စီးပွားရေးကျဆင်းမှု့ဒဏ် ဗမာစစ်တပ် မရူ့မလှခံနေရ
စိုင်းအောင်
မြန်မာပြည်တွင် ယာဉ်ထိန်းပုလိပ်က ယာဉ်များကိုရပ်ခိုင်း၍ ငွေတောင်းယူခြင်းကို အဆန်းတကျယ်အဖြစ် သဘောမထားကြ သော်လည်း စစ်တပ်မှတပ်ထိန်းများက ယာဉ်များကိုတားဆီးကာ ငွေတောင်းယူသည်ကိုတော့ ထူးဆန်းမှု့တစ်ခုအဖြစ် မြင်တွေ့ ကြရမည်ဖြစ်သည်၊၊
ယခုအဖြစ်အပျက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေဆိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းတွင်ဖြစ်သည် ယခု ရက်ပိုင်းကမှ မြောက်ပိုင်းတိုင်း တပ်နယ်မြေအတွင်း လေယာဉ်ကွင်းရှေ့ဘက်နားရှိ မြစ်ကြီးနား-မန္တလေးသွားကားလမ်းမပေါ် တွင် တပ်ထိန်းဂိတ် နေရာ(၃)နေရာ ဖွင့်ကာ ဖြတ်သွားဖြတ်လာ ယာဉ်ကြီးယာဉ်ငယ်မှန်သမျကို တစ်စီးလျင် ကျပ်(၅၀၀) နူန်း ကောက်ခံ နေသည်၊၊
ဂိတ်ဖွင့်ထားသည့် လမ်းက အချက်အခြာကျသည် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့သာမက မြောက်ဖျားပိုင်းတနိုင်းနှင့် မိုးညှင်း မိုးကောင်း ဖားကန့် ရွေဘိုမြို့များကိုပါ ခရီးပေါက်သဖြင့် တစ်ရက်လျင်ယာဉ်ကြီးယာဉ်ငယ် အစီးပေါင်း ရာနှင့်ချီဖြတ်သွားကြောင်း ဒေသခံများကပြောသည်၊၊
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ထိုသို့ဂိတ်ဖွင့်ငွေကောက်စားနေသဖြင့် အမိန့်အရ တရားဝင်ကောက်ခံနေခြင်းဖြစ်ပုံရသည်ဟု ဒေသခံများက ယူဆကြသည်၊၊
ထိုအချင်းအရာကိုကြည့်ပြီး ခြစားယိုယွင်းနေသည့် နအဖအုပ်ချုပ်ရေးယနœရားကြီးတစ်ခုလုံးအပေါ် ယခုဖြစ်စဉ်များသည် သာမန်မျှ သာဖြစ်သည်ဟု ယူဆမည် ဆိုပါကယူဆနိုင်ပြီး နအဖအောက်ခြေရှိ တပ်ရင်းတပ်ဖွဲ့များသည် ကိုယ့်ပြသနာကို ကိုယ်တာဝန်ယူ ဖြေရှင်းရသည့် အနေအထားက ယခင်ကတည်းကရှိခဲ့သည်ဟု စောဒကတက်စရာရှိသည့်တိုင် ၄င်းအခြေအနေအား စစ်တပ် အတွင်း ငွေကြေးဆိုင်ရာအကြပ်အတည်း ဖြစ်ပေါ်နေသည့် ပြယုတ်တစ်ခုအဖြစ် ရူ့မြင်သူများလည်းရှိသည် ၊၊
မကြာသေးမှီကမှ နအဖသည် နာဂစ်မုန်တိုင်းဘေးသင့်ဒုက္ခသည်များရံပုံငွေအတွက်ဟု ဆိုကာ နယ်စပ်ဒေသများမှ တရားမ၀င် ခိုးသွင်းလာသည့် မော်တော်ဆိုင်ကယ်များကို တရားဝင်လိုင်စင်များ ပြုလုပ်ပေးခြင်းနှင့်ဖမ်းဆီးရမိသည့် မော်တော်ကားများအား လေလံတင်ရောင်းချ၍ အခွန်ဘဏ္ဍာကိုဖြည့်တင်း နေခြင်းက ၄င်းတို့၏ ငွေကြေးလိုအပ်ချက်ကို ဖေါ်ထုတ်ပြသလိုက်သည်၊၊
