Thursday, September 24, 2009

ကျပ်၅၀၀၀ တန် ငွေစက္ကူ အသစ် များကို လာမည့် အောက်တိုဘာလ ၁ရက်နေ့တွင် စတင်သုံးစွဲမည်ဟု ကြေငြာ


နအဖ၏ ရုပ်မြင်သံကြား ဌာနများက ယနေ့ည ၈နာရီ သတင်းတွင် ကျပ်၅၀၀၀ တန် ငွေစက္ကူ အသစ်များကို ထုတ်ဝေထားပြီး လာမည့် အောက်တိုဘာလ တရက်နေ့ ဝန်ထမ်းများ လစာထုတ်သည့် နေ့မှစ၍ စတင်သုံးစွဲ မည်ဖြစ်ကြောင်း ယနေ့ည ၈နာရီ သတင်းတွင် ထုတ်ပြန်ကြေငြာ သွားပါသည်။

ထို ငါးထောင်တန် ငွေစက္ကူ၏ တဖက်တွင် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် ဆင်ပုံနှင့် အခြားတဖက်တွင် ပြည်သု့လွှတ်တော် အဆောက်အဦး၏ ပုံပါဝင်ပါသည်။
ထိုသို့ ၅၀၀၀တန်များ ထုတ်ဝေရသည့် အကြောင်း အပေါ် မည်သည့် အကြောင်းပြချက်မှ ပေးသွားခြင်း မရှိခဲ့သော်လည်း ထိုသို့ ငွေကျပ် ငါးထောင်တန် များထုတ်ပြန်ရသည့် အဖြစ်အပျက်သည် ငွေကြေးဖေါင်းပွမှုများ အလွန်အကျွံဖြစ်လာသည့် အခြေအနေဖြစ်ပြီး ထိုသို့ ငါးထောင်တန်များ ထုတ်ဝေခြင်းကြောင့် ငွေကြေးဖေါင်းပွမှု ပမာဏသည် ၅ဆ တိုးလာသည့် အခြေအနေဖြစ်ကြောင်းနှင့် ထိုသို့ထုတ်ဝေမှု အပေါ် မူတည်၍ ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်လာမည်မှာ သေချာနေသလို ထိုအကျပ်အတည်းများကြောင့် လူထု အုံကြွမှုများလည်း ဖြစ်လာနိုင်စရာရှိနေကြောင်း စီးပွါးရေး ပညာရှင်များနှင့် နိုင်ငံရေး သုံးသပ်သူများက သုံးသပ် ပြောဆိုမှုများ ရှိနေပါသည်။

ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ) မှ
ဓါတ်ပုံတော့ ကိုမိုးသီးဆီက ခိုးလာပါတယ်ဗျို့ ။ သူပြောတာကတော့ နအဖ သတင်းရပ်ကွက်ကလာတဲ့ သတင်းများအရ သန်းရွှေမင်းဆက်ကို နစ် ၅ ထောင် တိုင်တည် တန့် အောင် ရည်ရွယ်ချက်နဲ့ ထုတ်ဝေတာလို့ သိရပါတယ်။ သန်းရွှေ မိသားစု လက်စွဲ အဘထွန်းဆိုတဲ့ ဘိုးတော် ငကြောင်ကြီး တကောင် က အကြံပေးလိုက်တာလို့ သိရပါတယ်။ သန်းရွှေ ကကျောက်ဆည်သား၊ ကျောက်ဆည်မြို့ ရဲ့ အထိမ်းအမှတ်က ဆင် တကောင်ပုံဖြစ်တဲ့အတွက် ငွေစက္ကူမှာ
ဆင်တကောင်ပုံကို ဘိုးတော် က ထည့် ခိုင်းတာလို့ သိရပါတယ်။ တဲ့

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်