Thursday, July 2, 2009

တေဇရဲ့ ရန်ကုန်ယူနိုင်တက်အသင်း ကလိမ်ကကျစ်ကျပြီး MNL CUP ယူဖို့ ကြိုးစားနေပြီ

မနေ့တနေ့ ကမှစခဲ့တဲ့ MNL Cup မှာ နှစ်ပါတ်တောင်မလည်သေးဘူး အာဏာတွေ ပါဝါတွေ ပါလာပြီ။ တေဇရဲ့ ရန်ကုန်ယူနိုက်အသင်းဟာ ဒိုင်တွေအကူအညီနဲ့ ဗိုလ်လုပွဲအထိ ရောက်လာခဲ့ပြီဟု ဘောလုံးပွဲနဲ့ ပါတ်သက်တဲ့ အမည်မဖော်လိုသူတစ်ယောက်က ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံ ဘောလုံးဥက္ကဌ ဖြစ်တဲ့ မက်စ် ဇော်ဇော်ကလည်း တေဇ ဖက်ကို ပါနေတယ်လို့သိရပါတယ်။ အခုဆိုရင် တေဇအသင်းဟာ ဗိုလ်လုပွဲကို တက်ရောက် လာခဲ့ပါပြီး မကွေး FC နဲ့ အကြိုဗိုလ်လုပွဲမှာတုန်းကလည်း မကွေး FC အသင်းက အလျော့ပေးခဲ့လို့ တေဇအသင်းဟာ ဗိုလ်လုပွဲကို တက်ခဲ့ရတာလို့ ပရိသတ်တွေကပြောနေကြပါတယ်။ အခုလည်း စိုင်းစံထွန်း ပိုင်တဲ့ ရတနာပုံ FC နဲ့ ဗိုလ်လုပွဲမှာ တွေ့ကြတော့မှာဖြစ်ပါတယ်။ ရတနာပုံ FC အသင်းအတွက်ကိုလဲ လက်မှတ် ၂၅ဝဝ ဘဲ ပေးခဲ့ပါတယ်။ ရန်ကုန်က ရတနာပုံ FC ပရိသတ်တွေ ကလည်း ဘောလုံးပွဲလက်မှတ်ကို မနက် ၅ နာရီထဲကသွားပြီးတန်းစီနေရတယ်လို့ လည်းသိရပါတယ်။ "ရတနာပုံနိုင်ရင်ဖျက်ဆီးပစ်မယ်ဆိုတာ ကြားတော့ ကားသမားတွေကမလိုက်ရဲဘူး" ဟု ရတနာပုံ FC ပရိသတ်တစ်ယောက်ကလည်းပြောကြားခဲ့ပါတယ်။ သန်းရွှေမြေး ကျက်သရေ ကောင်လေးကတော့ ရတနာပုံ FC ပရိသတ်ဖြစ်ပြီး စိုင်းစံထွန်းနဲု့ ရတနာပုံ FC ပွဲတိုင်းအတူကြည့်တယ်လို့သိရပါတယ်။ ဒီလို ပုံစံမျိုးနဲ့ မြန်မာအားကစား ကမ္ဘာကိုလွှမ်းရဘဲ လွမ်းနေရတာလဲ ကြာလပါပြီ။ အမှန်တကယ်တော့ ဒီဘောလုံးပွဲက ပြည်သူတွေကို အာရုံလည့်ထားတာတစ်ခုပါ။


Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်