Sunday, September 13, 2009

အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး

အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို ထောက်ခံ လှုပ်ရှားတဲ့ လှုပ်ရှားမှု အနေဖြင့် “၂၀၁၀ ခုနှစ် နအဖ ရွေးကောက်ပွဲ အလိုမရှိ” ပို့စကဒ်နဲ့ “ဒေါ်အောင်ဆန်းစုကြည့် နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး” ပို့စကဒ် RSM ၊ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးမှ ထုတ်ပြန်သော ကြေငြာချက် ဖြစ်သည့် သစ္စာ အဓိဌာန် ကြေငြာချက် များအား အများပြည်သူ သိရှိစေရန် ဖေါ်ပြခဲ့သော လှုပ်ရှားမှုအား အောက်ပါ အတိုင်း တွေ့ရှိ ရပါသည်။

မြန်မာ ပြည်သူ လူထု နှင့် သံဃာတော်များ အနေဖြင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးတွင် တစ်ပေါင်းတစ်စည်း ပါဝင် ဆင်နွဲကြရန် ယခု လှုပ်ရှားမှု ပြုလုပ်သော မြေသြဇာ အဖွဲ့မှ နှိုးဆော် တိုက်တွန်း ထားပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်