အာဏာအလွဲသုံးစားလုပ်မှု ၊ အကျင့်ပျက်လာဘ်စားမှု နှင့် အမိန့် မနာခံမှုများရှိနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကို ဖျက်သိမ်းတော့မည် ဟု သတင်းများထွက်ပေါ်
(Freedom News Groupမှတဆင့် မျှဝေပါသည်။)
၂၀၀၄ ခုနှစ်က စစ်ထောက်လှမ်းရေး အဖွဲ့ ဝင်များကို ဖမ်းဆီးကာ စစ်ထောက်လှမ်းရေးအဖွဲ့ ကိုဖျက်သိမ်းခဲ့သလိုပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုလည်းဖျက်သိမ်းတော့မည် ဟု သတင်းများ ရန်ကုန် နှင့် နေပြည်တော်တွင် ထွက်ပေါ်နေသည် ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှသတင်းတပ်ဖွဲ့အဖွဲ့ဝင်များကိုခေါ်ယူစစ်ဆေးပြီးနောက်ပိုင်း
တွင် သြဂုတ်လ လယ်ခန့် မှ စ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ အရာရှိ အဆင့် အဖွဲ့ ဝင်များ အပါအ၀င် ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ မှုးရဲမှုးကြီး ၀င်းနိုင် ကို နေပြည်တော်မှ ခေါ်ယူ စစ်ဆေးခဲ့သည်။အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှုများဖြင့် ရဲမှုးကြီး ၀င်းနိုင်နှင့် ဇနီးဖြစ်သူ အားနေပြည်တော်မှ ခေါ်ယူစစ်ဆေးသော် လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က ပြန်လည် လွှတ်ပေးခဲ့သည် ဟု သတင်းပေါ်ပေါက်ခဲ့သလို ရဲမှုးကြီး ၀င်းနိုင်၏ ဇနီးဖြစ်သူ နှင့် ရင်းနှီးမှု ရှိသော ရန်ကုန် မြို့ မှ ဗီဒီယို လုပ်ငန်းရှင် တစ်ဦးက “သူတို့ လင်မယား နှစ်ယောက် စလုံးထောင်ကျ သွားတယ် သေချာတယ် ”ဟု Freedom News သို့ ပြောသည်။Summary
ရွှေဝါရောင် တော်လှန်ရေးကာလ ရန်ကုန်မြို့ တွင် တာဝန် ယူထားသည့် ယခင် ရန်ကုန်တိုင်း ရဲ
မှုးကြီးဟောင်း ကို ဖယ်ရှားပြီးနောက် ရှမ်းပြည်နယ် ပြည်နယ် ရဲမင်းကြီး အဆင့်မှ တစ်ဆင့်တိုး
ရာထူးဖြင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှုးဖြစ်လာ သည့် ရဲမှုးကြီး ၀င်းနိုင်သည် ရဲချုပ် ခင်ရီ ၏ လူယုံအဖြစ် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ အတွင်း တန်ခိုးထွားခဲ့သည်။
ယခင် စစ်အရာရှိ ဟောင်း တစ်ယောက်ဖြစ်ပြီး ယခု ရဲတပ်ရင်း ၈ မှ အရာရှိ တစ်ဦးက “ရဲမှုးကြီး ၀င်းနိုင် ပြောင်းလာတဲ့ အချိန် ပေါ့ နော် ၂၀၀၇ နိုဝင်ဘာ ..အဲဒီအချိန်က ရန်ကုန် မှ ရဲက အရမ်းခေတ် ကောင်းတဲ့ အချိန်လေ စီးပွားရေးသမားတွေ က လုပ်ငန်းလိုင်စင် ယူလို့ မရတဲ့ စီးပွားရေး တွေ ဆိုရင် ရဲက ခွင့်ပြုမှ ရတာ ”ပြောသည်။
