Friday, July 3, 2009

ကိုယ့်ရင်ဘတ် ကိုယ်ပန်းထိုးတာတောင် ကြောက်နေရပါလား

နှင်းဆီပန်းအ၀ါရောင် ရင်ဘတ်တွင်ထိုးသောကြောင့် အကြမ်းဖက်ဝင်ဖမ်း

ဇူလိုင် ၃၊ ၂၀၀၉။
ယနေ နံနက် ၁၂ နာရီ ၀န်းကျင်ခန့်တွင် ရန်ကုန်မြို့၊ အင်းစိန်ဈေးရှေ့လမ်း အင်းစိန်မီးသတ်အနီး၌ အ၀ါရောင်ပန်းများ ရင်ဘတ်တွင်ထိုးထားသည့် အမျိုးသမီးများအား စစ်အစိုးရလက်ပါးစေများက အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြပါသည်။
ရင်ဘတ်တွင် အ၀ါရောင်ပန်းများထိုးထားသော အမျိုးသမီး ၃ ဦးသည် အနီးပတ်ဝန်း ကျင်ရှိလူများကိုလည်း အ၀ါရောင်ပန်းများ ဝေငှနေရာ ထိုအမျိုးသမီး ၃ ဦးကို တဦးလျှင် အရပ်ဝတ် အမျိုးသမီး ၅ ဦးနှုန်းဖြင့် အတင်းဝင်ရောက်၍ ရင်ဘတ်မှပန်းများကို ဆွဲဖြုတ်ကာ အနီးတွင်ရှိနေသည့်ကားပေါ် ဆွဲတင်ဖမ်းဆီးသွား ခဲ့ကြပါသည်။

ထို အမျိုးသမီး ၃ ဦးမှာ ကြည့်မြင်တိုင်မြို့နယ်နေ မကြည်ကြည်ဝင်း၊ စမ်းချောင်းမြို့နယ်နေ မတင်တင်ဝင်း၊ အကျဉ်းကျနေသော သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်၏ဇနီး ဒေါ်စန်းနွဲ့တို့ဖြစ်ကြသည်။ မကြည်ကြည်ဝင်းက ဘာဖြစ်လို့ဖမ်းရတာလဲလို့ ပြန်လည်မေးမြန်းနေသည့်အခါ နှင်းဆီ အ၀ါထိုးလို့ဖမ်းတာဟု ပြောဆိုပြီး၊ ရင်ဘတ်မှ ပန်းများကို ဆွဲဖြုတ်ကာ အ၀ါရောင် နှင်းဆီပန်းများ အားလုံးကိုလည်း သိမ်းသွားကြောင်း သိရပါသည်။
ထို့နောက် ပြန်လှန်ပြောဆိုသော မကြည်ကြည်ဝင်းကိုထားခဲ့ကာ မတင်တင်ဝင်းနှင့် ဒေါ်စန်းနွဲ့တို့ကို အရပ်ဝတ်အမျိုးသမီး များက အုပ်လိုက်ဝိုင်း၍ ဖမ်းဆီးသွားကြသည်။

အ၀ါရောင်ဘက်တော်သား

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်