Sunday, September 27, 2009

၂ နှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေး အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ မှ လှုပ်ရှားမှု

အကြောင်းအရာ ။    ။ ၂ နှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှု သတင်း ပေးပို့ခြင်း

        ကျွန်တော်တို့ အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ မှ ယနေ့ (၂၇.၉.၂၀၀၉) နေ့တွင် မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား၊ ကလေး၊ လာရှိုး၊ ပင်လုံ နှင့် ရွှေဘို မြို့များတွင် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါ ၄” x ၆” အရွယ်အစားရှိ ပို့စကဒ် အစောင်ရေ (၁၀၀၀) ကျော်အား ဖြန့်ဝေသည့် လှုပ်ရှားမှုအား ပြုလုပ်ခဲ့ ကြောင်း သတင်းပေးပို့အပ်ပါသည်။

        ထိုလှုပ်ရှားမှု ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရား သားတော် အရှင်သူမြတ်များ သွေမြေ ကျခဲ့သော ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကို ဦးညွတ် အလေးပြုသည့် အနေဖြင့် လည်းကောင်း ၊ သံဃာတော်များ ဦးဆောင်ပြီး ပြုလုပ်မည့် တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီး မှတဆင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို ထောက်ခံသော အားဖြင့် လည်းကောင်း ပြုလုပ် ရခြင်း ဖြစ်ပါသည်။

        ထို့အပြင် တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီးမှ တဆင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးတွင် ကျွန်တော်တို့ အထက် ဗမာပြည် ကျောင်းသား သမဂ္ဂမှ သံဃာတော် အရှင်မြတ်များ နှင့် အတူ လက်တွဲပြီး အောင်ပွဲရသည် အထိ စစ် အစိုးရအား တိုက်ပွဲဝင် သွားမည် ဖြစ်ပါသည်။

အသေးစိတ် အချက်အလက် များကို သိရှိလိုပါက အွန်လိုင်းမှ တဆင့် အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ အီးမေးလ် ubst.burma@gmail.com သို့ မေးမြန်း နိုင်ပါသည်။

လေးစားစွာဖြင့်

သန်းနိုင်
တွဲဖက် အထွေထွေ အတွင်းရေးမှူး
အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်