ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် ဆရာတော်ကြီးများတွင် တာဝန်ရှိဟု
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လျှောက်ထား
NEJ / ၂၄ စက်တင်ဘာ ၂၀၀၉
line
လာမည့်အောက်တိုဘာ (၃) ရက်၊ သီတင်းကျွတ်လပြည့် (၁၅) ရက်နေ့တွင် မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ကမ္မ၀ါရွတ်ဆိုရာတွင် သံဃာ့နာယကဆရာတော်ကြီးများလည်း ပါဝင်ရန် တာဝန်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသည်။
“အဲဒါကတော့ ၀ိနည်းဥပဒေကံနဲ့အညီ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးတွေမှာလည်း တာဝန်ရှိတယ်။ သူတို့လည်း သံဃာတပါးဖြစ်တယ်။ သူတို့က ပစ္စည်းလာဘ်လာဘကို မကြည့်ဘဲနဲ့ မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကိုပဲ ကြည့်မယ်ဆိုရင် သူတို့ ကြိမ်းသေမုချလုပ်ရမှာပဲ။ အဲဒါကို သူတို့ကိုယ်တိုင်က ဆန့်ကျင်ပြီးတော့ အစိုးရဘက်လိုက်မယ်ဆိုရင်တော့ သူတို့ကိုယ်တိုင်က မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို ချိုးဖောက်သောသူဖြစ်တယ်ပေါ့။ ဒါကတော့ ၀ိနည်းဥပဒေကို လေးစားမှု ရှိမရှိနဲ့၊ လိုက်နာမှုရှိမရှိ စံချိန်နဲ့ သတ်မှတ်ရမှာပဲ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယက မိန့်ကြားသည်။
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နအဖအနေဖြင့် ဖမ်းဆီးထားသည့်သံဃာတော်များအား ပြန်လွှတ်ပေးရန်နှင့် သာသနာတော်အပေါ် စော်ကားထားမှုများအား ၀န်ချတောင်းပန်ရန် တောင်းဆိုထားပြီး ယင်းသို့မလုပ်ဆောင်ပါက လာမည့် အောက်တိုဘာ (၃) ရက်တွင် နိုင်ငံတ၀န်းရှိ သံဃာတော်အားလုံး သပိတ်မှောက်ကံဆောင်ရန် နှိုးဆော်ထားသည်။ ယင်းသို့ ကံဆောင်ရာတွင် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများလည်း သပိတ်မှောက်ကံဆောင်ပေးကြရန် စက်တင်ဘာ (၁၇) ရက်နေ့တွင် ထပ်မံလျှောက်ထားခဲ့သည်။
“ဦးဇင်းတို့ကတော့ ဆရာတော်တွေ တညီတညွတ်တည်းနဲ့ တာဝန်အရှိဆုံးဆိုပြီးတော့ လျှောက်တာပေါ့လေ။ တကယ်လုပ်ပေးဖို့ကတော့ ဆရာတော်တွေ သူတို့တာဝန်ကျေပွန်စွာနဲ့ ထမ်းဆောင်၏၊ မထမ်းဆောင်၏ဆိုတာတော့ ကျိန်းသေပြောလို့မရဘူးပေါ့။ တချို့ဆရာတော်ကြီးတွေကတော့ ထမ်းဆောင်ကြမယ်လို့ စကားအဖြစ်ရထားတာတွေတော့ ရှိတယ်ပေါ့” ဟု အရှင်ဣဿရိယက မိန့်ဆိုသည်။
ပတ္တနိက္ကုဇ္ဇနကံဆောင်မှု ပြုလုပ်သည်ဆိုရာတွင် တတိုင်းပြည်လုံးမှ ကျောင်းများအားလုံး၊ သံဃာတော်များအားလုံး တပြိုင်နက်တည်း သပိတ်မှောက်ကမ္မ၀ါစာကို ရွတ်ဆိုမှ အောင်မြင်ခြင်းမဟုတ်ဘဲ သိမ်တခု ကျောင်းတကျောင်းကျောင်းမှ သံဃာများက ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာများ ရွတ်ဆိုကာ သပိတ်မှောက်ကံဆောင်လိုက်သည်ကို ကျန်သံဃာများက အသိအမှတ်ပြုလိုက်ပါက အထမြောက်သည်ဟု အရှင် ဣဿရိယက ရှင်းလင်းမိန့်ဆိုသည်။