Myanmar Suu Kyis Appeal၂၀၀၄ ခုနှစ် မတိုင်ခင်က ရဲတပ်ဖွဲ့ ဝင်သုံးယောက် ပေါင်းမှ စက်ဘီ တစ်စီးသာရှိသည့် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ ဝင်များမှာ စစ်ထောက်လှမ်းရေးကို ဖယ်ရှားလိုက် ပြီးနောက် ၎င်းတို့ စီးခဲ့သော တိုယိုတာ
တိုင်းဂါး Double Cap နှင့် Mitsubishi ,Land Rover အမျိုးအစားကားများကို လွှဲပြောင်းရရှိ
ခဲ့သည်။
သတင်းတပ်ဖွဲ့ (Special Branch)မှ ရဲမှုကြီး ၀င်းနိုင် ကို ခေါ်ယူစစ်ဆေးပြီးနောက် ၎င်း၏ အဂတိ
လိုက်စားမှုများတွင် ပါဝင်ပတ်သက်နေသည့် မြို့ နယ်မှုး လေးဦး နှင့် အရှေ့ပိုင်း ခရိုင် ရဲမှုးတစ်ဦး
ကိုပါ တစ်ဆက်စပ်တည်း စစ်ဆေးခဲ့သည်။နေပြည်တော် သို့ ခေါ်ယူ စစ်ဆေးခံရသည့် ရဲမှုးကြီး
ဝင်းနိုင်မှ ရဲချုပ် ခင်ရီ မှ လုပ်ငန်းလွှဲပြောင်း စရာရှိသည် ဟု အကြောင်းပြ၍ ရန်ကုန် သို့ ပြန်လည်
၍ ဆင့်ခေါ်ပြီးနောက် လမ်းတစ်ဝက်မှာ ပင် ပျောက်ဆုံးသွားခဲ့သည် ဟု သိရသည်။
ရဲမှုးကြီး ၀င်းနိုင်ပျောက်ဆုံးသွားရမှု နှင့် ပတ်သက်၍ “အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှုးရုံးမှ အမည် မဖော်လိုသူ ရဲအရာရှိ တစ်ဦးက “တိုင်း ရဲတပ်ဖွဲ့ မှုး ရဲမှုးကြီး ၀င်းနိုင် ကို ဖမ်းသွားတည်းက ဘာ
သတင်းမှ မသိရတော့ တာ၊နောက် နှစ်ရက်ကြာတော့ သူ့ မိန်းမ ကိုဖမ်းတယ် ၊တိုင်းမှ တပ်ဖွဲ့ မှုး
မရှိတာ သုံးပတ်နီးပါးကြာတယ် နောက် အရင် ခရိုင်ရဲမှုး ဒုရဲမှုးကြီး အောင်နိုင်သူ ရောက်လာ
တာပဲ ၊သူလည်း ယာယီကိုင်ထားတာ ၊ ဘယ်သူ ရောက်လာအုံးမလဲမသိဘူး ၊ တပ်ဖွဲ့ မှုးကတော့
ထောင်ကျသွားတာလား ၊လွတ်သွားတာ လား ဆိုတာ ဘယ်သူမှ အတိအကျ စုံစမ်းလို့ မရဘူးဖြစ်
နေတယ်။တစ်ခါတစ်လေ ကျလည်း စစ်ဆေးမေးမြန်းလို့ လက်လွန်သွားရင်လဲ ၊ထွက်ပြေးသွားပြီး
ပျောက်သွားပြီ လို့ သတင်းလွှင့်လိုက်တာ ”ဟု သူသိထားသမျှ ကို ပြောပြသည်။
ရှမ်းပြည်မှ ပြောင်းရွှေ့လာသူ ရဲမှုးကြီး ၀င်းနိုင်သည် ရန်ကုန်မြို့တွင် အလှပြင်ဆိုင် အမည်ခံ အနှိပ်