ယခုအခါ ထိုငွေရေးကြေးရေးအကြပ်အတည်းများသည် အောက်ခြေတပ်တွင်းမိသားစုများ၏ စားဝတ်နေရေးကို ရိုက်ခတ်လာပြီ ဖြစ်ကာအခက်အခဲ ပိုမိုကြုံတွေ့ လာရသဖြင့် ထုတ်ပြန်ထားသည့် အမိန့် စည်းမျဉ်းစည်းကမ်းနှင့်တာဝန်ဝတ္တရားများကို စိတ်ဝင်စား နိုင်ခြင်း မရှိကြတော့ပဲ ပြင်ပ၀င်ငွေရပေါက်ရလမ်းများကိုသာ ရှာကြံနေရသည်ဟု စစ်အရာရှိများနှင့်စီးပွားရေး အတူလုပ်နေသူ တစ်ဦးက ပြောသည်၊၊
တစ်လလျင် စစ်သားတစ်ဦးအတွက် ထောက်ပံ့ကြေးငွေ ကျပ်တစ်သောင်းနူန်း ထောက်ပံ့နိုင်ရန်အထက်ဌာနများက အတင်းအကြပ်
ဖိအားပေးထောက်ပံ့ခိုင်းနေသော်လည်း ၀င်ငွေရသည့် စီးပွားရေးလုပ်ငန်းများက အရင်လောက်မကောင်းတော့သဖြင့် ထောက်ပံ့နိုင် ရန် အခက်အခဲများရှိနေသည်ဟု ဆိုသည်၊၊
တပ်ရင်းရံပုံငွေရရှိစေရန် စစ်သည်တချို့ကို အပြင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားရပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရသူက
တစ်လလျင် ကျပ်(၃)သိန်းမှ(၅)သိန်းကြား တပ်ရင်းမှူးအားပေးသွင်းရပြီး တပ်ရင်းမှလည်း ရင်းရံပုံငွေထည့်ဝင်ရန် အာမခံချက် ပေးနိုင်သူများကို အပြင်စီးပွားရေးလောကတွင် လုပ်ငန်းများလုပ်ပိုင်ခွင့် ပေးထားရသည်၊၊
တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည် များသည် ၄င်းတို့လစာငွေထဲမှ လစဉ်ရာခိုင်နူန်းအချိုးကျဖြတ်တောက်ခံကြရကာ စစ်တပ်ပိုင် ဦးပိုင်လီမိ တက်သို့ ထည့်ဝင်ကြရသော်လည်း တပ်ရင်းရံပုံငွေကိုမူ တပ်ရင်းများကိုယ်တိုင်ရှာကြံကြရခြင်းဖြစ်သည် ၊၊ အဓိက ၀င်ငွေ ရသည့် လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို မဖြစ်မနေလုပ်ကြရပြီး မီးသွေးဖုတ်ထင်းခုတ်ဝါးခုတ် စသည့် လုပ်ငန်းများ ကိုပါဝင်ငွေ ရရှိရန် အလို့ငှာ လုပ်ကိုင်ကြရသည် ၊၊
