Friday, September 25, 2009

အလိုရှိသည်

အလိုရှိသည်

ဖိနှိပ်ခြင်းအောက်မှာ..
အဓိပ္ပါယ်မဲ့နေတာတွေ
တိတ်ဆိတ်မှုတွေနဲ့  နံရံတွေကြားထဲ
နုတ်စကားတွေ တိတ်တိတ်လေးပြောချင်တာ
အပြုံးတွေဟာ မပြုံးချင်ပဲပြုံးခဲ့ရ
အလုပ်တွေက..မလုပ်ချင်ပဲလုပ်ခဲ့ရတာ
အကုန်လုံး..ဟန်ဆောင်အတုတွေနဲ့ ပါ။

လွတ်လပ်ခြင်း..အတု
အစိုးရ..အတု
ရွေးကောက်ပွဲ..အတု..
ဒီမိုကရေစီ..အတု..
ပြည်သူ့ လွှတ်တော်...အတု..
အို..အားလုံးအတုတွေပဲ..ဒါပေမဲ့..စစ်ဆိုတဲ့စစ်သား



ခွေးသူတောင်းစားတွေရဲ့ ..အမိန့် နဲ့ 
ရက်စက်မှုတွေကတော့..ရေမရောဘူးလေ..
..ပေတစ်ရာမှာသွေး(အစစ်)နံတွေ..ပိုင်ရှင်မဲ့ဖိနပ်(အစစ်)တွေ
ကျန်နေသေးတယ်။

သားပျောက်တဲ့ မိခင်..သ္မီးပျောက်တဲ့ဖခင်..
အပူသောကမျက်ရည်တွေ..မောင်းတီပြီးပြောစရာမလိုဘူး
ချောင်းစီးနေပြီ..။

လွတ်မြောက်ချင်သူတွေရဲ့ 
အရိုးတွန်သံ..ဟိုးကောင်ကင်ထက်မှာ
အော်မြည်နေပြီ..ဒေါင်းအလံလွှင့်တင်ပြီး..
သူတို့ ကို အမျှပေးပါ..အမျှပေးပါ
ကြားလား..သူငယ်ချင်း။

ဒါဟာ..ဓမ္မနဲ့ အဓမ္မအားပြိုင်ပွဲမဟုတ်ဘူး
သူသေကိုယ်သေအလှဲထိုးပွဲ..ရွှေပြည်တော်ကြီးအလံလုမှာ
လာပါ..သူငယ်ချင်း..တစ်ယောက်ကျရင် တစ်ယောက်တက်မယ်
အကြောက်တရားတွေမောင်းထုတ်..ဒါပေမဲ့ ..
မင်းရဲ့ ရင်ထဲမှာ..နှလုံးသားအစစ်တော့လိုတယ်။

မင်းမော်စိုး


No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်