Tuesday, 07 July 2009 18:27 ဧရာဝတီ
မြန်မာနိုင်ငံရှိ နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ပြောဆိုခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ မိန့်ခွန်းကောက်နုတ်ချက်များ
၂၀၀၉ ခုနှစ်၊ ဇူလိုင် ၄ ရက်၊ ရန်ကုန်မြို့
လေးစားအပ်ပါသော သံအမတ်ကြီးများ၊ ဧည့်သည်တော်ကြီးများနှင့် လုပ်ဖော်ကိုင်ဖက်များ၊ လူကြီးမင်းများခင်ဗျာ
ယခုခရီးစဉ်ဟာ တနှစ်ကျော်ကာလအတွင်း ကျနော့်ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ ခရီးစဉ် နှစ်ခုစလုံးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ အချိန်များမှာ လာရောက်ခြင်းဖြစ်ပါတယ်
ကျနော့်ရဲ့ ပထမခရီးစဉ်ကတော့ ဆိုင်ကလုန်မုန်တိုင်း နာဂစ်တိုက်ခတ်ပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။ လူ့ အသက် ပေါင်းများစွာ သေကြေပျက်ဆီးပြီး ဒုက္ခပင်လယ် ဝေခဲ့ရတဲ့ အဲဒီုသဘာဝဘေးဒုက္ခကြီးဟာ တကကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံက လိုအပ်နေတဲ့ အချိန်မှာ ကမ္ဘာကြီးကလည်း ရက်ရက်ရောရော တုန့်ပြန်ခဲ့ပါတယ်။
မုန်တိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေမှာ အံ့သြစရာကောင်းလောက်အောင် ကြိုးပမ်းအား ထုတ်ခဲ့ကြတဲ့အတွက် ယခုတက်ရောက်လာကြသူ အားလုံးကို ကျနော့် အနေနဲ့ အထူး ကျေးဇူးတင်ရှိပါတယ်။
လူကြီးမင်းတို့ဟာ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ကြ သူတွေ ဖြစ်ပါတယ်။ လူထောင်ပေါင်းများစွာအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ပြန်လည်ရရှိစေဖို့ ဆောင်ရွက်နိုင်ခဲ့ပြီး မုန်တိုင်းဒဏ်ခံခဲ့ကြရတဲ့ လူ့ အဖွဲ့ အစည်းကို ပြန်လည်ရှင်သန် နိုးကြားစေခဲ့ပါတယ်။
ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -
အာရှတိုက်သား တဦးအနေနဲ့ကော၊ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ပါ ဆိုင်ကလုန်း နာဂစ်ရဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးကို ကျတော် နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပါတယ်။
ကျွန်တော်ဟာ အာရှတိုက်ရဲ့ ဒုတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။ ပထမ အထွေထွေ အတွင်းရေးမှူး ချုပ်ကတော့ မြန်မာနိုင်ငံက ဦးသန့်ပါ။ ကျွန်တော်ဟာ ဦးသန့်ရဲ့ လုပ်ဆောင်ချက် တွေကို လေးစား ကြည်ညိုသူဖြစ်ပြီး သူ့ရဲ့ အမျှော် အမြင်ကြီးမားလှတဲ့ စကားတွေကိုလည်း ပြန်လည်အောင့်မေ့ မိပါတယ်။
ဦးသန့်က `လူသားတဦးရဲ့ တန်ဖိုးဟာ တန်ဖိုးထားအပ်သမျှ အရာအားလုံးထဲမှာ တန်ဖိုးအရှိဆုံး ဖြစ်ပြီး ကျွန်ုပ်တို့ အားလုံး ကြိုးပမ်းအား ထုတ်မှုများရဲ့ အစလည်းဖြစ်သလို အဆုံးလည်းဖြစ်ပါတယ်။
အစိုးရများ၊ စံနစ်များ၊ အတွေး အခေါ် အယူအဆများနဲ့ အဖွဲ့အစည်းများဟာ ဖြစ်တည်ပြီး ပျက်ဆီးနိုင်ပါတယ်။ သို့ပေမယ့် လူသားမျိုး နွယ် ကတော့ ဆက်လက်တည်ရှိနေပါလိမ့်မယ်´ လို့ ပြောခဲ့ပါတယ်။
ကျနော် အခုလို ပြန်လည် လာရောက်ရခြင်းအကြောင်းရင်းက အဲဒါကြောင့်ပါ။
အထွေထွေအတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာပြည်သူတွေ သူတို့မျှော်လင့်တောင့်တ ပိုင်ခွင့်ရှိတဲ့ အရာတွေကို ရရှိနိုင် စေဖို့အတွက် အကူအညီပေးရမယ့် ကိစ္စဟာ အရေးအကြီးဆုံး လုပ်ငန်းတရပ်ဖြစ်ပါတယ်။
ကုလသမဂ္ဂဟာ ပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ ကောင်းမွန်တဲ့ ဘ၀တွေနဲ့ လူ့ဂုဏ်သိက္ခာာရှိရှိ နေထိုင်နိုင်စေဖို့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နေခြင်းဟာ ရွေးချယ်ထားတဲ့ နည်းလမ်းတခုမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ တာဝန်ဝတ္တရားသာ ဖြစ်ပါတယ်။
အခု ကျွန်တော် မြန်မာနိုင်ငံကိုလာရောက်ခြင်းဟာ ကုလသမဂ္ဂက မြန်မာပြည်သူတွေအပေါ်ထားရှိတဲ့ မယိမ်းယိုင်တဲ့ သံန္နိဌာန်ကို ပြသဖို့အတွက်ဖြစ်ပါသည်။