တပ်မိသားစုများကလည်း အားအားမနေရတော့ပဲ ပြင်ပ၀င်ငွေရသည့်လုပ်ငန်းများဖြစ်သည့် (ပင်မင်း)အ၀တ်လျော်ခြင်း သန့်ရှင်းရေး လုပ်ခြင်း ဈေးရောင်းခြင်းများ အိမ်ဖေါ်လုပ်ခြင်းများ လုပ်ကိုင်ခိုင်းလာရသည် ၊၊ ထိုသို့ပင်ပန်းဆင်းရဲကြီးစွာလုပ်နေရသည့် တိုင်ဝမ်း မ၀ခါး မလှနိုင်ပဲ ဖြစ်နေကြရသည်၊၊
မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတစ်လျောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်မိသားစုများသည် ဒေသခံများ၏ ကျွဲနွားများကိုခိုးယူ သတ်ဖြတ် စားသောက်ကြကာ တချို့ကအသားခြောက်များလှမ်း၍ မြစ်ကြီးနားဈေးကြီးတွင် ဆတ်သားခြောက် ဟု လိမ်လည် ရောင်းချသည် အထိ သောင်းကျန်းလာကြသည် ၊၊
ယခုပို၍ သိသာလာသည်က တရားမ၀င်မှောင်ခိုကုန်ပစ္စည်းများ တင်သွင်းမှု့တွင် ဗိုလ်မှူးအဆင့်များကိုယ်တိုင် ပါဝင်လုပ်ကိုင်လာကြ
သည် ထော်လာဂျီ ဆိုင်ကယ် ၀စ်သောက်ကား စက်ပစ္စည်းများအပြင် ကျောက်စိမ်း သစ်နှင့်အခြားကုန်ပစ္စည်းမျိုးစုံခိုးသွင်းခိုးထုတ် ရာတွင် ယခင်က အရပ်သားကိုယ်စားလှယ်များက လမ်းကြောတစ်လျောက် ဂိတ်အသီးသီးကို တာဝန်ခံညှိပေးသည့်လုပ်ငန်း နေရာတွင် ယခုစစ်ဘက်အရာရှိများကိုယ်တိုင် လုပ်ကိုင်လာကြခြင်းဖြစ်သည်၊၊
ဗိုလ်မှူးများ မှောင်ခိုလောကတွင်နေရာဝင်ယူလာသဖြင့် ယခင်မှောင်ခိုလုပ်ငန်းဖြင့် စားပေါက်ချောင်ခဲ့သည့် အရပ်သားစီးပွားရေး လောကသားများ ဘုံပျောက်ဘ၀ရောက်သွားကြလေပြီ မှောင်ခိုစစ်တပ်အရာရှိများက လမ်းကြောရှင်းရာတွင် ၀န်ထမ်း အချင်းချင်း ဖြစ်သည်ကတစ်ကြောင်း စစ်ဘက်ပါဝါရှိသည်ကတစ်ကြောင်း ပို၍အဆင်ပြေ ချောမွေ့ကြောင်းလည်း သိရသည်၊၊
တရုတ်ထော်လာဂျီတစ်စီး မနœလေးထိသွားမည်ဆိုလျင် မြန်မာကျပ်ငွေသိန်း(၂၀)ခန့်ပေးကျွေးရကြောင်းလည်း စီးပွားရေးသမားများ က ပြောသည်၊၊ ထိုသို့ အပြင်စီးပွားရေးလောကနှင့်ထိစပ်လာသည့် စစ်ဗိုလ်စစ်သားများက တပ်တွင်းတွင်ကျန်ရစ်ခဲ့ကြသည့် ဘ၀တူစစ်သားများနှင့် အစစအရာရာ ကွာခြားသွားကြသည် ဘီယာလေးတမျှမျှ မိုဘိုင်းဖုန်းတကားကားလုပ်ကာ အလုပ်ကို လက်ကြောတင်းအောင် မလုပ်လိုသူများဖြစ်လာပြီး ရရှိသည့်ဝင်ငွေဖြင့် ပြင်ပလောကတွင် တိုက်ဆောက် စီးပွားရေးလုပ်ငန်းများ ထူထောင် ထားကြသည် ၊၊