၎င်းက “တတိုင်းပြည်လုံးက သံဃာတော်တွေအကုန်လုံးက လိုက်ပြီးတော့မှ သပိတ်မှောက်ကမ္မ၀ါစာကို ရွတ်ဆိုမှ အောင်မြင်တာ မဟုတ်ဘူး။ သိမ်ထဲမှာ သံဃာ (၄) ပါးနဲ့ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်လိုက်ပြီဆိုရင်ကို ကျန်တဲ့သံဃာတွေက သပိတ်မှောက် ကံဆောင် တာကို အသိအမှတ်ပြုလိုက်ရင် အထမြောက်သွားတယ်။ သံဃာလုပ်တဲ့ကံဖြစ်တဲ့အတွက်ကြောင့် မဖြစ်မနေ ကျန်သံဃာတွေက လိုက်နာရတယ်။ သံဃာ (၄) ပါးဆိုရင် သံဃာ့ကံဖြစ်သွားတယ်။ အကုန်လုံးက ဒီကံကို လေးစားလိုက်နာရတယ်။ ဒါကြောင့် မဖြစ်မနေ အဲလိုလုပ်ပြီးသွားလို့ မလိုက်နာရင် မြတ်စွာဘုရားရဲ့ဝိနည်းတော်ကို ချိုးဖောက်တဲ့အတွက်ကြောင့် အဲဒီမလိုက်နာတဲ့သံဃာက အပြစ်ရှိသွားတယ်” ဟု မိန့်ဆိုသည်။
နအဖစစ်အစိုးရက သံဃာတော်အပါး (၂၄၀) နှင့် သီလရှင် (၁၀) ပါးတို့အား အကျဉ်းထောင်ထဲတွင် ဖမ်းဆီးအကျဉ်းချထားပြီး ယခုလည်း သံဃာတော်များအား ဆက်လက် ဖမ်းဆီးမှုများရှိနေကြောင်း၊ အချို့သံဃာတော်များမှာ ကျောင်းတိုက်တွင်မနေရဲဘဲ ထွက်ပြေး တိမ်း ရှောင် နေရပြီး လူဝတ်လဲကုန်ကြရသည်များ ရှိသဖြင့် သာသနာတော်ပျက်စီးဆုတ်ယုတ်လာသည့် အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း သံဃာ့တပ်ပေါင်းစုအဖွဲ့က ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် သာသနာတော်တွင် အန္တရာယ်ကြုံတွေ့လာပါက မြတ်စွာဘုရားချမှတ်ထားသည့် ၀ိနည်းဒေသနာတော်နှင့်အညီ ပတ္တနိက္ကုဇ္ဇန ကံဆောင် တားမြစ်ပိတ်ပင် ကာကွယ်ရမည်ဖြစ်သဖြင့် သပိတ်မှောက်ပွဲကို သာသနာတော်တွင် တာဝန်အရှိဆုံး ဆရာတော်ကြီးများ ကိုယ်တိုင် ဦးဆောင်ပါဝင်ကြရန် လျှောက်ထားတိုက်တွန်းထားသည်။ ခေတ်ပြိုင်သတင်းပါ။
Thursday, September 24, 2009
နှာစေးနေသော ယုန်များနဲ့  အာပုပ်စော်နံ နေတဲ့ ခြသေ့င်္။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
September
(240)
- အနာဂတ်မဲ့နေသော ကျနော်တို့ ၏သွေးချင်းများ
- ဒီလူတွေ ကိုသတိထား ( လောက်ကောင်များ..)
- အသျှင် ဦးဂမ္ဘီရနှင့် အသျှင် စန္ဒြာမုနိတို့အား ဦးဥတ...
- ကျွန်ခံကြမလား..တော်လှန်ကြမလားဟေ့
- အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ထုတ်ပြန် ကြေငြာချက်
- နိုင်ငံကျော် သူတောင်းစားများ..
- စက်တင်ဘာ ၃၀ ရက် သတင်းများ..၂၀၀၉
- နယူးယောက်မြန်မာ သင်္ကြန်က ကော်ဖီရည်နဲ့ ပက်တယ်ဂျ..
- မြန်မာငွေ..ဘယ်လောက်မာသလည်း
- သာသနာ့ကျိန်စာ
- ၀န်မင်းတို့ ၏ ဇာတ်သိမ်း..
- နှလုံးသားထဲက ရွှေဝါရောင် ၂၀၀၇ ခုနှစ် စက်တင်ဘလ ၂၆ ရက...