ဒီနေ့ ကျနော် ဒီနေရာကနေ ပြောချင်တာကတော့ မြန်မာပြည်သူများခင်ဗျား ခင်ဗျားတို့ဟာ အထီးကျန်နေသူများ မဟုတ်ပါဘူး။ စည်းလုံး ညီညွတ်ပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ ခေတ်သစ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ရာမှာ ခင်ဗျားတို့နဲ့ အတူတကွကျ နော် တို့လည်း ပါဝင်ချင်ပါတယ်။ ဆင်းရဲမွဲတေမှုကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့အတွက် ခင်ဗျားတို့ကို ကျနော်တို့ ကူညီချင် ပါတယ်။
မြန်မာနိုင်ငံဟာ လေးစားထိုက်ပြီး တာဝန်သိတတ်တဲ့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအဖြစ် နိုင်ငံတကာ အသိုင်းအ၀န်း ကြားမှာ ရပ်တည်လာ နိုင်စေဖို့ ကျနော်တို့လည်း ခင်ဗျားတို့နဲ့ အတူ ဆောင်ရွက်ချင်ပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိစေဖို့အတွက် ကျနော် တို့လည်း ခင်ဗျား တို့နဲ့ အတူတကွ ဆောင်ရွက်ချင်ပါတယ်။
သို့ပေမယ့် ကျွန်တော်အလေးအနက်ထား ပြောချင်တာကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း မရှိဘဲ ငြိမ်းချမ်း ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မရရှိနိုင်ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ချွင်းချက်မဟုတ်ပါဘူး။
ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -
စိန်ခေါ်မှုတွေကတော့ အများအပြားရှိနေပါတယ်။ ဒါပေမယ့် အဲဒီ စိန်ခေါ်မှုတွေဟာ ဖြေရှင်းမရနိုင်တဲ့ အရာတွေတော့ မဟုတ်ပါဘူး။
ငြိမ်းချမ်းသာယာတဲ့၊ ဒီမိုကရေစီထွန်းကားတဲ့၊ ကြွယ်ဝချမ်းသာတဲ့ မြန်မာနိုင်ငံဖြစ်လာဖို့ ဆိုတာ အလွန်ရှုပ်ထွေးတဲ့ ဖြစ်စဉ်တခု ဆိုတာကို အတွေ့အကြုံတွေကတဆင့် ကျနော်တို့ သိရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ဘယ် ပြဿနာရပ်မဆို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းနိုင်ခြင်း မရှိပါဘူး။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးတွေဟာ တခုနဲ့တခု အပြန်အလှန် နီးကပ်စွာ ဆက်စပ်လျက်ရှိပါတယ်။
အဲဒီ ပြဿနာရပ်တွေကို တန်းတူအလေးထား ဖြေရှင်းဆောင်ရွက်ဖို့် ပျက်ကွက်တာဟာ ဒီမိုကရေစီ၊ အရှည်တည်တံ့ မယ့် ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာခြင်းတို့အတွက် အလားအလာတွေကို ဆိတ်သုဉ်းအောင် လုပ်နေသလို အန္တရာယ် ရှိပါတယ်။
ဒါပေမယ့် တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမှန်တကယ် စိတ်ဆန္ဒ ရှိမည်ဆိုရင် အခက်အခဲအားလုံးကို ကျော်လွှားနိုင်မည်ကို ကျွန်တော်တို့လည်း သိရှိပါသည်။
ယနေ့အခါသမယတွင် မေးရမည့်မေးခွန်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် လူအခွင့်အရေးများ ကို အပြည့်အ၀လေးစားလိုက်နာရေးတို့အတွက် မြန်မာနိုင်ငံသည် အချိန်မည်မျှကြာကြာ စောင့် ဆိုင်းရန် တတ်နိုင်ပါသေးသနည်း။
နှောင့်နှေးကြန့်ကြာခြင်းအတွက် ပေးဆပ်ရမှုတွေကတော့ ပြည်သူတို့ရဲ့ ဘ၀တွေ အချည်းအနှီးဖြစ်ခြင်း၊ အခွင့်အလမ်း များ ဆုံးရှုံးခြင်းနဲ့ နိုင်ငံတကာအသိုင်းအ၀န်းက ကာလကြာရှည် ဖယ်ကျဉ်ထားခြင်းတို့ ဖြစ်ပါလိမ့်မယ်။
ကျနော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်တဲ့ အချက်ကတော့ မြန်မာပြည်သူအားလုံးဟာ အမျိုးသားအကျိုးစီးပွား အတွက် လုပ်ဆောင် ရမည်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းကို ရွေးခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ တွေက ကိုယ်စားလှယ်တွေကို မနေ့ကတွေ့ဆုံစဉ်က ဒီအချက်ကို ကျနော် ပြောခဲ့ပါသေးတယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်း ရေး အတွက် ဒီအဖွဲ့အစည်းတွေက သံန္နိဌာန်ချ ဆောင်ရွက်ကြဖို့ ကျနော် တိုက်တွန်းခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဓိကတာဝန်ရှိသူကတော့ မြန်မာအစိုးရဖြစ်ပြီး တိုင်းပြည်ကို သူတို့ဖော်ပြထားခဲ့တဲ့ ရည်မှန်းချက် တွေဖြစ်တဲ့ အမျိုး သား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရရှိရေးဆီကို ခေါ်ဆောင်သွားသင့်ပါတယ်။
ဒီလို လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းဟာ မြန်မာပြည်သူတွေရဲ့ စွမ်းရည်တွေကို အပြည့်အ၀သိနားလည် စေခြင်းက တားဆီး ပိတ်ပင်ထား ရာလည်း ရောက်ပါတယ်။
