Monday, July 6, 2009

ချွေးနဲစာလေးတွေ ပါပြန်ပြီ

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်တွင်ရဲစခန်းရှေ့တွင်ရှိသောဆိုင်ခန်းများကို ဂျူလိုင် လ ၁၂ ရက်နေ့အပြီးဖျက်သိမ်းပေးဘို့ ရဲစခန်းမှတာဝန်ရှိသူများက ဆိုင်ခန်းပိုင်ရှင် များကို အကြောင်းကြားလိုက်ပါသည်။

သတင်းပေးသူက .. “ကျနော်အရင်တုံးကသိမ်းတယ်ဘာတယ်တော့ကြားဘူးပါတယ်..ကိုယ့်ပစ္စည်းမထိခဲ့လို့လား တော့မသိဘူး..သိပ်မခံစားခဲ့ရဘူး..အခုကိုယ်နဲ့အရင်းနှီးဆုံးမိတ်ဆွေတွေရဲ့ခံစားမှုကကိုယ့်ကိုကူးစက်တော့မှ..မတရားလုပ်ခြင်းခံရတဲ့ အရသာက တော်တော်ဆိုးမှန်းသိတော့တယ်..”ဟုပြောပါသည်။

သတင်းပေးသူပဲဆက်ပြီးတော့...
“အရင်တုံးကလည်း၊ သူတို့စစ်ဦးစီးကဗိုလ်မှူးတွေ၊လူကြီးတွေဂေါက်ရိုက်ဘို့အတွက် ပြည်သူတွေရဲ့ ခြံမြေတွေလည်း၊ ပက်ပက်စက်စက် သိမ်းခဲ့တာပဲလေ။ ပြီးတော့မကောင်းတဲ့နေရာတွေမှာ နေရာပြန်ပေးခဲ့တယ်။”

“ အခုဆိုင်ခန်းတွေထဲမှာဆိုရင်ကျနော့မိတ်ဆွေရဲ့ဆိုင်ခန်းဆိုရင်၊ ၀ယ်ထားတာ ၃နှစ်ပဲရှိသေးတာဗျ။ အရင်းတောင်မကြေသေးဘူး။ ဘာကြောင့်ဖျက်ခိုင်းမှန်းလည်းမသိရဘူး။”

“ဆိုင်ခန်းတွေကတချို့ကသိန်း၄၀၊ တချို့ကသိန်း၅၀ထိတန်ပါတယ်..အစိုးရရဲ့ရန်ပုံငွေလိုတုန်းကတော့သဘောတူရောင်းချပြီး..ဖျက်ချင်တော့လည်းဘာမှကတိသစ္စာမရှိပဲဖျက်ပြန်တယ်..ဒီလိုသေးသေးလေးတွေပေါ်မှာတောငှ်သစ္စာတရာမရှိတဲ့အစိုးရမျိုးက
ပြည်သူတွေကိုစစ်မှန်တဲ့ဒီမိုကရေပေးမယ်ဆိုတာယုံရခက်ကြီးပါ၊ မခံနိုင်လွန်းလို့သတင်းပေးပြောဆိုတာပါဗျာ။” ပြောပါသည်။

သတင်းပေးသူရဲ့သတင်းကောလဟာသ ဟုတ်မဟုတ် ၁၂ရက်နေ့မှာ စောင့်ကြည့်ရမှာဖြစ်ပါသည်။
ပေးပို့ သူ စောဒီးဒီး အားကျေးဇူးပါ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်