Friday, September 25, 2009

အီရတ်အကျဉ်းထောင်ဖောက်မှု သေဒဏ်ကျခံအကျဉ်းသားများ လွတ်မြောက်သွား

Planet
စက်တင်ဘာလ (၂၄)ရက်နေ့က အီရတ်အကျဉ်းထောင် တစ်ခုတွင် ထောင်ဖောက်မှု ဖြစ်ပွားခဲ့ရာ သေဒဏ်ကျခံရန် စောင့်ဆိုင်းနေရသူ (၅)ဦးအပါအ၀င် အကျဉ်းသား (၁၆)ဦး ထွက်ပြေးလွတ်မြောက်သြွးကြောင်း သိရသည်။ နိုင်ငံမြောက်ပိုင်း တီကရစ်မြို့တွင် ဖြစ်ပွားခဲ့သော ထောင်ဖောက်မှုကြောင့် လုံခြုံရေး အခြေအနေ စိုးရိမ်မှု မြင့်တက်လာသလို လမ်းများတွင်လည်း ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ထို့အပြင် အာဏာရှင်ဟောင်း ဆာဒမ်ဟူစိန်၏ မွေးရပ်မြေဖြစ်သော မြို့ထဲတွင် ညမထွက်ရ အမိန့်ထုတ်ထားကြောင်းလည်း သိရသည်။ ရဲတပ်ဖွဲ့က လွတ်မြောက်သွားသူများထဲမှ (၂)ဦးကို ထိုနေ့ညပိုင်းက ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး တစ်ဦးကို မြို့အ၀င် ဂိတ်အနီးတွင်လည်းကောင်း၊ နောက်တစ်ဦးကိုမူ ပြည်နယ်မြို့တော် ဆမား၏အပြင်ဘက် ဆာလာဟူဒင်အရပ်တွင်လည်းကောင်း တွေ့ရှိခဲ့သည်။ ဖောက်ထွင်းမှုအတွက် ပူးပေါင်းကူညီခဲ့သူဟု ယူဆရသော ထောင်စောင့်(၄)ဦးကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသလို ထောင်မှူးမှာလည်း အလုပ်ထုတ်ပြီး အဖမ်းပါခံထားရကြောင်း သိရသည်။ ထွက်ပြေးသွားသူများသည် အချင်းချင်း ကြိုတင်ညှိနှိုင်းထားကာ စက်တင်ဘာ (၂၃)ရက်နေ့ညပိုင်းနှင့် (၂၄)ရက်နေ့ အစောပိုင်းတို့တွင် ထောင်ရှိပြူတင်းပေါက်များမှ ထွက်ပြေးလွတ်မြောက်သွားခြင်းဟု တာဝန်ရှိသူများကဆိုသည်။ ၎င်းတို့သည် ထောင်သံတိုင်များအား ဖျက်ဆီးပြီး ထောင်ပရ၀ုဏ်ကို ကျော်ဖြတ်ကာ အနီးရှိမြစ်တစ်ခုကို ရေကူးကျော်ဖြတ်ကာ လွတ်မြောက်သွားခြင်းဖြစ်သည်။ လွတ်မြောက်သွားသူများအနက် အထင်ရှားဆုံး ထောင်သားမှာ ဝေလက်အာရက်ရှ်ဆိုသူဖြစ်ပြီး အီရတ်ရှိ အယ်လ်ကေးဒါးတပ်ဖွဲ့၏ အကြီးအကဲတစ်ဦးအဖြစ် သံသယရှိခြင်း ခံရသူဖြစ်သည်။ ၎င်းသည် ဆာလာလူဒင်မြို့အနီးရှိ ဒူလွိုင်ရာတွင် ရဲတပ်ဖွဲ့နှင့် အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု အစိုးရက စွပ်စွဲထားပြီး သေဒဏ်ချမှတ်ထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်