ဒီလို လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းဟာ မြန်မာပြည်သူတွေကို လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်တဲ့ အခွင့်အရေး၊ ပိုမို ကျယ်ပြန့်တဲ့ လွတ်လပ် မှုနဲ့အတူ ကောင်းမွန်တဲ့ လူနေမှုအဆင့်အတန်း ရရှိစေဖို့ ငြင်းဆန်တာနဲ့ တူတူပါပဲ။
ဒီလို မူဝါဒ စည်းမျဉ်းများဟာ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းရဲ့ အခြေခံကြောရိုးဖြစ်ပြီး ဒီစာတမ်းရဲ့ ပထမဆုံးစကားလုံး ကတော့ `ကျွန်ုပ် တို့ ပြည်သူများသည်´ ဖြစ်ပါတယ်။
လွတ်လပ်တဲ့ မြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီလို မြင့်မြတ်တဲ့ ဝေါဟာရကို ထပ်တူ ဖော်ပြထားခဲ့ပါတယ်။ ဒီ မူဝါဒစည်းမျဉ်းတွေကို မြန်မာနိုင်ငံရဲ့ အနာဂတ်မှာလည်း အသေအချာထည့်သွင်းထားဖို့ ကျနော်တို့ အတူတကွ ဆောင်ရွက်ကြရမှာ ဖြစ်ပါ တယ်။
ဒီအချက်ကို အလေးအနက်ထားပြီး သတင်းစကားသုံးခုကို ကျနော် သယ်ဆောင်လာခဲ့ပါတယ်။
ပထမသတင်းစကားကတော့ လူသားရဲ့ ဂုဏ်သိက္ခာကို လေးစားခြင်းဟာ ဘယ် ရပ်ဒေသမှာမဆို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အ တွက် ကြိုတင်လိုအပ်ချက်တခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့တဲ့ ကုလသမဂ္ဂရဲ့ ပထမဦးဆုံး အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ပါဝင်ပါ တယ်။
လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုကို လေးစားလိုက်နာခြင်းဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတိုးတက်မှု များအတွက် မရှိမဖြစ် လိုအပ် ချက်ဖြစ်တယ် ဆိုတာကို အားလုံးရဲ့ သဘောဆန္ဒနဲ့ အဲဒီကြေညာချက်က အာမခံထားပါ တယ်။
ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ အဲဒီကတိက၀တ်က လက်တွေ့လုပ်ဆောင်ချက်နဲ့ ကိုက်ညီမှု မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေးမှတ်တမ်းတွေဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။
မြန်မာအစိုးရဟာ သူတို့ရဲ့ ရည်ရွယ်ချက်တွေအဖြစ် တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး တွေကို ရှင်းရှင်း လင်းလင်း ပြောဆိုထားခဲ့ပါတယ်။
လာမည့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အများလက်ခံ ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲတခုဖြစ်ချင်ရင် အဖွဲ့အစည်းအားလုံး ပါဝင် ယှဉ်ပြိုင်နိုင်ဖို့၊ အများပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ဖို့ ထင်သာမြင်သာရှိဖို့ ဆောင်ရွက် ပေးရပါမယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ် လမ်း ကြောင်း ဟာ လူအခွင့်အရေးကို လေးစားလိုက်နာမှုအပေါ်မှာ အခြေတည်ရပါမယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံ ရေး အကျဉ်းသား အားလုံးကို အချိန်မဆွဲဘဲ ပြန်လည် လွှတ်ပေးသင့်တယ်လို့ ကျနော် ပြောဆိုနေခြင်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခဲ့တဲ့ မနေ့ကနဲ့ ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့ ကျနော် တောင်းဆိုခဲ့ပါတယ်။ သူက ငြင်းဆန်လိုက်တဲ့အတွက် ကျနော် အလွန်အမင်း စိတ်ပျက်ခဲ့ပါတယ်။
မြန်မာ့ နိုင်ငံရေး ခေတ်သစ်တခု ပွင့်လန်းလာစေမယ့် သူတို့ရဲ့ သံန္နိဌာန်ကို ပြသဖို့ အကောင်းဆုံး အခွင့်အလမ်းတခုကို မြန်မာအစိုးရလက် လွှတ်ဆုံးရှုံးခဲ့ပြီလို့ ကျနော် ယုံကြည်ပါတယ်။
၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ယုံကြည်ထိုက်ခြင်း ရှိမရှိဆိုသည့်အချက်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးတဲ့ အပေါ် မှာမူတည်ပါတယ်။ ဒီအချက်ဟာ မရှိမဖြစ်အရေးကြီးတဲ့၊ အစိုးရရဲ့ အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသရမယ့် အရေးကြီး သင်္ကေတ တခုဖြစ်ပါလိမ့်မယ်။
နောက်ထပ် အချိန်ဆွဲမနေဘဲ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ ပါဝင်ဆောင်ရွက်ခွင့် ပေးဖို့ ခွင့်ပြု ရပါမယ်။