ခန်းများကို မင်္ဂလာ တောင်ညွန့် မြို့ နယ်နှင့် လှိုင်မြို့ နယ်များတွင် ဖွင့်လှစ်ထားသည်။ရန်ကုန် တိုင်းအတွင်းရှိ မြို့ နယ်ရဲတပ်ဖွဲ့ မှုးများမှ တစ်လလျှင် ကျပ် သိန်း ငါးဆယ် (မြို့ နယ်ပေါ်မူတည်၍)
တစ်လလျှင် သိန်း ငါးဆယ်ထက် မနည်း ကန်တော့ရပြီး ညဘက်ဖွင့် လှစ်သည့် KTV နှင့် BEER
PARK များမှ တစ်လလျှင် ကျပ် ဆယ်သိန်း ခန့် ဆက်ကြေးပေးရသည်။
ဗဟန်းမြို့ နယ်တွင် နေသော ရဲမှုးကြီး ၀င်းနိုင် အိမ်ကို ၀င်ထွက်ဖူးသူ ရဲအရာရှိ တစ်ဦးက “ရှမ်းပြည်မှာထဲ က သူက လာဘ်စားတာ နာမည်ကြီး ပဲ ခင်ဗျားတို့ သိတာကတော့ KTV ဖွင့်တာ
လောက်ပေါ့ ၊ ရှမ်းပြည်ဘက်ကနေ တရုတ်က အင်ဂျင်တွေ ၊ရွှေတွေ သွင်းတယ် ၊နယ်စပ်ကနေ ၀စ်သောက် ကားတွေ သွင်းပြီး ဒီမှာရောင်း တယ် ”ဟု ပြောသည်။
စစ်ထောက်လှမ်းရေး အဖွဲ့ ကို ဖျက်သိမ်းပြီးကတည်းက ရန်ကုန်မြို့ အပါအ၀င် နယ်မြို့ များ ၌ ရဲ
တပ်ဖွဲ့ သည် တန်ခိုးထွားလာခဲ့ပြီး ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားချိန် (၂၀၀ရ)နှင့် ဒေါ်အောင်
ဆန်းစုကြည် အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ချိန် (၂၀၀၉) တို့ တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ အာဏာမှာ အထွတ် အထိပ် သို့ ရောက်ရှိလာ ခဲ့သည် ။
ရာထူးမှ ဖယ်ရှားခံနိုင်ရသည် ဟု သတင်းထွက်ပေါ်နေသော ရဲတပ်ဖွဲ့ ရဲချုပ် ခင်ရီ
ရာထူးမှ ဖယ်ရှားခံနိုင်ရသည် ဟု သတင်းထွက်ပေါ်နေသော ရဲတပ်ဖွဲ့ ရဲချုပ် ခင်ရီ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သန္ဓေ တစ်ယောက်ဖြစ်ပြီး သက်ပြည့် အငြိမ်းစား ယူခဲ့သည့် ရဲအရာရှိ တစ်
ယောက်က “တစ်သက်လုံး စစ်သားဆို ကြောက်လာရတာပဲ ၂၀၀၇ နောက်ပိုင်းမှာ မနမ တစ်ယောက် က သာမန် စစ်အရာရှိ တစ်ယောက် လောက် ကို ကြောက်စရာ မလိုဘူး ၊နောက်ပိုင်း
တရုတ်က ၀င်လာတဲ့ Lanjian တွေ အကုန်လုံး စစ်တပ် ကို မပို့ တော့ဘဲ ၊ဗိုလ်ချုပ်မှုးကြီး ရဲ့ အမိန့် အရ ရဲ တပ်ဖွဲ့ ပိုင်ကားတွေ ဖြစ်လာခဲ့တယ်။ရဲတပ်ဖွဲ့ က ထိပ်ပိုင်းမှာလည်း နေပြည်တော်က
ညွှန်ကြားချက် လောက်မှ ဂရုစိုက်ကြတယ်။ တိုင်းက တို့ ဌာန ဆိုင်ရာ တို့ ဆိုရင် ဂရုမစိုက်ကြဘူး”
ဟုပြောသည်။
အရေးယူ အပြစ်ပေးခံရသော ရဲမှုးကြီး ၀င်းနိုင်သည် ရန်ကုန်တိုင်း စစ်ဌာနချုပ် နှင့် စစ်ဒေသ များမှ အရေးတကြီး ညွှန်ကြားချက်များ နှင့် ပတ်သက်၍ အလေးမထားသူ ဟု ကျော်ကြားပြီး
