အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေးလုပ်ငန်းများတွင် သံဃာတော်များလည်း ပူးပေါင်းပါဝင်
by Seagull on Mon 06 Apr 2009 23:19 MMT | Permanent Link
အိတ်ခ်ျအိုင်ဗွီနှင့် အတူနေသူများကို စိတ်ဓါတ်မြင့်တင်ခြင်းနှင့် ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် ဘာသာတရား အားထုတ်ပွားများ နိုင်စေ ရန် ရဟန်း၊ သံဃာများကလဲ ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ကြောင်း ရတနာ့မေတ္တာအဖွဲ့နှင့် ယူနီဆက်တို့ ပူးပေါင်းဆောင်ရွက် သည့် “ဗုဒ္ဓယဉ်ကျေးမှု အခြေပြု အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စစ် ကာကွယရေးနှင့် ပြုစုစောင့်ရှောက်ရေးသင်တန်းသို့ တက်ရောက် ခဲ့သည့် ဆရာတော် ဘဒ္ဒန္တဝိဇယ ကတိုက်တွန်း မိန့်ကြားခဲ့သည်။
ယင်းသင်တန်းကို ဧပြီလ ၂၄ရက်မှ ၂၈ရက်အထိ မန္တလေးမြို့ ဖေါင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးပညာသင်ကျောင်း တွင် ဖွင့်လှစ် ခဲ့ပြီး ကျောင်းတိုက်ပေါင်း ရှစ်တိုက်မှ သံဃာတော်ရှစ်ပါး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
“ဒေသတွင်း ကျရောက်နေသည့် အိတ်ခ်ျအိုင်ဗွီ ဆိုးကျိုးများကို သံဃာတော်များမှတစ်ဆင့် ဝိနည်းတော်အတွင်း လျော့နည်းအောင် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ အကောင်အထည်ဖေါ်ရန်” ဟူသော စီမံချက်အတိုင်း ယင်းသင်တန်းကို ပို့ချခဲ့ခြင်းဖြစ်သည်။
အဆိုပါသင်တန်းတွင် အိတ်ခ်ျအိုင်ဗွီနှင့် အတူနေသူများ ယင်းတို့၏ ကလေးငယ်များနှင့် မိသားစုများအား ပတ်ဝန်းကျင် လူ့အသိုင်းအဝန်း က ဝိုင်းပယ်ခြင်း ခံနေရပါက သံဃာတော်များ၊ သီလရှင်များအနေဖြင့် ထိုသို့ အမြင်စောင်း နေကြသူများအား ဂရုဏာထားပြီး ကြင်နာစွာ ဆက်ဆံရန် သင်ကြားပေးရန်နှင့် အိတ်ခ်ျအိုင်ဗီနှင့် အတူနေသူများ အိမ်သို့သွားကာ အားပေးစကားများ ပြောကြားခြင်း တရာဟောခြင်း ကျန်းမာရေးအတွက် မေတ္တာသုတ် ဗောဇ္ဈင်္ဂသုတ် အပါအဝင် ပရိတ်တရားများရွတ်ဖတ်ခြင်းများ ပြုလုပ်ပေးကြရန် သံဃာတော်များအား သင်ကြားပြသပေးခဲ့သည်။
အိတ်ခ်ျအိုင်ဗီ၊အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးလုပ်ငန်းများအတွက် သာသနာ့ဝန်ထမ်းနှင့် သာသနာရေးဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်ဆောင် ရွက် စေခြင်းမှာ ယင်းတို့အား အဆင့်အတန်းခွဲခြားမှု နှိမ့်ချဆက်ဆံမှု ပပျောက်စေခြင်း ခေါင်းဆောင်မှုပေးနိုင်ခြင်း ဝေဒနာရှင်တို့အား ဘဝကူကောင်းရန် လမ်းညွှန်ပေးခြင်းအပြင် လိုအပ်သော ရန်ပုံငွေများ ရှာဖွေပေးနိုင်ခြင်းကြောင့်ဖြစ်သည်။
“ခုခေတ်မှာ ရောဂါတွေ ထူပြောလာတယ် ဒီရောဂါတွေ ဘာ့ကြောင့်ထူသလဲလို့ ဘုန်းကြီးမြင်တဲ့အတိုင်း မိန့်ရရင် လူသားတွေရဲ့ အကျင့်ပျက်ပြားမှုနဲ့ အာဟာရပိုင်းဆိုင်ရာ ချို့ယွင်းလာပြီး စစ်မှန်တဲ့ အာဟာရမဖြစ်မှုတွေ ရှိလာလို့ဘဲလို့ ဘုန်းကြီးထင်တယ်”