အမှန်တကယ်အားဖြင့် မြန်မာနိုင်ငံသားအားလုံးကို ဤတိုင်းပြည်၏အနာဂတ်အကျိုးအတွက် အပြည်အ၀ ပံ့ပိုးကူညီ ဆောင်ရွက်ပိုင်ခွင့် ပေးရပါမည်။ ဒီလို ပံ့ပိုးကူညီချင်သူ အားလုံးနဲ့ လွတ်လွတ်လပ်လပ်၊ တက်တက်ကြွကြွ ပူးပေါင်းပါဝင်နိုင်ခြင်း မရှိဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိနိုင်မှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ပါတီတွေအားလုံး၊ တိုင်းရင်းသားအုပ်စု အားလုံးနဲ့ လူနည်းစု လူမျိုးအားလုံးပါဝင်တဲ့ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တခုကို မြန်မာနိုင်ငံက စတင်အကောင်အထည်ဖော်ဖို့ လိုပါတယ်။
ပြည်သူတွေအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လွတ်လပ်စွာ ပါဝင်ငြင်းခုံပိုင်ခွင့် ရှိရပါမယ်။ ဒီမိုကရေစီလုပ်ငန်းစဉ်ထဲ မှာ မြန်မာပြည်သူ တွေ အဓိပ္ပာယ်ရှိရှိနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုတဲ့ သတင်း အချက်အလက် တွေကို လွတ်လပ်စွာ ရယူခွင့်ရှိရပါ မယ်။
ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -
အသွင်ကူပြောင်းတဲ့ ကာလတိုင်းဟာ ခက်ခဲပါတယ်။ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် ဘုရင်နိုင်ငံမှသည် အသိမ်းပိုင်ခံ ကိုလိုနီနဲ့ ယခုအခါ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် အသွင်ကူပြောင်းရေးကာလများကို ကြုံတွေ့ခဲ့ဖူး ပြီးဖြစ်ပါတယ်။
ဒီသမိုင်းကြောင်းဟာ လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေးထွက်ပေါက်မရှိခြင်းဆိုတဲ့ အမွေနှစ်ရပ်ကို သယ်ဆောင် ခဲ့ပါတယ်။ နိုင်ငံရေး ထွက်ပေါက်မရှိခြင်း ဆိုတာဟာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဖိနှိပ်မှု၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်မှုနဲ့ ဒီနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားနေတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နှင်းမှု စတဲ့ မကြာသေးခင်က စိတ်ထိခိုက်စရာကောင်းလှတဲ့ ဖြစ်ရပ်တွေ ပါဝင်ပါတယ်။ တချိန်တည်းမှာပဲ အသိအမှတ်ပြုသင့်တဲ့ အပြုသဘောကြိုးပမ်း အားထုတ်မှု တချို့ လည်း ရှိခဲ့ပါတယ်။
ခိုင်မြဲခြင်းမရှိသေးပေမယ့် အစိုးရနဲ့ လက်နက်ကိုင်အုပ်စုတွေအကြား အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် တွေဟာ ပဋိပက္ခတွေ ကို လျော့ပါးစေခဲ့ပါသည်။ ဒီလို ရလဒ်တွေ နောက်ကြောင်းပြန် မသွားစေဖို့ လုပ်ဆောင်ရာမှာ ကုလသမဂ္ဂဟာ အတွေ့အကြုံအများအပြား ရှိခဲ့ပါတယ်။
အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေကို လေးစားခြင်းနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးဆိုတာဟာ အစိုးရတိုင်းရဲ့ တရားမျှတတဲ့ စိုးရိမ်မှုတွေဖြစ်ပါတယ်။
နိုင်ငံရေးမျက်နှာစာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးမယ် ဆိုရင် အုပ်စုတိုင်း၊ လူတဦးချင်းတိုင်းဟာ ပိုမိုကြီးမားတဲ့ အားလုံး စုပေါင်း လုပ်ဆောင်တဲ့ လုပ်ငန်းတခုရဲ့ အစိတ်အပိုင်းဖြစ်လာမှာဖြစ်ပြီး ဒီလို လုပ်ဆောင်ခြင်းဟာလည်း အကောင်းဆုံး နည်းလမ်းဖြစ် တယ်လို့ ကျနော်တို့ အခိုင်အမာပြောချင်ပါတယ်။
စစ်တပ်၊ နိုင်ငံရေးပါတီအားလုံး၊ တိုင်းရင်းသား လူနည်းစုတွေ၊ လူထုအခြေပြုလူ့အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံရဲ့ သားကောင်း သမီး ကောင်းတိုင်း တိုင်းပြည်ရဲ့ အသွင်ကူပြောင်းရေးမှာ အခန်းကဏ္ဍတရပ်က ပါဝင်ရပါမယ်။
အပြန်အလှန် အပေးအယူ ညှိနှိုင်းခြင်း၊ လေးစားခြင်းနဲ့ နားလည်မှုရှိခြင်း တို့ကသာလျင် ရေရှည်တည်တံ့မယ့် ငြိမ်းချမ်း ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် အခြေခံအုပ်မြစ်များကို ချပေးနိုင်ပါတယ်။