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ထိပ်တန်း ရဲအရာရှိ အချို့မှာ နောက် ကွယ်တွင် စစ်အုပ်စု ခေါင်းဆောင်များ
ကို အထင်သေးရှုံ ချပြီး လက်နက်အားကိုး ဖြင့် ပြည်သူများသာမက ၎င်း တို့ ကိုပါ ဖိနှိပ် ထား
သည် ဟု ယုံကြည်ကြသည်။
ရဲမှုးကြီး ၀င်းနိုင်အား ရာထူးမှ ဖယ်ရှားပြီးနောက် သီတင်းနှစ် ပတ်အကြာမှာပင် ရန်ကုန်တိုင်း၊ရှမ်း
ပြည်နယ် နှင့် မွန်ပြည်နယ်မှာ မြို့ နယ်မှုးများ အပါအ၀င် ရဲ အရာရှိ နှစ်ဆယ်ထက် မနည်းကို စရဖ
နှင့် အထူးစုံစမ်းစစ်ဆေးရေး များမှဖမ်းဆီးထိန်းသိမ်းခဲ့သည်။
လွန်ခဲ့သည် သီတင်းပတ်မှ စ၍ မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင် ရဲ အရာရှိများ ဖမ်းဆီးထိန်းသိမ်းခ
ံရခြင်းနှင့် ပတ်သက်၍ “အရင် ရဲ နဲ့ ပေါင်းပြီး ကေတီဗီ ၊အနှိပ်ခန်း ထောင်စားသူတွေ တောင် အခု
ရှောင်နေကြတယ် မြောက်ဥက္ကလာမှာ ရဲကို လိုင်းကြေးပေးထားတဲ့ အနှိပ်ခန်း တွေ လုံးဝနားကုန် ပြီ ကေတီဗွီ တွေ ကို စရဖ က ရပ်ခိုင်းထားတယ် ”ဟု မင်္ဂလာ တောင်ညွန့် ရှိ ညကလပ် တစ်ခုမှ
ဝန်ထမ်း တစ်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်သို့  အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံ ယက်တော ရေကူး ၀င်
ရောက်မှု နှင့် ပတ်သက်၍ စစ်အစိုးရမှ ရဲတပ်ဖွဲ့ ကို ဓားစာခံလုပ်ခြင်း ၊ရဲတပ်ဖွဲ့ ဝင်များ အရေးယူ အပြစ်ပေးခံရခြင်း တို့  နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ ဝင်အများစု က မကျေနပ်ကြ ဟုသိရသည်။
လတ်တလော တွင် စစ်အစိုးရမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များအား တာဝန်လစ်ဟင်းမှု ၊ အကျင့်ပျက်လာဘ် စားမှု ၊ အမိန့် မနာခံမှု စသည့်  ခေါင်းစဉ်များ ဖြင့် ခေါ်ယူစစ်မေးရာမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ မရိုးသားမှု များသည် ဦးနင်း ပဲ့ထောင် ၊ပဲ့နင်းဦးထောင် ဆိုသလို တစ်စ
တစ်စ ပေါ်ပေါက် လျှက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ နောက်ဆုံး အခြေအနေများ နှင့် ပတ်သက်၍ ရဲတပ်ရင်း၈ မှ အရာရှိတစ်ဦး
က “ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာက တော့ ဘယ်သူမှ မသိသေးဘူး၊ ရဲချုပ် ကိုလည်း မနှစ်
