(ဆောင်းပါး)
ဧပြီလ(၂၀) ရက်၊ ၂၀၀၉
ဗမာပြည်နိုင်ငံရေးသမိုင်းတလျှောက်မှာ သူများတွေ တွေ့ရှိတဲ့၊ အထူးသဖြင့် အနောက်နိုင်ငံတွေက တွေ့ရှိတဲ့ သဘောတရား တွေကို ဗမာပြည်နိုင်ငံရေးထဲ အတင်းသွတ်သွင်းလာတာတွေ မကြာခဏတွေ့ရတတ်ပါတယ်။ ဒါကိုလုပ်သူတွေကတော့ အင်္ဂလိပ်စာဖတ်တတ်တဲ့ ပညာတတ်သူတွေပဲဖြစ်ပါတယ်။
ဒီလိုသွတ်သွင်းလာတဲ့ အယူအဆတွေဟာ ကိုယ့်နိုင်ငံက လက်တွေ့အခြေအနေနဲ့ ကိုက်ညီတာလည်းရှိ၊ မကိုက်ညီတာ လည်း ရှိလို့ဆို ရမှာပါ။ တချို့များဆိုရင် တခေတ်က မန္တလေးကအငြိမ့်မင်းသမီးတွေ သီဆိုလေ့ရှိသလို “ဦးသူယူ” ဆိုသလိုမျိုးတောင်၊ သူ့ထက်ငါဦးလုပ် နေ ကြတာ ဖြစ်ပါတယ်။
ဒီလိုသွတ်သွင်းလာတာတွေအထဲက အခုနောက်ဆုံး သယ်ဆောင်လာကြတဲ့ အယူအဆတခုကတော့ ဖြစ်တည်မှု အကျပ်အတည်း ဆိုတာပါပဲ။ ဒီလို စကားလုံးကြီးကြီးနဲ့ တွယ်လိုက်တာနဲ့ တဆက်တည်းမှာ ဒီချုပ်ကိုတိုက်ခိုက်ချင် နေပြီး ဘာနဲ့ တိုက်ခိုက်ရ မှန်းမသိ ဖြစ်နေသူတွေ၊ အပြစ်ပုံချလိုသူတွေနဲ့ နအဖကို မျက်နှာလုပ်လိုသူတွေ အများ အပြားဟာ ဒီလေသံအတိုင်း နောက်က လိုက်ပြောကြ တာကိုလည်း တွေ့ရပါတယ်။
အဲဒီလိုနိုင်ငံခြားကနေ ကိုယ့်နိုင်ငံနဲ့ဆိုင်မှန်းမသိ၊ မဆိုင်မှန်းမသိ ဆွဲယူလာတဲ့ ဒီအသုံးအနှုန်း အယူအဆကို ခေါင်းပေါ်ကနေ စွပ်ချပေး တာ ခံလိုက်ရသူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲဖြစ်ပါတယ်။ ဒီချုပ်အနေနဲ့ ဘာမှပြန်ပြောခွင့်မရှိတဲ့အခြေအနေကို အခွင့်ကောင်း ယူပြီး ဒီလိုတံဆိပ်တပ်ပေးလိုက်တာဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်အသက်ရှင်ရပ်တည်မှုအတွက် (အာဏာတည်မြဲရေးအတွက်) အမျိုးမျိုး ကုတ်ကပ်၊ ညစ်ပတ်ရမ်းကားနေရတဲ့၊ အာဏာရနေပါလျက်နဲ့ အခုအချိန်အထိ ရွေးကောက်ပွဲဥပဒေ မကြေညာနိုင်သေးတဲ့ နအဖစစ် အစိုး ရကိုကျတော့ ဖြစ်တည်မှု အကျပ်အတည်းဆိုက်နေတယ်လို့မပြောဘဲ ဘာဖြစ်လို့ နအဖရဲ့ ဖိနှိပ်မှုမျိုးစုံကို အနှစ် နှစ်ဆယ်ကျော် အလူး အလှိမ့် ခံရင်း ရပ်တည်နေသူတွေကိုမှ ဒီလိုခြယ်မှုန်းပြတာလဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက ချေမှုန်းတော့မှာကို သူတို့က သိနေလို့များလားရယ်လို့တောင် စဉ်းစားစရာဖြစ်နေပါတယ်။
