Wednesday, September 30, 2009

ဝန်မင်းတို့ ၏ ဇာတ်သိမ်း..

ညကြီးသန်းခေါင်..နယူးယောက်
East Gate ဟိုတယ် အပေါ်က အခန်းတခန်း
တီးတိုးသံနဲ့  ဒီပုံပြင်က စတယ်။

“ညီလေးဥာဏ်ဝင်းရေ…ထ..ထ..
ရှူးတိုးတိုး..အသံမထွက်စေနဲ့ .
အပြင်ဘက်မှာ.အဘ လူယုံတွေရှိတယ်..
အကိုကြီးပြောစရာရှိတယ်.”


“အင်..အကိုကြီး..ညကြီးသန်းခေါင်..
ဘာကိစ္စ..အထိတ်တလန့် ရှိလှပါ့ ကိုကြီးစိန်”


“အကိုကြီး အိပ်မရ..
ငါတို့  ဘယ်လို လုပ်ရပါ့..
တိုင်ပင်ချင်လို့ပါ..ကွာ..
အမေရိကန် visa ဖွင့်..အစည်းဝေးတက်ခွင့်ရကတည်းက..
လှုပ်လှတဲ့မျက်ခုံး..အိပ်မက်ထဲတောင်.အမြင့်ကပြုတ်ကျ..
နိမိတ်မကောင်းရတဲ့အထဲ..
မနက်လင်း ကျီးမနိုးခင်.အရောက်
ဟိုတယ်ရှေ့ လာလာ အော်နေတဲ့ လူတွေ..
ငါတို့  အပြင်ထွက်တိုင်း
လမ်းသွားလမ်းလာတွေ ကကြည့်
အတင်းပြောကြတာ..စစ်အစိုးရ အရှက်မရှိတဲ့..
ငါတော့ စိတ်ကုန်လာပြီ..
သွားလေသူ..၀န်ကြီးချုပ်စိုးဝင်းရေ
သေရွာက ထပြီးသာ ပြန်အုပ်ပါစေတော့
ငါ..၀န်ကြီးချုပ်လည်း မလုပ်ချင်တော့ဖူး..
ရှေးက ဗန္ဓုလဘ၀က မှ ရွှေထီးမိုးပေးမဲ့သူရှိသေးတယ်..
ငါ့နာမည်သာ ၀န်ကြီးချူပ်..
တွေ့ တယ်မဟုတ်လား ဓါတ်ပုံထဲ
ထီးမိုးမဲ့သူမရှိလို့ 
ငါ့ထိပ်ပြောင်သထက်ပြောင်နေဘီ။

မင်းအဘ ကတော့.အဖြစ်မရှိ..
ဘင်ကီမွန်းလာရင် ဘန်ကာထဲပုန်းနေ
ငါတို့ ကတော့ နိုင်ငံတကာလှည့်ဖိနပ်စာတွေ
အပြင်က လူအုပ်က..ငါ့အမေ ငါနှမ..
ဆဲဆိုကြတာ..ရစရာမရှိဖူး..
သူတောင်းစားလုပ်တာကမှ မေတ္တာရဦးမယ်.
နအဖ ၀န်ကြီးချုပ်..တော်တော်မျက်နှာငယ်တယ်.”


" အော် မငိုပါနဲ့ ကိုကြီးစိန်..
ကျနော်လည်း မျက်နှာပူတာဘဲ..
နီးရာသေနတ် ကြောက်လို့ သာ
နိင်ငံခြား အစည်းအဝေး လာတက်ရ..
ဘာမှ လည်း မြက်မြက်မရပါဖူး..
နိုင်ငံခြားရေးဝန်ကြီး ဘယ်က မှ လာဘ်မရဘူး.
မောင်သောင်း အောင်သောင်း..
မောင်အေး ရွှေမန်း..
ဒင်းတို့  အပြင်မထွက်ဘဲ ဒီထက်ပိုရတယ်..
မတရားပါဘူးဗျာ..
ကျနော်တို့ သာ အမြဲ ထိုးကြွေးခံရတယ်…

အဘထက်စာ ကျနော် အင်္ဂလိပ်စာ သာတယ်ဆိုပေတဲ့..
ငပိသံဝဲ၀ဲမို့ ..အင်တာဗျူးတိုင်းသောက်ရှက်ကွဲ..
မိန့် ခွန်းရေးသူကို လာဘ်ပေး..
တိုတိုတုတ်တုတ်ရေးခိုင်းရတယ်။
ရှည်ရင်..ကျနော်မဖတ်နိုင်ဘူး..
ဒူးတုန် ဖင်တုန်..မိန့် ခွန်းဖတ်တိုင်း နှလုံးရောဂါဖြစ်။
အိမ်က ဂန်းမ က ၀န်ကြီးကတော် ဖြစ်ဂုဏ်ယူနေ..
ကျနော်ကတော့ ကြာကြာနေ သေမှာဘဲ.
ဒီရာထူးလည်း ကျနော် မလိုချင်တော့ဘူး..
ဘယ်လိုလုပ်မလည်း အကိုကြီးရယ် ကြံစည်စမ်းပါဦး”