ကတည်းက ဗိုလ်ချုပ် ရာထူးကို တိုးမပေးဘူး ၊အခုထိတော့ သူလည်း အဖမ်းမခံရသေးဘူး နောက်ဆုံသိရတာ ကတော့ ရဲတပ်ဖွဲ့ ကို အပြောင်းအလဲ လုပ်မယ် လို့ စကြားနေရပြီ ”ဟု သူ
ကပြောသည်။
ယခု ဖမ်းဆီးခံထားရသည် သို့ တည်းမဟုတ် ထွက်ပြေးသွားပြီ ဟု သတင်းဖြစ်ပေါ်နေသည့် ရန်
ကုန်တိုင်း ရဲတပ်ဖွဲ့ မှုး ရဲမှုးကြီး ၀င်းနိုင်သည် တစ်လလျှင် လစာ မဟုတ်သည့် ၀င်ငွေမှ ကျပ်ငွေ
သိန်း နှစ် ထောင် နီးပါးခန့် ရှိသည် ဟု သိရသည်။
အတည်မပြုနိုင်သော သတင်းများအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ အားအမိန့် ပေးမှု ကို နေပြည်တော်မှ အထူးအဆင့် ဗိုလ်မှုးကြီး တစ်ဦးက လွှဲပြောင်းယူထားပြီး ရဲအရာရှိ အချို့ အားစစ်မေးပြီးနောက်ပိုင်းတွင် စစ်အစိုးရ မှ တရားဝင်တပ်ဆင်ပေးထားခြင်းမပြုသော လက်နက်များပါသိမ်းဆည်းရမိသည် ဟု သတင်းရရှိသည်။
Tuesday, September 22, 2009
သူခိုးလက်ကခွက်စုတ် သူဝှက်က လု
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
September
(240)
- အနာဂတ်မဲ့နေသော ကျနော်တို့ ၏သွေးချင်းများ
- ဒီလူတွေ ကိုသတိထား ( လောက်ကောင်များ..)
- အသျှင် ဦးဂမ္ဘီရနှင့် အသျှင် စန္ဒြာမုနိတို့အား ဦးဥတ...
- ကျွန်ခံကြမလား..တော်လှန်ကြမလားဟေ့
- အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ထုတ်ပြန် ကြေငြာချက်
- နိုင်ငံကျော် သူတောင်းစားများ..
- စက်တင်ဘာ ၃၀ ရက် သတင်းများ..၂၀၀၉
- နယူးယောက်မြန်မာ သင်္ကြန်က ကော်ဖီရည်နဲ့ ပက်တယ်ဂျ..
- မြန်မာငွေ..ဘယ်လောက်မာသလည်း
- သာသနာ့ကျိန်စာ
- ၀န်မင်းတို့ ၏ ဇာတ်သိမ်း..
- နှလုံးသားထဲက ရွှေဝါရောင် ၂၀၀၇ ခုနှစ် စက်တင်ဘလ ၂၆ ရက...
- နယူးယောက် မြို့ ဆန္ဒ ပြပွဲ ဓါတ်ပုံများ
- ကံဆိုးသူ ၀န်ကြီးချူပ်..အရင်တယောက်က အသေထွက်..သူက အရ...
- ဖိနပ်ပြီးရင် ဒုတ်စာလာမယ်...ထွက်ရဲရင်ထွက်ကြည့်
- စော်ကားလွန်းလှတဲ့ Apple ရဲ့ လုပ်ရပ်ပါ
- ဘာမှလည်း မဆိုင်ဘူး...အာဆီယံ။
- ချိုကုပ်ဒူးဂျီးကြီးထံ သတင်းပေးပို့ အစီရင်ခံစာ
- အဓမ္မတရားများဖယ်ရှားပြီး ဓမ္မအစားထိုးရေးလမ်းစဉ် စတင်...
- Candlelight Virgil for Political prisoner in Burma
- ကိုညီညီအောင်
- U.S. Burma Policy Review Conclusions
- အလုယက်ခံထားရသူက..သူခိုးကိုပေးတဲ့စာ ( လူမိုက်ထံ ယဉ်...