အထက်ဌာနများနှင့် နားလည်မူ့ယူ၍ စီးပွားရေးလုပ်ကိုင်ခွင့်ရသူများက ပေါ်ပေါ်ထင်ထင်လုပ်ကြသလို လုပ်ပိုင်ခွင့်မရှိသူများကလည်း အောက်လမ်းနည်းဖြင့် ၀င်ငွေရှာကြသည် ၊၊သစ် နွား ဘိန်းမှောင်ခိုသမားများနှင့် ရွေကျင်းကျောက်ကျင်းများတွင် တရားမ၀င် အခွန်များ နည်းမျိုးစုံနှင့် ကောက်ခံကာ စစ်အရာရှိတချို့သည် ကျိကျိတက်ချမ်းသာနေကာ ရာထူးစည်းစိမ်တွင် အဆီယစ် နေကြတော့သည် ၊၊
နယ်စပ်ဒေသများရှိ အောက်ခြေစစ်သည်များကတော့ တရုတ်နယ်စပ်မှလာသည့် ကုန်ကားကြီးများ ထော်လာဂျီများ ဆိုင်ကယ် သမားများနောက်သို့ အုပ်စုဖွဲ့၍ ရှေ့မှတစ်မျိုး နောက်မှတသွယ် လိုက်လံငွေတောင်းရမ်းကြရသည် ၊၊တပ်တွင်းတချို့မိသားစုများက
တော့ ဘော်လုံးပွဲ ၂လုံး ၃လုံးဟုခေါ်သော လောင်းကစားများတွင် ဒိုင်ခံခြင်း ကိုယ်စားလှယ်လုပ်ခြင်းဖြင့် ၀င်ငွေရှာကြရသည်၊၊
စစ်တပ်ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွေအပါအ၀င် နအဖစစ်ကောင်စီဝင်ဆွေမျိုးမိသားစု အသိုင်း အ၀ိုင်းက တစ်နိုင်ငံလုံး၏ စီးပွားရေး လုပ်ငန်းကြီးများကို လက်ဝါးကြီး အုပ်ဝါးမြိုထားသဖြင့် တိုင်းပြည်နှင့်ပြည်သူလူထု တစ်ရပ်လုံး က မွဲတေဆင်းရဲတွင်းနက်နေသည့်တိုင် ၄င်းတို့က မတရားရယူထားသည့် ရာထူးစည်းစိမ်တွင် ဇိမ်တွေ့လျက်ရှိနေကြသည် ၊၊
စစ်ဗိုလ်ချုပ်များ၏ အာဏာကို အကာအကွယ်ပေးရန် အဓိကထောက်တိုင်အဖြစ်သတ်မှတ်ခြင်းခံထားရသည့် အောက်ခြေ တပ်သားထုနှင့်မိသားစုများမှာ စစ်သူတောင်းစားများဘ၀ ရောက်ရှိသွားသည့်တိုင် စစ်ဗိုလ်ချုပ်ကြီးများကတော့ တိုင်းပြည် စီးပွား ရေး တိုးတက်နေကြောင်း ဆက်လက်လိမ်ညာဝါဒဖြန့်နေဆဲဖြစ်သည် ၊၊သျှမ်းသံတော်ဆင့် သတင်းဆောင်းပါး မှ
Tuesday, April 14, 2009
ဆက်ကြေးကောက်တဲ့ နအဖ။ စစ်တပ်ထဲ မှာ ငတ်နေကြပြီ
Labels:
မျှဝေခြင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
- ချိန်တန်ပြီ
- ဧပြီ ၂၁ ၂၀၀၉ သတင်း
- ဝတပ်မတော်ကြီးရဲ့ စစ်ရေးပြပွဲ
- Voice of Burma April 19 2009
- ဇိုယာဖန်ရေးသားတဲ့ သူ့ ဘဝအကြောင်း
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်...
- လူပျောက်ကြော်ငြာ
- ရုရှားနိုင်ငံသားတစ်ဦး၏ အဆုတ်တွင် ထင်းရှုးပင်ပေါက်ေ...