ကျနော့်ရဲ့ ဒုတိယသတင်းစကားကတော့ မြန်မာပြည်သူတွေရဲ့ လူသားချင်းစာနာထောက်ထားတဲ့ လိုအပ်ချက်တွေကို ဖြေရှင်းဆောင် ရွက် ဖို့ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုတွေကို တခေါက် ပြန်လည်လာရောက်ကြည့်ရှုခွင့်ရ တဲ့အတွက် ကျနော် ၀မ်းသာပါတယ်။ လူပေါင်း ၁၃၀၀၀၀ လောက် သေကြေခဲ့တဲ့ ဆုံးရှုံးမှုကြီးဟာ အလွန်ဝမ်းနည်း ကြေကွဲစရာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီနေ့ ကျနော် မြင်တွေ့ခဲ့ရတဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဟာ အံ့သြစရာ ကောင်းလှပါတယ်။
ဒီ ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်ဟာ မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည်စွမ်းအားကို ပြသခဲ့ပါတယ်။ ဒါ့ အပြင် ကမ္ဘာတလွှားမှာရှိတဲ့ ပြည်သူ တွေ ကလည်း မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဂရုစိုက်တယ် ဆိုတာကို ဒီဖြစ်ရပ်က ပြသခဲ့ပါတယ်။
ခြုံပြောရမယ် ဆိုရင် ဆိုင်ကလုန်း နာဂစ် သဘာဝဘေးဒုက္ခအပေါ် အရေးယူတုန့်ပြန် ဆောင်ရွက်မှုဟာ အထီးကျန် ဖြစ်နေခြင်းကို ကျော် လွှားနိုင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ တန်ဖိုးကို သက်သေပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။
အလှူရှင်နိုင်ငံတွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ မြန်မာနိုင်ငံ၊ ကုလသမဂ္ဂနဲ့ အာဆီယံအသင်းကြီးတို့ရဲ့ သုံးပွင့်ဆိုင် အဖွဲ့ကတဆင့် အရင်က မရှိခဲ့ဘူးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တွေ့ရပါတယ်။ လူသားချင်းစာနာထောက်ထားတဲ့ အလွန်အရေး ကြီးသောလုပ်ငန်းတွေဟာ အ ချုပ်အခြာအာဏာဆိုတဲ့ စည်းမျဉ်းသဘောတရားနဲ့ ဆန့်ကျင်ခြင်း မရှိဘူး ဆိုတာကို ပြသခဲ့ပါတယ်။
တခြားနိုင်ငံတွေမှာလိုပဲ မြန်မာနိုင်ငံကိုပေးတဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေဟာ နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားမှု တွေမှာ ဓားစာခံမဖြစ်သင့်ပါဘူး။ လူသားချင်းစာနာတဲ့ အထောက်အပံ့နဲ့ ဖွံ့ဖြိုးရေး အထောက်အပံ့ တို့ကို မြန်မာနိုင်ငံက လိုအပ်နေတဲ့ ပြည်သူအားလုံး ရရှိနိုင်စေဖို့ ကျနော်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင် သွားနိုင်ပါတယ်။ တကယ်လည်း ပူးပေါင်းလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
ဒီအချက်ဟာ ကျနော့်ရဲ့ တတိယမြောက် သတင်းစကားကို သယ်ဆောင်ဖို့ ဖြစ်စေခဲ့ပါတယ်။ ခုအချိန်ဟာ မြန်မာ နိုင်ငံအတွက် စီးပွားရေး စွမ်းအင် တွေကို လွတ်လပ်စွာ အစွမ်းကုန် မောင်းနှင်ရတော့မယ့် အချိန်ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ စီးပွားရေးစန်းပွင့်မှု အလယ်မှာ ရှိနေပါတယ်။ နိုင်ငံရဲ့ ပတ်လည်က အလျင်အမြန် တိုးတက်နေတဲ့ လမ်း ကြောင်းထဲ မြန်မာနိုင်ငံကို ထိန်းကျောင်းမောင်းနှင်သွားမယ်ဆိုရင် ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာမယ့် အသေချာ ဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။
ပြင်ပနိုင်ငံတွေနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ဖွင့်လှစ်ပေးတဲ့ မြန်မာအစိုးရရဲ့ မူဝါဒကို ကျွန်တော်ကြိုဆိုပါ တယ်။ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးမှုရည်မှန်းချက်တွေ အောင်မြင်ပြည့်မီစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ၊ HIV ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးတွေ၊ လူကုန်ကူး မှုတားဆီးတိုက်ဖျက်ရေးနဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု လျှော့ချ ရေးတို့မှာ အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုလည်း ကြိုဆိုပါတယ်။
ဒါပေမယ့် လက်တွေ့ဖြစ်ရပ်မှာ ပြည်သူသန်းပေါင်းများစွာ ဆင်းရဲမွဲတေမှုထဲ ဆက်လက်နေထိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းဟာ အာရှတိုက်၏အနိမ့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
မြန်မာပြည်သူတွေဟာ အလုပ်အကိုင်နဲ့ အစားအစာအတွက်၊ လုံခြုံမှုနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ အတွက် လိုအပ် နေပါတယ်။