“ဒီအထဲမှာ အရင်က မကြားဖူးခဲ့တဲ့ အိတ်ခ်ျအိုင်ဗွီ ဆိုတဲ့ရောဂါက ခုချိန်မှာ လူသားတွေကို ဒုက္ခအပေးဆုံးဘဲ။ ဒါကို ဗုဒ္ဓတရားနဲ့ အညီ ကံငါးပါးကို လုံအောင် ထိန်းမယ်ဆိုရင် ကာကွယ်တားဆီးနိုင်ပါတယ်” ဟုဆရာတော် ဦးဘဒ္ဒန္တဝိဇယ ကမိန့်ကြားသည်။
ထို့အပြင် ဆရာတော်က “ဘုန်းကြီးတို့ တရားဟောတဲ့ အခါမှာလဲ ကံငါးပါးကို လုံအောင်ထိန်းဖို့ ဒီလိုလူတွေကို ခွဲခြားမဆက်ဆံဖို့ အသိပေးတဲ့ အနေနဲ့ ထည့်သွင်းမိန့်ကြားရတယ်။ ဒီလူတွေကို သာမန်လူများနည်းတူ တရားအားထုတ် နိုင်အောင်လဲ စီစဉ်ပေးပါတယ်”
“မန္တလေးတိုင်းမှာ ဘုန်တော်ကြီး ပညာသင်ကျောင်း ၃၁၀ ခန့်ရှိပြီး ကျောင်းသား ခြောက်သောင်းကျော် ရှိပါတယ်။ ဘုန်းဘုန်းတို့ စလေ ကျောင်းတိုက်ဆိုရင် နှစ်ပေါင်း ၄၀ကျော်ပြီ။ ခုဒီ ဘုန်းတော်ကြီး ပညာသင်ကျောင်းက ဆရာတော်တွေကို ကျန်းမာရေး ပညာပေး သင် တန်း ပို့ချပေးတာဟာ အင်မတန် အကျိုးရှိပါတယ်။ အရင်ဘာသာရေး ပညာရေးအတွက် ဆောင်ရွက်နေရာကနေ အခုကျန်းမာရေးအတွက်ပါ ထပ်မံ တိုးချဲ့ ဆောင်ရွက်တော့မယ်” ဟုမိန့်ကြားသည်။
မြန်မာတိုင်း(မ်) ၁၁၊ ၅၊ ၂၀၀၇ သတင်းမှ
Wednesday, April 8, 2009
ဘုန်းဘုန်းတွေ မပါ..ဘယ်နေရာမှ အဆင်မပြေဖူး.
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
- ချိန်တန်ပြီ
- ဧပြီ ၂၁ ၂၀၀၉ သတင်း
- ဝတပ်မတော်ကြီးရဲ့ စစ်ရေးပြပွဲ
- Voice of Burma April 19 2009
- ဇိုယာဖန်ရေးသားတဲ့ သူ့ ဘဝအကြောင်း
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်...
- လူပျောက်ကြော်ငြာ
- ရုရှားနိုင်ငံသားတစ်ဦး၏ အဆုတ်တွင် ထင်းရှုးပင်ပေါက်ေ...
- ဘိုကလေးတွင် ဝမ်းရောဂါဖြစ်ပွားမှု အဆမတန်များပြားနေ
- ဇနီးကို မထီမဲ့မြင် လုပ်သည်ဟုဆိုကာ အရာရှိမှ ရွာသားက...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နိင်ငံရေးအကျဉ်းသား များအမြ...
- စစ်အစိုးရကို ပိုဖိအားပေးရေး အမေရိကန် လွှတ်တော်အမတ်ေ...
- ဂျပန်သတင်းထောက် အသတ်ခံရသည့် ပူလီဇာဆုရ ဓါတ်ပုံ သတင်...
- အဝေးရောက်သားတွေ ပြန်ဆုံနိင်ကြပါစေ
- အဖေ မရှိတော့ ပထွေးရှာမိတာပါ
- ငါ့ကို ကော်မရှင်သာပေးလေ..မင်းဘဲလုပ်ကိုင်စားစေ.
- လယ်ယာ သိမ်းပိုက်ခံနေရကြောင်း တိုင်းရင်းသား လူငယ်မျ...
- သမိုင်းကို ကိုယ်ကျိုး အတွက် အရောင်မဆိုးသင့်
- ပိုက်ဆံရရင် အကုန်လုပ်တယ်..ချောင်းရိုက်ပေးရမလား..အမ...
- ကောင်းကင်ခရီး ကြွချီနေတဲ့ ရဟန်းတော် တစ်ပါးပုံတော်ဖ...
- တက္ကသိုလ်ကျောင်းသားသမဂ္ဂ
- ကျော်သူရဲ့ ဆုတံဆိပ်
- Mr Creater ရဲ့ ထိုးနက်ချက်
- ဧပြီ ၂၀ ၂၀၀၉ သတင်း
- NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို
- နေပြည်တော် ကြပ်ပြေးကြက်ခြင်းထဲက ကြက်ဘယ်အတက်နဲ့ ခွပ...
- ကျွန်တော်လေးစားမြတ်နိုးအပ်တဲ့ ဆရာစိုင်းခမ်းလိတ် အခ...
- မုံရွာထောင်ထဲက တက္ကသိုလ်ကျောင်းသူ
-
▼
April
(446)
No comments:
Post a Comment