- နယူးယောက် မြို့ ဆန္ဒ ပြပွဲ ဓါတ်ပုံများ
- ကံဆိုးသူ ၀န်ကြီးချူပ်..အရင်တယောက်က အသေထွက်..သူက အရ...
- ဖိနပ်ပြီးရင် ဒုတ်စာလာမယ်...ထွက်ရဲရင်ထွက်ကြည့်
- စော်ကားလွန်းလှတဲ့ Apple ရဲ့ လုပ်ရပ်ပါ
- ဘာမှလည်း မဆိုင်ဘူး...အာဆီယံ။
- ချိုကုပ်ဒူးဂျီးကြီးထံ သတင်းပေးပို့ အစီရင်ခံစာ
- အဓမ္မတရားများဖယ်ရှားပြီး ဓမ္မအစားထိုးရေးလမ်းစဉ် စတင်...
- Candlelight Virgil for Political prisoner in Burma
- ကိုညီညီအောင်
- U.S. Burma Policy Review Conclusions
- အလုယက်ခံထားရသူက..သူခိုးကိုပေးတဲ့စာ ( လူမိုက်ထံ ယဉ်...
- လက်ဆင့်ကမ်းဖြန့်ဝေပေးကြပါ။ နီးစပ်ရာ သံဃာ့မဟာနာယကအဖ...
- ဟီးဟီး..ကြောက်သွားပြီလား ဒါ မိုးပေါ်ထောင်ပစ်ရုံဘဲရှ...
- နစက တပ်သား တဦး မိမိကိုယ်ကို အဆုံးစီရင်
- JAPAN-(NAGOYA) ရွှေဝါရောင်သတင်း..
- ဖိနပ်တစ်ဖက် ချစ်သူများ၏ လက်ဆောင်
- 2nd Anniversary of Burma's Saffron Revolution Prot...
- ချစ်၍ကျီစားတယ်..ဘွာတေးဘွာတေး
- လူနည်းပေမဲ့ သွေးမကျဲ တဲ့ နယူးယောက် တိုက်ပွဲ
- နိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်း ဖိနပ်ဖြင့်ပြစ်ပေါက...
- နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင် ရှု...
- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သုတေသနနှင့်ဝေဖန် သုံ...
- ရွှေဝါရောင် တော်လှန်ရေးကြီး (၂) နှစ်ပြည့် အထိမ်းအမှ...
- တရားမထိုင် ဓားကိုင်ကြစို့ 
- ၀ံချီးချုပ်ရာထူးအတွက် သူ့ ကိုယ်သူတောင်ထီးတစ်လက် အပ...
- စစ်အစိုးရ၀န်ကြီးချုပ် ကုလအထွေထွေညီလာခံမှာ ဒီနေ့မိန...
- အီရန်ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်
- အာဖဂန်က တပ်ဖွဲ့ ရုပ်သိမ်းရေး အမေရိကန်ကာကွယ်ရေးဝန်ြ...
- အင်န်အယ်ဒီပါတီ ၂၁ နှစ်ပြည့် ကြေငြာချက်ထုတ်ပြန်
- သံတမန်အချို့နှင့်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည်ေ...
- တိုက်ပွဲသတင်း ( စက်တင်ဘာ ၂၇၊ ၂၀၀၉)
- ပြည်သူ့ ငြိမ်းချမ်းရေး တိုက်ပွဲ
- ဥဒါန်း ဘယ်ခါ ကြေအံ့နည်း
- ၂ နှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေး အထက် ဗမာပြည် ကေ...
- အပေါ်ယံ မျက်နှာဖုံးပါးအောက်က..တကဲ့ မြန်မာ..
- လိမ်တဲ့ ညာနေတဲ့ နအဖ မြန်မာ media
- ဗိုလ်ချုပ်မရှိတဲ့ နောက်...
- ရွှေဝါရောင် မော်ကွန်းအစ ပခုက္ကူ က
- စက်တင်ဘာ ၂၇ ရက် သတင်းများ..၂၀၀၉
- ဘာဝယ်လို့ ရမလည်း..ငွေ ၅၀၀၀ တန်
- နိုင်ငံတကာ လူကူးသန်းရောင်းဝယ်မှု (Human Trafficking )
- လက်စွပ်တကားကား သူခိုးစစ်သားများ..
- အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ ၂ နှစ်ပြည့်ရွှေဝါ ရောင်...
- ချီးဒုတ်ကနောင်းသုံး၍ တောပြုန်းမဲ့အရေးက ကာကွယ်ရန် န...