မြန်မာပြည်သူတွေဟာ ဒေသတွင်းနဲပ ကမ္ဘာ့ စီးပွားရေးက အကျိုးအမြတ်တွေ ရရှိခံစားနိုင်သလို ပံ့ပိုးကူညီမှုတွေ လုပ်နိုင် စေဖို့ ကျနော် တို့ အတူလက်တွဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
တည်ငြိမ်ပြီး ကြွယ်ဝချမ်းသာတဲ့ ဒီမိုကရက်တစ်မြန်မာနိုင်ငံကနေ ဒေသတွင်းနိုင်ငံတွေနဲ့ ကမ္ဘာကြီးက အကျိုးကျေးဇူး များ အများအပြား ရရှိနေမယ့် အချက်ကို ကျွန်တော်တို့ အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။ ဒီ ရည်မှန်းချက်ကို ရရှိရေး အတွက် ကျနော်တို့ အတူ လက်တွဲ လုပ်ဆောင်ကြရပါမယ်။
မြန်မာအစိုးရအနေနဲ့ ဒီအချိန်အခါ သမယကို လက်လွတ်မခံဘဲ အမိအရ ဆုတ်ကိုင်ရပါမယ်။
နိုင်ငံတကာအသိုင်းအ၀န်းက မြန်မာပြည်သူတွေကို ကူညီဖို့အတွက် ကမ်းလှမ်းလာမယ့် အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ရပါမယ်။
ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -
ကျွန်တော်ဟာ မိတ်ဆွေတယောက်အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ခြင်း ဖြစ်ပါတယ်။
ကျနော့်ရဲ့ တာဝန်က ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းပါ စံနှုန်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းစောင့်ရှောက် ဖို့ ဖြစ်ပါတယ်။
အစိုးရ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအုပ်စုတွေ၊ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေဟာ နိုင်ငံတနိုင်ငံ၊ ပြည်သူ တရပ်အသွင်နဲ့ အနာဂတ်ခရီးလမ်းကို အတူတကွချီတက်နိုင်စေဖို့ ခင်ဗျားတို့အားလုံးကို အားပေးတိုက်တွန်းဖို့က ကျနော့်ရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကွဲပြားခြားနားမှုတွေရဲ့ အထက်မှာ ထားနိုင်မယ်ဆိုရင် မဖြေရှင်းနိုင်တဲ့၊ မဖြစ်နိုင်တဲ့ အရာ ဆိုတာ ရှိမှာ မဟုတ်တော့ပါဘူး။
ဒေသတွင်းနဲ့ ကမ္ဘာကြီးက လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ မြန်မာနိုင်ငံဟာ ပူးပေါင်းဆောင်ရွက်ခြင်းကနေ အကျိုး အမြတ်ရရှိဖို့ ရပ် တည်ရပါလိမ့်မယ်။ မိမိနိုင်ငံရဲ့ အပြောင်းအလဲတွေကနေ အကျိုးအမြတ်ရရှိဖို့ ဆောက်ရွက် ရပါလိမ့် မယ်။
ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ မြန်မာနိုင်ငံ နိုင်ငံခြားရေးမူဝါဒရဲ့ အရေးကြီးတဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်လို့ မြန်မာ အစိုးရ က ထပ်ခါတလဲလဲ ဖော်ပြခဲ့ပါတယ်။
မြန်မာအစိုးရနေနဲ့ စကားနဲ့ အလုပ်ညီညွတ်စေဖို့ ကျနော်တို့ ပြောလိုပါတယ်။
နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေနဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ပိုမို ပူးပေါင်း ဆောင် ရွက် လေလေ နိုင်ငံရဲ့အချုပ်အချာအာဏာက ပိုမို ခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ်။
အဲဒီလိုပဲ မြန်မာပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးတွေကို အပြည့်အ၀ လေးစားလိုက်နာရင်း စည်းလုံးညီညွတ်တဲ့၊ ငြိမ်းချမ်းတဲ့၊ ကြွယ်ဝချမ်းသာတဲ့၊ ဒီမိုကရေစီအနာဂတ်ဆိုတဲ့ ကျနော်တို့ အားလုံးရဲ့ ရည်မှန်းချက်တွေကို မြန်မာ ပြည်သူတွေ ရရှိစေဖို့ အကူအညီပေးခြင်းဟာ နိုင်ငံတကာ အသိုင်းအ၀န်းတခုလုံးရဲ့ တာဝန်ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။ ဧရာဝတီ
Tuesday, July 7, 2009
မစ္စတာဘန်ကီမွန်း ၏ မိန့်ခွန်း ကောက်နုတ်ချက်များ
Labels:
မျှဝေခြင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
July
(385)
- ကုပ်ကမြင်းနေတဲ့ ဥာဏ်ဝင်း
- NLD ၏ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စအတွက် ကျေညာချက်
- သိုးကို အပြစ်ရှာတာ ၀ံပုလွေယုတ်
- Myanmar's history of sanctions
- CNN မှ ဒေါ်စု သတင်း
- စီရင်ချက်ချမည်ဆိုသည့် ဇူလိုင် (၃၁) ရက်နေ့ ပြည်တွင်...
- Myanmar: Ban calls for Aung San Suu Kyi's release
- ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ စစ်အခွန်ရုံးရှေ့တွင...
- ကြံကြံဖန်ဖန် ကြက်ဥအတု
- ကြက်ဥ အတု လုပ်တာ တကယ်လား..