- လက်ဆင့်ကမ်းဖြန့်ဝေပေးကြပါ။ နီးစပ်ရာ သံဃာ့မဟာနာယကအဖ...
- ဟီးဟီး..ကြောက်သွားပြီလား ဒါ မိုးပေါ်ထောင်ပစ်ရုံဘဲရှ...
- နစက တပ်သား တဦး မိမိကိုယ်ကို အဆုံးစီရင်
- JAPAN-(NAGOYA) ရွှေဝါရောင်သတင်း..
- ဖိနပ်တစ်ဖက် ချစ်သူများ၏ လက်ဆောင်
- 2nd Anniversary of Burma's Saffron Revolution Prot...
- ချစ်၍ကျီစားတယ်..ဘွာတေးဘွာတေး
- လူနည်းပေမဲ့ သွေးမကျဲ တဲ့ နယူးယောက် တိုက်ပွဲ
- နိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်း ဖိနပ်ဖြင့်ပြစ်ပေါက...
- နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင် ရှု...
- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သုတေသနနှင့်ဝေဖန် သုံ...
- ရွှေဝါရောင် တော်လှန်ရေးကြီး (၂) နှစ်ပြည့် အထိမ်းအမှ...
- တရားမထိုင် ဓားကိုင်ကြစို့ 
- ၀ံချီးချုပ်ရာထူးအတွက် သူ့ ကိုယ်သူတောင်ထီးတစ်လက် အပ...
- စစ်အစိုးရ၀န်ကြီးချုပ် ကုလအထွေထွေညီလာခံမှာ ဒီနေ့မိန...
- အီရန်ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်
- အာဖဂန်က တပ်ဖွဲ့ ရုပ်သိမ်းရေး အမေရိကန်ကာကွယ်ရေးဝန်ြ...
- အင်န်အယ်ဒီပါတီ ၂၁ နှစ်ပြည့် ကြေငြာချက်ထုတ်ပြန်
- သံတမန်အချို့နှင့်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည်ေ...
- တိုက်ပွဲသတင်း ( စက်တင်ဘာ ၂၇၊ ၂၀၀၉)
- ပြည်သူ့ ငြိမ်းချမ်းရေး တိုက်ပွဲ
- ဥဒါန်း ဘယ်ခါ ကြေအံ့နည်း
- ၂ နှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေး အထက် ဗမာပြည် ကေ...
- အပေါ်ယံ မျက်နှာဖုံးပါးအောက်က..တကဲ့ မြန်မာ..
- လိမ်တဲ့ ညာနေတဲ့ နအဖ မြန်မာ media
- ဗိုလ်ချုပ်မရှိတဲ့ နောက်...
- ရွှေဝါရောင် မော်ကွန်းအစ ပခုက္ကူ က
- စက်တင်ဘာ ၂၇ ရက် သတင်းများ..၂၀၀၉
- ဘာဝယ်လို့ ရမလည်း..ငွေ ၅၀၀၀ တန်
- နိုင်ငံတကာ လူကူးသန်းရောင်းဝယ်မှု (Human Trafficking )
- လက်စွပ်တကားကား သူခိုးစစ်သားများ..
- အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ ၂ နှစ်ပြည့်ရွှေဝါ ရောင်...
- ချီးဒုတ်ကနောင်းသုံး၍ တောပြုန်းမဲ့အရေးက ကာကွယ်ရန် န...
- ဒို့ အားလုံး၏ အဓိက တာဝန်
- မင်းတြားကြီးရဲ့ သြ၀ါဒ
- ဟွန်း..ရှင်ဘုရင်ကိုယ်တိုင်က ဓါးပြ...ကျောချခံရမယ် သ...
- အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်...
- ဂျပန်သတင်းထောက် နာဂအိဂန်းဂျိအသတ်ခံရမှု ၂နှစ်ပြည့်အထ...
- သံဃာ့သွေး မြေကျခဲ့ရခြင်း နှစ်ပတ်လည် လှုပ်ရှားမှုပြ...
