Wednesday, July 8, 2009

ကချင်ပြည်နယ်တွင် ရေကြီး၊ လူများစွာသေဆုံးနေ။

ကချင်ပြည်နယ်ဖါးကန့် ဒေသ မှာရေကြီးတဲအတွက် လူ ၁၀၀ ကျော်သေဆုံးပြီး ၁ ရာနီးပါး ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုတယ်။ အိမ်ခြေ ရာနဲ့ ချီပြီးပျက်ဆီးကုန်ကြတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်မှာ နအဖ၊တေဇ၊ ကချင်ပြည်နယ်လွတ်လပ်ရေးအဖွဲ့ ချုပ် ( KIO ) တို့ ပေါင်းပြီး သစ်ခုတ်ခြင်းနဲ့  ကျောက်စိမ်းတူးခြင်းတွေ ကို အကြီးအကျယ်လုပ်ဆောင်နေကြတဲ့အတွက် သဘ၀ပတ်ဝန်းကျင်တွေပျက်ဆီးကုန်ပါတယ်။ ရေကြီးခြင်း၊မိုးခေါင်းခြင်း အကျိုးဆက်တွေကိုလူထုက ခါးစည်းခံနေရပြီဖြစ်ပါတယ်။ ရေဘေးဒဏ်သင့် ကချင်လူထုကိုတော့ နအဖ နဲ့ ကေအိုင်အို က တာဝန်ရှိသူတွေလာရောက်ကူညီခြင်းလုံးဝမရှိသေးဘူးလို့ ဆိုပါတယ်။

နအဖနဲ့  ကေအိုင်အို ပေါင်းပြီး ကျောက်စိမ်းတွေဆက်တူးနေရင်တော့ ကချင်ပြည်နယ်တခုလုံး ပျက်ဆီးပြီး ကချင်လူထုမျော်မှန်းနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေအနေကတော့ ဝေးကွာနေဦးမှာဖြစ်ပါတယ်လို့  မရမ်ဆိုင်းဆိုတဲ့ ကချင်ကျောင်းသားတဦး ရင်ဖွင့်ပါတယ်။( ဓါတ်ပုံ- ကချင်ပြည်နယ် သဘ၀ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့  ။)
http://komoethee.blogspot.com/2009/07/blog-post_512.html ကိုမိုးသီးဘလော့မှ ရယူပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်