- ဒို့ အားလုံး၏ အဓိက တာဝန်
- မင်းတြားကြီးရဲ့ သြ၀ါဒ
- ဟွန်း..ရှင်ဘုရင်ကိုယ်တိုင်က ဓါးပြ...ကျောချခံရမယ် သ...
- အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်...
- ဂျပန်သတင်းထောက် နာဂအိဂန်းဂျိအသတ်ခံရမှု ၂နှစ်ပြည့်အထ...
- သံဃာ့သွေး မြေကျခဲ့ရခြင်း နှစ်ပတ်လည် လှုပ်ရှားမှုပြ...
- ဒကာနှင့် သာသနာ = ရေနဲ့ ကြာ
- မိုးမခဆောင်းပါးနှင့်ပတ်သက်၍ အရှင်ထာဝရမှ ရှုင်းလင်း...
- ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့် ဆန္ဒပြလှုပ်ရှားမှုပ...
- စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်အထိ...
- အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံ(တစ်ခြားသူမဟုတ်ပါကျွန်တေ...
- ဗိုလ်ချုပ်မှူးကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် စာရေးသာ...
- ကိုးကန့်တိုက်ပွဲနှင့်ပတ်သက်ပြီး တရုတ်က မြန်မာကို သ...
- ပါတီ လူငယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလို
- ဆော်ဒီတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသားနှင့် အမျို...
- ရွှေဝါရောင် ၂ နှစ်ပြည့် ဆန္ဒပြပွဲများ
- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒသစ် ရှေ့တပတ်မှာ...
- ထိန်းသိမ်းခံ ကိုညီညီအောင်အတွက် လွတ်ငြိမ်းချမ်းသာခွ...
- အီရတ်အကျဉ်းထောင်ဖောက်မှု သေဒဏ်ကျခံအကျဉ်းသားများ လွတ...
- ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် လစ်ဗျားခေါင်းဆောင် ပြွဲ...
- အီရန်နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန်အသင့်ဟု အစ္စရေးနို...
- ထမင်းစားတိုင်း သတိရတယ်
- အစိုးရနှင့်အတိုက်အခံ နှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေ...
- လေဆိပ်တွင် ဖမ်းဆီးခံရသူကို ဆေးကုပေးရန် လူ့အခွင့်အေ...
- ရန်ကုန်က မိန်းကလေးတွေ တိုးတက်နေပြီလား
- အလိုရှိသည်
- စစ်အစိုး၏ ၂၀၁၀ရွေးကောက်ပွဲကို ဝင်မည့် ၄၃ဦးစာရင်း
- အကြမ်းဖက်မှူသာ နအဖ၏၀ါဒ
- ကျပ်၅၀၀၀ တန် ငွေစက္ကူ အသစ် များကို လာမည့် အောက်တို...
- ဒေါ်အောင်ဆန်းစုကြည် SANCTION နှင့်ပတ်သတ်၍ စဉ်းစားထာ...
- မြန်မာအလင်း မှ တင်ဆက်သော ဟာသ..တခု
- နှာစေးနေသော ယုန်များနဲ့  အာပုပ်စော်နံ နေတဲ့ ခြသေ့င်္။
- ပူးသတ်ဖို့  အနားကပ်လာတဲ့ အမေရိကန်..
- ဘေးမဲ့  တောက မဆလပြုတ်တွေ..လှုပ်စိလှုပ်စိ ရှင်သန်နေဆဲ
- အားကစားစိတ်ဓါတ် နဲ့ နအဖ ကို အပြီး သတ်ကြရအောင်
- ရီစရာဖတ်ရင် ရှူရှူ ထွက်တတ်သူများ မဖတ်ရ
- ထီကနဲ ဟေ့ ဆိုတာနဲ့ ....ကွဲပြဲတာ မြန်မာ့ စစ်တပ်
- NLD အထူးကြေငြာချက်အမှတ် - ၅ / ၀၉ / ၀၉
- မြန်မာ့အရေး နိုင်ငံတကာက ပိုမိုတွန်းအားပေးဖို့ ဘန်က...
- နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့်ပတ်သတ်၍ကျေညာ...
- လိမ်တဲ့ ညာတယ်..လူညာကြီးတွေ
- စစ်အစိုးရနဲ့ပူးပေါင်းသွားတဲ့ သစ္စာဖောက် ကိုထွတ်
- မျိုးဆက်သစ် လူငယ်များ အစည်းအရုံး မှ သီချင်း ၇ ပုဒ်
-
▼
September
(240)
No comments:
Post a Comment