တကယ်ကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်းပဲပြောပြော၊ စစ်အစိုးရအကြောင်းပဲပြောပြော၊ ဟိုတုန်းကနဲ့အခု အခြေအနေ တွေ မတူတော့တာကို မထည့်သွင်း၊ မစဉ်စားလို့ မဖြစ်ပါဘူး။ ၁၉၈၈-၉ဝ ကာလနဲ့ ဒီနေ့ မတူတာတွေအများကြီး ရှိနေပါတယ်။ ၁၉၈၈-၉ဝ ကာလတုန်းက လူထုမှာရော ရှေ့တန်းက လှုပ်ရှား သူတွေမှာပါ တက်ကြွမှုအပြည့် ရှိနေကြပါတယ်။ သူတို့ရဲ့ ခေါင်းထဲမှာလို့ ပြောရမလား၊ ရင်ထဲမှာလို့ပြောရမလား၊ “ထိုးစစ်စိတ်ဓာတ်” နဲ့ “အောင်ပွဲခံစိတ်ဓာတ်” တို့ မြဲမြဲမြံမြံကိန်းအောင်းနေပါတယ်။
အာဇာနည်တွေရဲ့မျက်နှာတွေလည်း မျက်စိထဲကမထွက်သေးတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် မိုးကိုတက်ပြီးဒူးနဲ့ တိုက်ရဲတယ်ဆိုတဲ့ သတ္တိ မျိုးတွေ့ဖို့ဝေးနေတဲ့အချိန်လည်းဖြစ်ပါတယ်။ တဖက်မှာကြည့်လိုက်ပြန်တော့လည်း မဆလဟာ အလဲထိုးခံသွားရပြီး နဝတဟာ ခံစစ်ရောက်နေတယ်ဆိုတာကိုလည်း အရှင်းသား မြင်တွေ့နေကြရပါ တယ်။ ဗိုလ်စောမောင်ကို တင်လိုက်တာကိုက အငှားဗိုက်နဲ့ ဓားထိုး ခံလေသလားလို့ တွေးတောနေကြတဲ့အချိန်ဖြစ် ပါတယ်။
အဲဒီအချိန်မှာ နဝတတက်လာပုံကိုပဲ ပြန်စဉ်းစားကြည့်ပါ။ နဝတဟာ အလံတလူလူ၊ အောင်စည်အောင်မောင်းတွေ တီးပြီး ထွက်လာတာ မဟုတ်ပါဘူး။ “အာမခံချက်တွေ” (ကတိတွေ) အမျိုးမျိုးပြောပြီး ထွက်လာတာဖြစ်ပါတယ်။ ပါတီဝင် သန်းဂဏန်း ရှိတယ်ဆိုတဲ့ မဆလ ပါတီ ကိုလည်းဖျက်သိမ်းပေးရ၊ လူဦးရေရဲ့ (၉၄) ရာခိုင်နှုန်းကျော်က အတည်ပြုခဲ့ ပါတယ်ဆိုတဲ့ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေကိုလည်း ဖျက်သိမ်းပေးခဲ့ရပါတယ်။ ဒါ့အပြင် ဗိုလ်စောမောင်က ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ စစ်တပ်ဟာ စစ်တန်းလျား (နေရာမှန်) ကို ပြန်ပါ့  မယ် လို့လည်း ကတိပေးနေရပါတယ်။ အခြေခံဥပဒေအသစ်ကို ကျုပ်တို့ စစ်တပ်က မရေးဘူး၊ တရားခံဖြစ်လိမ့်မယ်၊ ခင်ဗျားတို့ပဲ ရေးကြလို့ ပြောနေရတဲ့ အနေအထားလည်းဖြစ်ပါတယ်။
အဲဒီလို လူထုအရှိန်သိပ်မြင့်နေချိန်မှာ စစ်အုပ်စုကို ကပ်ဖားရပ်ဖား လုပ်လိုတဲ့လူတွေလည်း ခေါင်းမထောင်ရဲပါဘူး။ အဲဒီလို အနေအထား မှာ ကြံ့ဖွံ့ဖွဲ့လို့မရပါဘူး။ နောက်ပြီး အခုပေါ်ပေါက်လှုပ်ရှားနေတဲ့ ပေါက်တတ်ကရ အဖွဲ့အစည်းတွေလည်း ခေါင်းမပြူရဲပါဘူး။ အဲဒီတုန်းက သာ ဖြစ်တည်မှုအကျပ်အတည်းဆိုတာကို အသံဟလိုက်ရင် နဝတအစိုးရဟာ ဒါငါတို့ကို ပြောတာပဲဆိုပြီး ဆွဲစေ့လိုက်မှာသေချာပါတယ်။
