Sunday, July 19, 2009

အမဲရောင် ပန်းချီကားမှ အလင်းစက်တို့

ကောက်ကြောင်းရေးခဲ့သူတို့

မရှိတော့သည့်နောက်ဝယ်

ငရဲပြည် ဗီဇာကျထားသူအချို့

ပုတ်သင်ညိုတစ်ချို့ကို စုစည်း

အမဲရောင် စုတ်တံတွေကိုင်ဆွဲလျက်

ပိန်းပိတ်အောင်ခြယ်နေလည်း

အလင်းစက်တွေ အလင်းစက်တွေ

ပန်းချီကားအနှံ့
တဖြတ်ဖြတ် တောက်နေဆဲ
ဟေ့ !
ဖြိုးဝေ-mmp

မှတ်မှတ်ရရ ၆၂ နှစ်မြောက် အာဇာနည်နေ့ညတွင် ရေးသားသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်