“အေးကွာ ညီလေး..အဘက..ငါတို့ ဖိနပ်ထိတာ
မင်္ဂလာမရှိဘူးတဲ့..နာမ်နှိမ်ခံရတဲ့သူ..
နအဖမှာ ကျက်သရေတုန်းသတဲ့..
ပြန်ရင် ဖမ်းဘဲဖမ်းမလား..
ထောင်ဘဲကျ
ကိုကြီးခင်ညွန့် လိုဘဲ..ဇာတ်သိမ်းမလား..
အဘတို့  မိသားစုက ဘိုးတော်ကြောင်
ငါတို့  အပြန်သိက္ခာတင်ဖို့ ..
ပန်ထွာမင်းသမီးရူးနေတဲ့ ကြိုင်ကြိုင်ထမီနဲ့ အုပ်မတဲ့ 
ငါ့တို့  ရှိသမျှ ဘုန်းတွေတော့ ပြုတ်ရချည်ရဲ့…
မပြေလည်..ရွာပြန်မလာနဲ့တဲ့ အဘကမှာတယ်
အမေရိကန်ရဲ့အခြေအနေ မမှန်ရင်
ငါတို့ အပြန်..ဇက်ပြုတ်ရချည်ရဲ့..
ညီလေးရေ..ထွက်ပြေးမလား..
အမေရိကမှာ.တရားမ၀င်နေသူတွေ ရှိပါတယ်.
မင်းနဲ့  ငါ ရှိတဲ့ ဒေါ်လာတွေ..အတွင်းခံဘောင်းဘီထဲထည့်..
ရုပ်ဖျက်ပြေးမလား..ငါကြံထားတယ်။”


“ ဖြစ်ပါ့မလားအကိုကြီး..
ကျနော်က ဘိုလို သိပ်မမှုတ်တတ်ဖူး..
ဝန်ကြီးသာလုပ်..ဘာမှအဖြစ်ရှိတာမဟုတ်ဘူး..
အမေရိက..ဘာလုပ်စားမလဲဗျ…
နှမ်းဖြူးတာဘဲ ကျနော်တတ်တယ်..
ဘတ်တာဘဲ ကျနော်တတ်တယ်..
လက်ကျောမတင်း..
ကျနော် အပျင်းကလည်းကြီးသေးတယ်”


“ ဖြစ်ပါတယ်ကွာ..NY ပလက်ဖောင်းတလျှောက်
ဖာဆွယ် လုပ်လူရှာပေး..၀မ်းရေးတော့ ရမှာပါ
ယုတ်စွ အဆုံး ပုလင်းခွံကောက်
ပြန်သွင်းရင် ၅ ဆင့်တော့ ရသေးတယ်။။
ကြောက်ပါနဲ့ကွာ..
သေတာထက်စာ ရှင်နေတာက ကောင်းသေးတယ်..
မင်းအရွယ် ရှိသေးတာ..လုပ်စားစမ်းပါရဲရဲ
ဖြစ်ပါတယ်.. ယောက်ျား ချွတ်ကတဲ့ ပွဲ..
ငါသာ အဖိုးကြီး..
သူများနို်င်ငံ ဘာလုပ်စားရမလည်း
သေဘေးကြောက်လို့ သာ ထွက်ပြေးရမယ်..
မျက်ခုန်းတော့ လှုပ်လှုပ်ရယ်.
ဝဋ္ဋ်တော့ တကယ်လည်ပြီထင်တယ်.”


“ ကောင်းပြီ..အပြင်က အဘကောင်တွေ မသိစေနဲ့ ..
ကျနော်နဲ့  အကိုထွက်ပြေးကြရအောင်.”


ဒီလိုနဲ့ ဘဲနောက်တစ်ရက်..
UN အစည်းအဝေး ဆက်မတက်..
ဟိုတယ်က ၀န်ကြီး ၂ပါး ပျောက်သွားတယ်။
အမေရိကန် ရဲတွေ ရှာ..ဘယ်မှာမှ မတွေ့ ဘူး။

နောင် နှစ်များမကြာ..
မှောင်ရိပ်ခို ပြည်တန်ဆာမှုနဲ့ ထောင်ကျ..
ထောင်သား အမည်မသိ.
DNA စစ်ကြည့်မှ..မြန်မာပြည်က ၀န်ပြေး ၀လုံး.၂လုံး..
အမေရိကန် ထောင်ထဲမှာ အမဲတွေ နဲ့  တွေ့ သွားတယ်။
“ အော်နေရတယ်…အမေ..အဘရယ် ကယ်..”

မသဒ္ဓါ ( ၉။၃၀။၂၀၀၉)
မသဒ္ဓါ..ဟိုတယ်ရှေ့ မှာ..လာမအော်ရဲတာ သတ္တိမရှိတာ..၀န်ခံပါတယ်။ သို့ ပေမဲ့ အများအတွက် ဟာသ ပုံပြင်လေးတစ်ခုတော့ ပြောပြနိုင်ပါတယ်။ အမေ နှမ အဆဲခံရတဲ့ လူတယောက်ရဲ့ သိမ်ငယ်မှူနဲ့ ထွက်ပေါက် အရေး တွေးမိတာပါ။ သူတို့  ၀န်ကြီး လုပ်နေရတာ့ စိတ်ထဲ ပျော်မယ်ထင်ပါသလား။ စားတော့ တပြုံလုံးစားပြီး..ခံရတော့ သူတို့ ချည်းဘဲ။ ဘယ်တရားမလည်းတွေးမိရင်း.ဒီပုံပြင်ကိုရေးပါတယ်။
ဖတ်သူ နည်းနည်း လေးဘဲ ပြုံးရင် ဖြစ်ဖြစ်..ရေးရကျိုးနပ်ပါတယ်။ :)

2 comments:

seinmahar said...

ကောင်း မှ ကောင်း

Asiaroad said...

Good, best and the best- - - Ha!

Post a Comment

ယခင် သတင်းများ ဖတ်ရန်