ဒါပေမယ့် အခု ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်တော့မယ့်အချိန်မှာ ကျတော့ အနေအထားတွေဟာ အားလုံးလိုလို ပြောင်းပြန်ဖြစ် နေပါတယ်။ သူတို့စိတ်ကြိုက်ရေးပြီး မဲလိမ်မဲခိုးကာ လူထုကိုဓားမိုးအတည်ပြုခိုင်းထားတဲ့ အခြေခံဥပဒေကို သိဒ္ဓိတင်ပေးဖို့လုပ်မယ့် ရွေးကောက်ပွဲ တရပ်အတွက် တာစူနေချိန်ဖြစ်ပါတယ်။ သူတို့အနေနဲ့ လူထုကို “ငြိမ်ဝပ်ပိပြား” အောင်လည်းလုပ်ပြီးနေပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုလည်း အတောင်အလက်ချိုးပြီးထားပါပြီ။ အိုမင်းမစွမ်း ဖြစ်နေတဲ့ ခေါင်းပိုင်းပဲချန်ထားပြီး တက်တက်ကြွကြွ လှုပ်ရှားသူတွေကို ခြေချုပ်၊ အကျယ်ချုပ်၊ ထောင်ချုပ်တွေနဲ့ ချုပ်ချယ်ထားပါတယ်။ (ဒီလိုအခက်အခဲတွေကြုံတွေ့နေတာကို ဖြစ်တည်မှု အကျပ်အတည်း ဆိုက်နေတာလို့ ပြောလေသလား မသိပါ)။ မတရားသင်းကြေညာထားတဲ့ အဖွဲ့တွေလည်း များသထက် များလာ နေတာကို အားလုံး သတိပြုမိကြမှာပါ။ ဒါသာမက ၁၉၈၈-၉ဝ တုန်းက တက်ကြွလှုပ်ရှားသူ အများအပြားဟာ အခုအခါမှာ ပြည်ပကို ကြဲကွဲရောက်ရှိနေကြ ပါတယ်။ နောက်ပြီး တစည်းတလုံးထဲလည်း မရှိကြပါဘူး။
ဒီလိုအခြေအနေတွေအောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖြစ်တည်မှုအကျပ်အတည်း တွေ့နေတယ်လို့ ပြောနေတဲ့ ပုဂ္ဂိုလ်တွေ ဟာ အဲဒီလိုအခက်အခဲကိုထောက်ရုံတင်မကပဲ အဲဒီကထွက်လမ်းအနေနဲ့ နအဖရဲ့ ရွေးကောက်ပွဲကို ဝင်ဖို့လည်း နတ်လမ်းညွှန်လုပ်နေပါ တယ်။ ဒါကိုမှ လက်တွေ့ကျတယ်လို့ ဆိုသူကလည်း ဆိုပါတယ်။ အမှန်ပြောရရင် ဒါဟာကျားလှောင်အိမ်ထဲကို ကျားစာအဖြစ်ခံ ဖို့ “ကိုယ့်ဆန္ဒအရ” အဝင်ခိုင်းနေတာပါ။ မြေခွေးအမြီးပြတ်က သေဖော်ညှိတာလို့လည်း ဆိုနိုင်ပါတယ်။
တကယ်က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲလုပ်ပြီးခဲ့တာဟာ အနှစ်(၂ဝ) ရှိပါတော့မယ်။ မင်းမှာသစ္စာ၊ လူမှာကတိလို့ အဆိုရှိပေမယ့် အာဏာ ကိုလက်မလွှတ်လိုတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ သစ္စာလည်းလုံးဝမရှိ၊ ကတိလည်း လုံးဝမတည်တာကို တွေ့ခဲ့ကြရပါပြီ။ သူတို့ဟာ ကလေး တွေကစားသလို “ရွှေတံခါးကြီးဖွင့်ပါအုန်း” ဆိုတာမျိုးနဲ့ လူထုကို အမျိုးမျိုးလှည့်စားလို့သာနေတယ်။ ပြောရရင် သူတို့ ဘာလုပ်နေ တယ်ဆိုတာကို ပြည်တွင်းပြည်ပက လူတိုင်းသိပါတယ်။ အခုသူတို့ကို ထောက်ခံနေတဲ့၊ ဆန့်ကျင်လေသံမဟဝံ့တဲ့၊ ရွေးကောက်ပွဲဝင်ပြီး မိုးခါးရေ သောက်ဖို့ တိုက်တွန်းနေတဲ့ လူတွေတောင် သိပါတယ်။ စစ်အုပ်စုရဲ့ သစ္စာဟာ ဘယ်လိုဟာမျိုးဖြစ်တယ် ဆိုတာ ဒီနိုင်ငံမှာ ကလေးတောင်မှသိပါတယ်။
