Friday, September 11, 2009

အမျိုးသမီးများ စကတ်အတွင်းပိုင်းကို ဖုန်း ဖြင့် ခိုးရိုက်သူ အပြစ်ပေး

Yangon Times စင်ကာပူတွင် ဆောက်လုပ်ရေး လုပ်သားအဖြစ် လုပ်ကိုင်နေသည့် မြန်မာအမျိုးသား တစ်ဦးကို အမျိုးသမီး ၂၀ ခန့်အား သူ၏ မိုဘိုင်းလ်ဖုန်းဖြင့် စကတ်အတွင်း ပိုင်းများအား မဖွယ်မရာ ရိုက်ယူ ခဲ့မှုဖြင့် စင်ကာပူရဲက ဖမ်းဆီးခဲ့ကာ ထောင်ဒဏ် ၁၂ပတ် အပြစ်ပေးခဲ့ကြောင်း စက်တင်ဘာ၃ ရက်ထုတ် စထရိတ်တိုင်းမ် သတင်းစာတွင် ရေးသားထား သည်။ အသက် ၂၇နှစ်အရွယ် ချစ်စမ်းမောင် သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီအထိ အမျိုးသမီးများ၏ ကိုယ်ရေး လုံခြုံမှုကို ချိုးဖောက်ကျူးလွန် သည့် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ဇန်နဝါရီ ၁၁ရက်က စင်ကာပူနိုင်ငံ ဆင်ဘာဝမ်း အရပ်ရှိ ဆန်းပလာဇာ ကုန်တိုက်ကြီးတွင် အသက် ၃၃နှစ်အရွယ် အမျိုးသမီး တစ်ဦးအား သူ၏ ဆဲလ်ဖုန်းဖြင့် စကတ် အတွင်းပိုင်းကို ခိုးရိုက်စဉ် ထိုအမျိုးသမီး၏ ယောကျာ်းဖြစ်သူက လက်ပူးလက်ကြပ် မိခဲ့ သည်။ သူက ထွက်ပြေးဖို့ ကြိုးစားသော်လည်း နောက်ဆုံးတွင် ရဲများက သူ့ကို ဖမ်းမိခဲ့သည်။ သူ့ဆဲလ်ဖုန်းကို စစ်ဆေး ကြည့်ရာ ထိုအမျိုးသမီး၏ ဓာတ်ပုံအပြင် ဒီဇင်ဘာ၁၃ နှင့် ၂၅ရက်များတွင် ရိုက်ကူးထားသည့် အခြားအမျိုးသမီး နှစ်ဦး ၏ စကတ်အတွင်ပိုင်း ပုံများကိုပါ တွေ့ရှိခဲ့သည်။ သူ့အမှုအတွက် အခြားသော အလားတူအမှု ၁၈မှုကိုပါ ထည့်သွင်း စဉ်းစားခဲ့သည်။ ထိုအမှုအတွက် ထောင်တစ်နှစ် သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ယင်းတို့ နှစ်မျိုးစလုံးကို တစ်ပြိုင်နက် ချမှတ်နိုင် သော် လည်း တရားရုံးက သူ့ကို ထောင်၁၂ပတ်သာ လျှော့ပေါ့အပြစ် ပေးခဲ့သည်။ ချစ်စမ်းမောင်က သူအလွန်ဝမ်းနည်း ကြောင်း နှင့် နောက်နောင် ထိုကဲ့သို့သော အလုပ်မျိုးကို ဘယ်တော့မှ မလုပ်တော့ပါဟု တရားရုံးတွင် ကတိပေးခဲ့ သည်ဟု သတင်းစာက ရေးသားထားသည်။source by(MMIC)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်