- ဘိုကလေးတွင် ဝမ်းရောဂါဖြစ်ပွားမှု အဆမတန်များပြားနေ
- ဇနီးကို မထီမဲ့မြင် လုပ်သည်ဟုဆိုကာ အရာရှိမှ ရွာသားက...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နိင်ငံရေးအကျဉ်းသား များအမြ...
- စစ်အစိုးရကို ပိုဖိအားပေးရေး အမေရိကန် လွှတ်တော်အမတ်ေ...
- ဂျပန်သတင်းထောက် အသတ်ခံရသည့် ပူလီဇာဆုရ ဓါတ်ပုံ သတင်...
- အဝေးရောက်သားတွေ ပြန်ဆုံနိင်ကြပါစေ
- အဖေ မရှိတော့ ပထွေးရှာမိတာပါ
- ငါ့ကို ကော်မရှင်သာပေးလေ..မင်းဘဲလုပ်ကိုင်စားစေ.
- လယ်ယာ သိမ်းပိုက်ခံနေရကြောင်း တိုင်းရင်းသား လူငယ်မျ...
- သမိုင်းကို ကိုယ်ကျိုး အတွက် အရောင်မဆိုးသင့်
- ပိုက်ဆံရရင် အကုန်လုပ်တယ်..ချောင်းရိုက်ပေးရမလား..အမ...
- ကောင်းကင်ခရီး ကြွချီနေတဲ့ ရဟန်းတော် တစ်ပါးပုံတော်ဖ...
- တက္ကသိုလ်ကျောင်းသားသမဂ္ဂ
- ကျော်သူရဲ့ ဆုတံဆိပ်
- Mr Creater ရဲ့ ထိုးနက်ချက်
- ဧပြီ ၂၀ ၂၀၀၉ သတင်း
- NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို
- နေပြည်တော် ကြပ်ပြေးကြက်ခြင်းထဲက ကြက်ဘယ်အတက်နဲ့ ခွပ...
- ကျွန်တော်လေးစားမြတ်နိုးအပ်တဲ့ ဆရာစိုင်းခမ်းလိတ် အခ...
- မုံရွာထောင်ထဲက တက္ကသိုလ်ကျောင်းသူ
-
▼
April
(446)
1 comment:
စစ်တပ်တပ်ရင်းတွေမှာ အရင်တုန်းကလို ရိက္ခာတွေ မချပေးပါဘူး ကိုယ်တိုင် စပါးစိုက် ပြီးတော့ စားသုံးရပါတယ်..ကိုယ်မစိုက်နိုင်ရင် ကိုယ့်တပ်က မိသားစုဝင်တွေငတ်မှာပဲ..ငတ်လို့ အထက်ကလည်းလာကြည့်မှာမဟုတ်ဘူး...ကိုယ်တိုင်စိုက် ပြီးတော့ စားပဲ...ဘာမှလစာမရတဲ့ ရဲမေတွေရဲ့ဘ၀ဟာ ခါးသီးလှပါတယ်..ယောင်္ကျားစစ်သည်ရဲ့ မျက်နှာလေးရှိလို့ တပ်တွင်းမှာ နေပြီးတော့ တပ်ကခိုင်းတဲ့ အရာတွေကို မိန်းမသားတွေနဲ့မတန်အောင်လုပ်ရပါတယ်..စပါးစိုက်ဆိုလည်း သူတို့ စပါးရိတ်ဆိုလည်းသူတို့ တပ်တွင်း သန်းရှင်းရေးဆိုလည်း သူတို့...အောက်ခြေစစ်သား ရဲမေတွေရဲ့ဘ၀ဟာ သနားစရာကောင်းလှပါပေတယ်...အရာခံဗိုလ် ဒုအရာခံဗိုလ်တွေထိက အဆင်ပြေကြပါတယ် အဲဒီအဆင့်တွေရဲ့အောက်ကတော့ တပ်တွင်းမှာ ဆင်းရဲမှုပေါင်း သရဖူဆောင်းနေရတုန်းပါပဲ :D
Post a Comment