မနိုင်ရင်အရှုံးပေးပြီး ဝင်ရောလိုက်ဆိုတဲ့အယူအဆဟာ စံကျတဲ့အရှုံးပေးရေးအယူအဆတမျိုး ဖြစ်ပါတယ်။ ဒါဟာအဆင့်နိမ့် သတ္တဝါတွေ ရဲ့ စဉ်းစားနည်းမျိုးသာဖြစ်ပါတယ်။ နိုင်မယ်ထင်ရင် မာန်ဖီပြ၊ ရှုံးမယ်ထင်ရင် သွားဖြီးပြပြီး အမြီးကုတ်သွား တာဟာ သူတို့ရဲ့ အလေ့အ ကျင့်ပါ။ ရှစ်လေးလုံးအရေးတော်ပုံ အရှိန်မြင့်နေတုန်းက တက်ကြွ၊ လက်သီးလက်မောင်း တန်းခဲ့ပြီး၊ အခု နအဖက ပွဲကြမ်းနေတဲ့အခါ မှာကျတော့ ရွှေပြည်အေးတရားတွေ ဟောနေသူတွေကို “အမြင်မှန်ရသူတွေ” လို့ ခေါ်နိုင်ပါသလား။ နအဖကို ဆက်လက်ဆန့်ကျင် နေတာဟာ “လက်တွေ့မကျဘူး” လို့ ဆိုသူတွေကို လက်တွေ့က သင်ခန်းစာပေးပါလိမ့်မယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တချို့လူတွေလို ရွေးကောက်ပွဲမှာ သူဌေးဖြစ် ခွေးဖြစ် ဝင်အောလို့မဖြစ်ပါ ဘူး။ ၁၉၉ဝ ခုနှစ်တုန်းက ဦးနုဟာ စစ်တပ်ဟာ သူ့ဆီက အာဏာလုသွားတယ်လို့ ပြောစရာရှိပေမယ့် ရွေးကောက်ပွဲမှာ ဒီငြိမ်းအဖွဲ့ ဝင်လိုက်တော့ အရှက်ကွဲသွား ရတဲ့ သင်ခန်းစာရှိပါတယ်။ လူတွေ၊ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် နိုင်ငံရေးအဖွဲ့အစည်း တွေမှာ နောက်ကြောင်းသမိုင်း ရှိကြတဲ့အလျောက် သမိုင်းကပေးထားတဲ့ တာဝန်တွေ၊ လုပ်ငန်းတွေကို ထမ်းဆောင်ရ ပါသေးတယ်။ ဒီလိုဆိုတဲ့အတွက် အခြေအနေသစ်တွေက ပြဋ္ဌာန်းတဲ့ လုပ်ငန်းတွေကို မလုပ်ရဘူးလို့ မဆိုလိုပါဘူး။ အဲဒီနှစ်ရပ်စလုံးကို ပေါင်းစပ်ရမှာဖြစ်ပါတယ်။ သမိုင်းရှည်ကြာလေ၊ ထောက်ထားရတာ များလေလို့ ဆိုရင်မမှားပါဘူး။
မှန်ပါတယ်။ သူတို့မှာ အခက်အခဲကြီးပါတယ်။ အခုအခါမှာ သူတို့ရဲ့အခက်အခဲဟာ လူထုရဲ့ အခက်အခဲလို့လည်း ပြောနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဒီချုပ်အခက် ငါတို့အချက်ဆိုပြီး ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ဖို့ တက်ကြွနေသူတွေ မိုးကျလို့ မှိုထွက်သလို ပေါ်ထွက်နေပါတယ်။ နအဖ ထားရာမှာ ထားသလိုနေမယ်လို့ ဆုံးဖြတ်ထားသူတွေအတွက် တော့ လတ်တလောအားဖြင့် ဖြစ်တည်မှု အခက်အခဲမရှိသေးတာ သေချာပါတယ်။ http://www.khitpyaingnews.org/articles/April_09/20-4-09c.php
Monday, April 20, 2009
ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ခြေရှုပ်စပြုလာပြီ (ဖိုးသံချောင်း)
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
-
▼
April
(446)
No comments:
Post a Comment