- ဒကာနှင့် သာသနာ = ရေနဲ့ ကြာ
- မိုးမခဆောင်းပါးနှင့်ပတ်သက်၍ အရှင်ထာဝရမှ ရှုင်းလင်း...
- ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့် ဆန္ဒပြလှုပ်ရှားမှုပ...
- စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်အထိ...
- အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံ(တစ်ခြားသူမဟုတ်ပါကျွန်တေ...
- ဗိုလ်ချုပ်မှူးကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် စာရေးသာ...
- ကိုးကန့်တိုက်ပွဲနှင့်ပတ်သက်ပြီး တရုတ်က မြန်မာကို သ...
- ပါတီ လူငယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလို
- ဆော်ဒီတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသားနှင့် အမျို...
- ရွှေဝါရောင် ၂ နှစ်ပြည့် ဆန္ဒပြပွဲများ
- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒသစ် ရှေ့တပတ်မှာ...
- ထိန်းသိမ်းခံ ကိုညီညီအောင်အတွက် လွတ်ငြိမ်းချမ်းသာခွ...
- အီရတ်အကျဉ်းထောင်ဖောက်မှု သေဒဏ်ကျခံအကျဉ်းသားများ လွတ...
- ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် လစ်ဗျားခေါင်းဆောင် ပြွဲ...
- အီရန်နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန်အသင့်ဟု အစ္စရေးနို...
- ထမင်းစားတိုင်း သတိရတယ်
- အစိုးရနှင့်အတိုက်အခံ နှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေ...
- လေဆိပ်တွင် ဖမ်းဆီးခံရသူကို ဆေးကုပေးရန် လူ့အခွင့်အေ...
- ရန်ကုန်က မိန်းကလေးတွေ တိုးတက်နေပြီလား
- အလိုရှိသည်
- စစ်အစိုး၏ ၂၀၁၀ရွေးကောက်ပွဲကို ဝင်မည့် ၄၃ဦးစာရင်း
- အကြမ်းဖက်မှူသာ နအဖ၏၀ါဒ
- ကျပ်၅၀၀၀ တန် ငွေစက္ကူ အသစ် များကို လာမည့် အောက်တို...
- ဒေါ်အောင်ဆန်းစုကြည် SANCTION နှင့်ပတ်သတ်၍ စဉ်းစားထာ...
- မြန်မာအလင်း မှ တင်ဆက်သော ဟာသ..တခု
- နှာစေးနေသော ယုန်များနဲ့  အာပုပ်စော်နံ နေတဲ့ ခြသေ့င်္။
- ပူးသတ်ဖို့  အနားကပ်လာတဲ့ အမေရိကန်..
- ဘေးမဲ့  တောက မဆလပြုတ်တွေ..လှုပ်စိလှုပ်စိ ရှင်သန်နေဆဲ
- အားကစားစိတ်ဓါတ် နဲ့ နအဖ ကို အပြီး သတ်ကြရအောင်
- ရီစရာဖတ်ရင် ရှူရှူ ထွက်တတ်သူများ မဖတ်ရ
- ထီကနဲ ဟေ့ ဆိုတာနဲ့ ....ကွဲပြဲတာ မြန်မာ့ စစ်တပ်
- NLD အထူးကြေငြာချက်အမှတ် - ၅ / ၀၉ / ၀၉
- မြန်မာ့အရေး နိုင်ငံတကာက ပိုမိုတွန်းအားပေးဖို့ ဘန်က...
- နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့်ပတ်သတ်၍ကျေညာ...
- လိမ်တဲ့ ညာတယ်..လူညာကြီးတွေ
- စစ်အစိုးရနဲ့ပူးပေါင်းသွားတဲ့ သစ္စာဖောက် ကိုထွတ်
- မျိုးဆက်သစ် လူငယ်များ အစည်းအရုံး မှ သီချင်း ၇ ပုဒ်
-
▼
September
(240)
No comments:
Post a Comment