- ကြက်ဥအတုများ မြန်မာနိုင်ငံသို့ ၀င်ရောက်နေ
- ဒေါ်စု ရဲ့ ရုံးချိန်း ဇူလိုင် ၃၁ ၂၀၀၉..ပုံရိပ်များ
- ဇူလိုင် ၃၁ ၂၀၀၉ သတင်းများ (ရဲရင့်ငယ်)
- 8888 21th ANNIVERSARY COMMEMORATION (SAN FRANCISCO...
- MoeMaKa Daily e Newspaper - 30th July 2009
- ဇူလိုင်လ ၃၁ ၂၀၀၉ အင်းစိန် ထောင်ရှေ့ အခြေအနေ
- စစ်အစိုးရတပ် သျှမ်းရွာသုံးရွာ အိမ်ခြေ ၁၀၀ ကျော် မီ...
- ယနေ့ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက် သြဂုတ်လ ၁၁ရက်...
- ဒီနေ့ ဇူလိုင် (၃၁) အင်းစိန်ထောင်ရှေ့ချီတက်ဆန္ဒပြပွဲ
- ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း ကိစ္စ ကန့်ကွက်စာပ...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၂လ(၇၄)လ ပြည်...
- ရွှေအင်းဝလိုင်းမှ ကားတစ်စီး ဘီအိုစီမှတ်တိုင်မှာမီးေ...
- How does DASSK spend her Prize Money?
- ဒို့ သာသနာထိရင်..မချိဖူးနအဖ..ဆက် ချမယ်
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု အကောင်အထည်ဖေါ်လုပ...
- ကိုယ့်ရှူးကိုယ်ပတ်နေတဲ့ ဟောဒီအာဏာရူးတွေရဲ့ လက်ထဲမှ...
- MoeMaKa Daily e Newspaper - 29th July 2009 ...
- ဗမာ့ စောင်း - (ဒါရိုက်တာ..အိုင်ဝို ဂျီးမား)
- အပြင်းထန်ဆုံးသော လူထုတိုက်ပွဲ အတွက် ပထမအဆင့် ခြေလှမ်း
- မတရားတာတွေ အန်ထုတ်ကြစို့ 
- 8888 အမှတ်တရ တွေနဲ့  ကနေဒါမှာ ကျင်းပမယ်
- ဘာမှကြောက်မနေနဲ့ ..ဆက်တက်ခဲ့
- ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံမြေ ကိစ္စ မနက်ဖြန် ၃၀ရက်ေ...
- မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပ
- ဒေါ်စု အမှုဟာ နိုင်ငံတကာအရေးလို့  မစ္စတာကင်တားနားကဆို
- မြန်မာ့စီးပွား ပိတ်ဆို့မှုသက်တမ်း အိုဘားမား တိုးမြှင့်
- XX သည်မ ပါးစပ်လောက်တောင် တန်ဖိုးမရှိတဲ့ နအဖ မြန်မာ...
- ငါတို့အမေ
- MoeMaKa Daily e Newspaper - 28th July 2009
- ၂၀၁၀ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် လွန်ဆွဲနေ
- A possible strong trigger to bring Burma into UNSC...
- ဇူလိုင်လ ၂၈ ၂၀၀၉ သတင်းများ
- မေတ္တာပါလ ဓမ္မဝေဒဂူ နွေရာသီ ယဉ်ကျေးမူ ကလေးသင်တန်း Bu...
- ကြားလား မြင်လား မေ၀၀ါးနဲ့...သူငယ်ချင်း
- 21st 8888 ceremony @ LA on 8/9/09
- U2 announces Amnesty award to Aung San Suu Kyi
- Aung San Suu Kyi: 'Ambassador of Conscience'
- လင်းဒ တွေ ထ နေကြတယ်..သတိ
- ကဲ ဘာဆက်လုပ်ကြမလည်း..
- တိုက်ပွဲဝင်ဖို့အားလုံးအသင့်ပြင်
- Donors to reevaluate support for Myanmar's fight a...
- Child soldiers Burma,s SONS OF SORROW
- ခိုးသူလက်ထဲရောက်တဲ့ ကျေးပေါက်စကလေးများ
- သူဝှက် ထက်သာ တဲ့ သဘက်
- ဥပဒေ ရှုထောင့်က ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံး...
- ကျုပ်လည်လည်သွားမိတယ် အိမ်ရှင်မဖိတ်ဘဲနဲ့ 
- အဆိုးဆုံးအတွက် ပြင်ဆင် ခေါင်းမော့နေဆဲ
- ဒေါ်စု တရားဆိုင်နေချိန်တွင် ထောက်ခံသူများက စုဝေး ဆန...
- ဒို့ ခေါင်းဆောင်ကို ကာကွယ်ဝန်းရံကြ
- ဘိန်းရောင်းဝယ်ဖြန့်ဖြူးသူ ဒုက္ခသည်နှစ်ဦး ဖမ်းဆီးခံရ
- free Burma!! Burma Path...
- မြန်မာ ကလေးငယ်များရဲ့ ရှေ့ရေး အလားအလာ..
- ကုလားကျ ဖြီးနေပြန်ပြီ..
- Building the Tatmadaw
- 27 July 2009 News
- မိုးမခ သတင်းစဉ် ဇူလိုင် ၂ရ ၂၀၀၉
- မောင်ချစ်သူရဲ့ သွေးရူးသွေးတန်း စကားများ
- ဒေါ်စုအမှု အင်္ဂါနေ့ ထပ်မံ ရုံးချိန်း
- ဘာပြန်ပေးကြမှာလဲ
- ဒေါ်အောင်ဆန်းစုကြည် ၂၃ရက်နေ့ မြန်မာ့အလင်း သတင်းစာပါ...
