ပွဲဝင်ကြရမည်။ ဦးတည်ချက် ပန်းတိုင် (အနိမ့် ဆုံး ဆွေးနွေးပွဲ) အထိတက်လှမ်းရန်လမ်းကြောင်းတခုထဲတွင်နအဖအားတိုက်ပွဲဝင်နေချိန်အခြား လမ်းကျဉ်း မှနအ ဖ နှင့် သွားပေါင်းချင်သည့် ဖေါက်ပြန်ရေး သမားများကို ပိတ်ဆို့တားဆီးရာတွင် ယခုအချိန် သည် ဘာလုပ်လုပ် တရားသည်။

ဒါကျွန်ုပ်တို့ဆောင်ပုဒ်တခုဖြစ်သည်........။ ။

("စစ်ဦးစီးချုပ်" သည် နိုင်ငံတော်ရဲ့ အထက်၊ ဥပဒေရဲ့ အထက်၊ နိုင်ငံသား အားလုံးရဲ့ အထက်မှာ ရှိနေပြီး ပြည်သူ လူထု ဆန္ဒကိုလည်း အတင်း အဓမ္မ တောင်းခံ အတည် ပြုခဲ့သော နအဖ စစ်အစိုးရ၏ 'ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ (၂ဝဝ၈)' ကို ကျနော်တို့ လုံးဝ လက်မခံနိုင်ပါ။ ထို့ကြောင့် ထိုအခြေခံ ဥပဒေနှင့် နောက်ဆက်တွဲ ဆောင်ရွက်မှု အဆင့်တိုင်းကို နည်းလမ်း ပေါင်းစုံဖြင့် ဆန့်ကျင် တိုက်ဖျက်သွားမည် ဖြစ်သည်။) http://www.yeyintnge.com/2009/04/letter-to-tin-htoo-regarding-udp.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်