Wednesday, July 8, 2009

တပ်ဆင်ကိုများ အားကျနေသလား တေဇ?

မိုလ်ဘိုင်းလ်ဖုန်း စီမံခန့်ခွဲခွင့် ထူး နှင့် မြန်မာ့ဆက်သွယ်ရေး ဆွေးနွေးနေ
မေကျော်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 08 ရက် 2009 ခုနှစ် 18 နာရီ 29 မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ်ဖုန်း လုပ်ပိုင်ခွင့် အရပ်ရပ်ကို စီးပွားရေး အင်အားကြီး ထူးကုမ္ပဏီ အုပ်စုအား လွှဲပြောင်းပေးရန် စီစဉ်နေ ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာတဦးက ပြောသည်။

ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနနှင့် ထူးကုမ္ပဏီ အုပ်စုအကြား ညှိနှိုင်းမှု ၅ဝ ရာခိုင်နှုန်းခန့် အဆင်ပြေ သဘောတူညီမှုရထားပြီး ယခုလကုန်တွင် အပြီးသတ်ဆုံးဖြတ်ချက်ကို သိရမှာဖြစ်သည်။Summary

Rest of your post
“အခု MPT က ထုတ်ပေးထားတဲ့ ဖုန်းတွေရော၊ နောက်ပိုင်း ထုတ်ပေးမယ့် ဖုန်းတွေရော၊ အခု MPT က ရောင်းနေတဲ့ ကတ်တွေ၊ နောက် ဖုန်းဘီလ် (Bill) ကောက်တာတွေရော အကုန်လုံး ကိုင်မယ်ကွာ။ ကြိုးဖုန်းတွေကိုပဲ MPT က ကိုင်တော့မယ်။ မိုလ်ဘိုလ်းနဲ့ ဆိုင်တာ အကုန်လုံး ကို သူ (ထူးကုမ္ပဏီ အုပ်စု) ကိုင်တော့မယ်” ဟု ယင်း အင်ဂျင်နီယာက မဇ္ဈိမသို့ပြောသည်။

ယခုညှိနှိုင်းနေမှုသည် ထူးကုမ္ပဏီ အုပ်စု၏ မြန်မာ့ဆက်သွယ်ရေးကဏ္ဍ (Telecommunication Sector) ၌ ဝင်ရောက်လုပ်ကိုင်သည့် ဒုတိယမြောက် စီးပွားရေး ခြေလှမ်းဖြစ်သည်။

ယခု စာချုပ်အောင်မြင်ပါက ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနပိုင် ဗဟန်း ဆက်သွယ်ရေးရုံး အဆောက်အအုံကို ထူးကုမ္ပဏီက လွှဲပြောင်းရယူရန် ရှိသည်ဟုလည်း အဆိုပါ အင်ဂျင်နီယာက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်အရ ၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံတွင် မိုဘိုင်းလ်အလုံးရေ ၃ သိန်း ၉ သောင်းကျော် ရှိသည်ဟု သိရသည်။

တချိန်တည်းမှာပင် ထူးကုမ္ပဏီ အုပ်စု အကြီးအကဲ ဦးတေဇပိုင် Myanmar Avaia Services ကုမ္ပဏီက ရုရှားကုမ္ပဏီ CBOSS နှင့် ပူးပေါင်း၍ ငွေကြိုပေး ဖုန်းကတ်များ ထုတ်လုပ်ရန် ယခုနှစ် ဧပြီ ၈ ရက်နေ့က နေပြည်တော်တွင် စာချုပ်ချုပ်ဆိုထားပြီး ဖြစ်သည်။

ယင်းစာချုပ်အရ ထူးကုမ္ပဏီက ကန်ဒေါ်လာ ၇ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ပြင်ဦးလွင်ရှိ ရတနာပုံ ဆိုက်ဘာစီးတီး၌ ငွေကြိုပေး ဖုန်းကတ် (Prepaid Card) များ ထုတ်လုပ်မည် ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/3328-2009-07-08-12-12-27.html မှ ရယူပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်