- လေးစားထိုက်သူမို့  ဆုတွေ သယ်..
- MoeMaKa Daily e Newspaper - 26th July 2009
- လုပ်သင့် မလုပ်သင့်..ကိုယ့်ဖာသာကိုယ်စဉ်းစားချင့်
- သူမကို လွှတ်..
- အထူးကြေငြာချက်
- စည်းလုံးညီညွှတ်ရမယ့် အချိန်ရောက်ပြီ
- အမိမြန်မာပြည် နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ေ...
- မင်္ဂလာမွေးနေ့ ပါ ချိုတေးသံရှင်
- G wave ၏ လှုပ်ရှားမှု
- စစ် နဲ့  ငြိမ်းချမ်းရေး
- ကုလားကြိုက်တဲ့ သန်းရွှေ
- ”ကုလားမနိုင်ရခိုင်မဲ”
- ကမ်းကုန်အောင် မိုက်မဲ့ နအဖ..
- အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျ...
- ပြည်တွင်းရှေ့ နေတဦးရဲ့ ဒေါ်အောင်ဆန်းစုကြည် အမှု့  ...
- Voice of Burma July 2009
- MoeMaKa Daily e Newspaper - 24th July 2009
- ကုလသမဂ္ဂကို ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး
- ပြည်တွင်းရှေ့ နေတဦးရဲ့ ဒေါ်အောင်ဆန်းစုကြည် အမှု့  ...
- ဟုတ်တာတွေ ပေါ်လာပြီ...နျူကလီယားလိုချင်လို့ လူဆိုးေ...
- သိန်းစိန်နှင့်တရုတ်ဝန်ကြီးချူပ်ဆွေးနွေးချက်များ
- ဗွီအိုအေ အပတ်စဉ်ကဏ္ဍ တိုင်းရင်းသားသတင်းလွှာ
- 24-07-09 Lawyer U Nyan Win speaks about Daw Aung S...
- သွားဦးမှာလား နိုင်ငံခြား
- သီတင်းကျွတ် ၂၀၀၉ အတွက်ကျေညာချက်
- မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ဂျပန် ရတက်မအေး။...
- ရုံးချိန်းတွေ ဆက်ချိန်းနေတာ ဒေါ်အောင်ဆန်းစုကြည် သဘေ...
- It is not for your eyes only. It is for public eyes.
- NKorea-Burma relations could be nuclear: Clinton
- ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက်
- ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းသူ အန်အယ်လ်ဒီလူငယ်...
- ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်းနေ့ အားပေးသူများ စုစည်...
- ဘာမှ မထူးဖူး အရောင်မရှိတဲ့ အာစီယံ
- ပေါ်တင်ကြီး..ညာ မပေးချင်တာ ဘယ်သူလဲ
- အမေ စိတ်မကျဖူး..
- MoeMaKa Daily e Newspaper - 23rd July 2009
- ထောက်ခံအားပေးသူများ အင်းစိန်ထောင်ရှေ့ စုဝေးရောက်ရှိနေ
- ဒေါ်စုအမှု တံခါးပိတ် တရားခွင်သို့ သံတမန်များ တက်ရောက...
- တပ်မဟာ(၆) နယ်မြေတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားဖ...
- ခါတော်မီ အာဇာနည် မဟုတ်ပါ
- ၂၀၁၀ လမ်းပြမြေပုံ ကိုခါးပိုက်ဆောင်ပြီး မျက်စိမှိတ်...
- ကြောက်ပါပြီ ဂျ..
- စစ်အစိုးရမှ ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားအပေါ် ကုန်သွယ...
- ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများမှ တဆင့် ကုလသမဂ္ဂ...
- အာဆီယံနှင့်ဆွေးနွေးဘက်များ မြန်မာ့အရေးညှိနှိုင်း
- ဒေါ်စုကို လွှတ်ပေးရင် မြန်မာ အမေရိကန် ဆက်ဆံရေး တိုးလ...
- ဘဝထဲက အောင်ဆန်း၊ ရင်ထဲက အောင်ဆန်း ။
- မြန်မာရေတပ် သင်္ဘောများမှ ငွေကောက်ခံသဖြင့် ခရီးသွာြး...
- ရရှားမှာ ငှက် ပစ်ရအောင် Lets shoot birds in Russia
- Is Myanmar seeking nukes to ‘challenge’ U.S.?
- ဂျူလိုင်လလယ် SSA – စစ်အစိုးရတပ် တိုက်ပွဲ၌ ဗိုလ်ကြီ...
- နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ဝင်ရောက်စစ်ဆေး...
- မြန်မာနိုင်ငံ မပြောင်းရင် အာဆီယံ ရှေ့မတိုးနိုင်
- မနက်ဖြန် တွေ့ခွင့်တောင်းတာကို အကျဉ်းဦးစီးဋ္ဌာနက ပြီ...
- (NCGUB) နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် ဂျပန်သတ...
- သဘောပေါက်
- ဒေါ်စုနဲ့ အကျိုးဆောင်ရှေ့နေတွေ နောက်ဆုံး လျှောက်လဲခ...
- မြန်မာနိုင်ငံ မပြောင်းရင် အာဆီယံ ရှေ့မတိုးနိုင်
-
▼
July
(385)
No comments:
Post a Comment