Tuesday, July 21, 2009

စစ်ဗိုလ်နှစ်ယောက်က ရဲ ယောင်ဆောင်ပြီး ပြည်သူထံမှ ဆိုင်ကယ်လု

RFA
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တပ်မတော်အရာရှိနှစ်ဦးက ရဲ အယောင်ဆောင်ပြီး လုယူထားတဲ့ ဆိုင်ကယ်ကို ဝယ်ယူမိသူဟာ အချူပ်ခံထားရပြီး အရာရှိ နှစ်ဦးကိုတော့ တပ် တွင်းက အရေးယူထားတယ်လို့ သိရှိရပါတယ်။ ဗန်းမော်မြို့ ၃၂ဝ တပ်က ဗိုလ်ကြီး အဆင့်ရှိတဲ့ အရာရှိနှစ်ဦးဟာ မြစ်ကြီးနားမြို့မှာ လွန်ခဲ့တဲ့ တစ်လကျော်က တပ်တွင်းသင်တန်း တက်ရောက်နေချိန်မှာ ရဲ

အယောင်ဆောင်ပြီး ဆိုင်ကယ်စီးလာသူတွေကို ရိုက်နက်ရုံသာမက ဆိုင်ကယ်အသစ် စက်စက်တွေကို လည်း လုယူထားတာလို့ ဒေသခံတွေကပြောပါတယ်။ ဒီနောက်ယူထားတဲ့ ဆိုင်ကယ်တွေကို မြစ်ကြီးနား ကချင်စုရပ်ကွက် ဆိုင်ကယ်ပွဲစားတန်းမှာ ကြားပွဲစားတစ်ယောက်နဲ့အတူ လာရောက်ရောင်းချခဲ့ပါတယ်။ အရာရှိနှစ်ဦးဟာ စစ်သင်တန်း တက်ရောက်ချိန်ငွေလိုနေလို့ ဆိုင်ကယ်လာရောက် ရောင်းချတာပါလို့ ကြားပွဲစားကိုပြောပြီး ရောင်းချပေးခဲ့တာပါ။ တရုပ်လုပ်ဆိုင်ကယ် တစ်စီးဟာ ကာလပေါက်ဈေး ၅ သိန်းကျော်ရှိပြီး ပွဲစားတန်းက ဆိုင်ကယ်ဝယ်ရောင်းလုပ်သူက တစ်စီးကို သုံးသိန်းခွဲ လောက်နဲ့ ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။ အရိုက်လဲခံရတယ် ဆိုင်ကယ်လဲ အလုခံရတဲ့ ဆိုင်ကယ်ရှင်တွေက သူတို့ဆိုင်ကယ်တွေ ဘယ်ရောက်နေသလဲဆိုတာ လိုက်လန်စုံစမ်းရာကနေ ပွဲစားတန်းမှာ ရှိနေတယ်လို့ သိရပြီး မြစ်ကြီးနား အမှတ် (၁) ရဲ စခန်းကို တိုက်ချက်ဖွင့်တဲ့အတွက် အမှု့မှန်ပေါ်ပေါက်ခဲ့တာပါ။
ဆိုင်ကယ်ဝယ်ယူမိသူကိုတော့ ယမန်ယူပြီး မြစ်ကြီးနား ထောင်ကြီးချုပ်မှာ ချူပ်နှောင်ထားပြီး စစ်အရာရှိနှစ်ဦးကို တိုင်းစစ်ဌာနချူပ်မှာ ချူပ်နှောင်အရေးယူထားတယ်လို့ ဒေသခံတွေကပြော ပါတယ်။
ဆိုင်ကယ်သုံးစီးကို ပြန်သိမ်းမိပြီး လုရာပါ ဆိုင်ကယ် ဝယ်ယူမိသူဟာ အာမခံမရဘဲ စစ်အရာရှိနှစ်ဦးနဲ့ ပေါင်းပြီး ဆိုင်ကယ်ရောင်းပေးတဲ့ ကြားပွဲစားကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ဆိုပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်