Saturday, September 26, 2009

ဒကာနှင့် သာသနာ = ရေနဲ့ ကြာ


သံဃာတော်တွေ
အမျိုး၊ ဘာသာ၊ သာသနာ အတွက်
ရွှေဝါရောင်တော်လှန်ရေး ဆင်နွဲချိန်

အာဏာရှင်တွေ
အကျိုး အဖြာဖြာ အာဏာအတွက်
လက်ရှိနေရာပေါ်တည်မြဲရေး နှိမ်နင်းခဲ့တယ် ။

ပြည်သူတွေ
အသက်ပေးတယ် ဒီမိုကရေစီအတွက်
ဝိုင်းဝန်းကူညီနေချိန်

လက်ပါးစေတွေ
အရှက်ဘေးဖယ် ဝမ်းရေးအတွက်
ကောက်ရိုးပုံရှေ့က ဟောင်သံတွေပေးခဲ့တယ် ။

တော်လှန်ရေးက မပြီးဆုံးသေး
သံဃာတို့ရဲ့ 'ယခု' တတိယအကြိမ်
ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ဝယ်
ပြည်သူနှင့်အတူ ဒီမိုကရေစီ အင်အားစုတွေစုစည်း
တော်လှန်ကြတော့မည် ။

အာဏာရှင်တွေ မျက်ခုံးတွေလှုပ်
အမှုမဲ့ဖမ်းဆီးမှုတွေ ပြုလုပ်
ပျက်စီးအောင် ဖန်တီးနေသည် ။

ဒကာနှင့် သာသနာ
ရေနဲ့ ကြာလို
အတူရှိဖို့တော့ လိုအပ်နေပြီ....။

ဖြိုးဝေ-mmp

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဗီဒီယို မှတ်တမ်း


No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်