နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ဝင်ရောက်စစ်ဆေး
ဒု-ရဲအုပ် (၁) ဦးနှင့် ပွဲစား (၂၇) ဦးကို ဖမ်းဆီးထား
NEJ / ၂၁ ဇူလိုင် ၂၀၀၉
ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် ပြည်တွင်းအခွန်ဦးစီးဌာနရုံးတို့ကို နေပြည်တော်မှအထူးအဖွဲ့ ၀င် ရောက် စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒု-ရဲအုပ် (၁) ဦးနှင့် ပတ်စ်ပို့ပွဲစား (၂၇) ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ဒု-ရဲအုပ်တဦးက “ရုံးက လူကြီးတွေ ကျနော်တို့ကို ပြောတာကတော့ နေပြည်တော်က တပ်မတော် အရာရှိ တချို့ ထွက်ပြေးတိမ်းရှောင်နေတာ ရှိတယ်။ တချို့ ရိုးရိုးသာမန်ပတ်စ်ပို့လုပ်ပြီး ရန်ကုန်လေဆိပ်ကနေပဲ နိုင်ငံခြား ထွက်သွားခဲ့ တယ်လို့ ဆိုတယ်။ ဒီအထဲမှာ ယူကရိန်းက နျူကလီးယား သိပ္ပံပညာ လေ့လာခဲ့တဲ့ အရာရှိငယ် တယောက်လည်း ပါသွားတယ်လို့ ပြောတယ်။ အဲဒါကြောင့် အသည်းအသန် ခုလို နေပြည်တော်က အထူးအဖွဲ့ ဆင်းလာပြီး ဖမ်းဆီးစစ်ဆေးနေတာလို့ သိရတယ်” ဟု ပြောသည်။
နေပြည်တော်မှဆင်းလာသည့် စသုံးလုံး၊ စီအိုင်ဒီနှင့် အခြားအဖွဲ့ဝင်များပါသည့် အထူးအဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် (၁၇) ရက်မှ စတင်ကာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတုနှင့် ပတ်စ်ပို့စာအုပ်လုပ်သည့် ကိစ္စများကို အဓိကထားစစ်ဆေးပြီး ယင်းကိစ္စများနှင့်ဆက်စပ်နေသည့် ပွဲစားများကိုပါ လိုက်လံရှာဖွေ ဖမ်းဆီးစစ်ဆေးနေကြောင်း ၎င်းက ပြောသည်။
ပုံစံ (၁၉) ထုတ်ပေးရာ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့လည်း ယမန်နေ့က အထူးအဖွဲ့ရောက်လာပြီး လူစာရင်းတောင်းကာတယောက် ချင်း စစ်ဆေးရေးစတင်နေပြီဖြစ်ကြောင်း ယင်းရုံးမှ ဦးစီးအရာရှိတဦးက အတည်ပြုပြောကြားသည်။
နေပြည်တော်မှ တပ်မတော်အရာထမ်းအချို့ တိမ်းရှောင်ထွက်ပြေးသည့်ကိစ္စနှင့်ပတ်သက်၍ “ပြီးခဲ့တဲ့တလလောက်တုန်းက နေပြည် တော် စစ်ရုံးချုပ်က တပ်ကြပ်ကြီးစာရေးအဆင့် စုစုပေါင်း (၁၁) ဦး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရတယ်။ တချို့က ခွင့်နဲ့သွားပြီး ပြန်မလာတာရှိသလို တချို့ကတော့ ပျဉ်းမနားဘက်ကို အားလပ်ချိန် ထွက်သွားပြီး ပြန်မလာတော့တာ။ သူတို့ထဲမှာ ရုရှားပြန်တချို့လည်း ပါတယ်လို့ သိရတယ်” ဟု နေပြည်တော် စစ်ရုံးချုပ်နှင့်နီးစပ်သည့် တပ်မတော်အရာရှိဟောင်း တဦးက ခေတ်ပြိုင်သို့ ပြောသည်။
ထွက်ပြေးသွားသည့် တပ်မတော်အရာထမ်းများ၏ မိဘ၊ ဆွေမျိုး နေအိမ်များကို ၀င်ရောက်စစ်ဆေးမှုများ လုပ်ခဲ့သော်လည်း ထူးခြားသည်ဟု မကြားသိရကြောင်း၊ ရန်ကုန် ပတ်စ်ပို့ရုံးကို နေပြည်တော်က အထူးအဖွဲ့ ဝင်ရောက်ဖမ်းဆီး စစ်ဆေးနေခြင်းသည် ယင်းတပ်မတော်သားများ ထွက်ပြေးမှုနှင့် ဆက်စပ်နိုင်ကြောင်း ၎င်းက ပြောသည်။
“အခုလို ထွက်ပြေးသွားတဲ့ တပ်ကြပ်ကြီးစာရေးအဆင့် တပ်မတော်သားတွေထဲမှာ တပ်မတော်မှတ်တမ်းရုံးကလည်း ပါတာကြောင့် လော လောဆယ် အင်တာနက်နဲ့ နိုင်ငံခြားသတင်းဌာနတွေမှာ ပျံ့နှံ့နေတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယား လျှို့ဝှက် ခရီးစဉ် မှတ်တမ်း၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ရုရှားခရီးစဉ်မှတ်တမ်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယ ခရီးစဉ်မှတ်တမ်း၊ ဗိုလ်ချုပ်ဌေးဦးရဲ့ အစည်းအဝေးမှတ်တမ်း စတာတွေဟာ သူတို့ဖြန့်ဖြူးတာဖြစ်နိုင်တယ်” ဟု အဆိုပါ တပ်မတော်အရာရှိဟောင်းတဦးက သုံးသပ်သည်။
ရန်ကုန် ပန်းဆိုးတန်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသည် တနိုင်ငံလုံးမှ ပြည်သူများ၊ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ သံတမန် များ အား ပတ်စ်ပို့ထုတ်ပေးသည့် လာဘ်ပေးလာဘ်ယူ အများဆုံး ရုံးတရုံးဖြစ်ပြီး တာဝန်ကျရဲနှင့် လဝက ဝန်ထမ်းများ ဝင်ငွေအဖြောင့် ဆုံး ရုံးလည်းဖြစ်သည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်၍ နအဖစစ်အစိုးရက အခက်အခဲပေါင်းစုံ ဖန်တီးထားသည့်အတွက် လာဘ်ပေး လာဘ် ယူမှုများ ပေါ်ပေါက်နေခြင်းဖြစ်ပြီး ငွေတတ်နိုင်သူ မည်သူမဆို မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတု စသည်များပြုလုပ်နိုင်ကာ တရား ဝင် နိုင်ငံကူးလက်မှတ်တခုအထိ ပြုလုပ်နိုင်သည်ဟု မြို့ခံများက ပြောသည်။
ယခုကဲ့သို့ နေပြည်တော်အထူးအဖွဲ့၏ စစ်ဆေးဖမ်းဆီးမှုများသည် မကြာခင် မြို့နယ်အဆင့် လဝကရုံးများနှင့် ပြည်တွင်းအခွန် ဦးစီးဌာန ရုံးများအထိ ပျံ့နှံ့သွားနိုင်သည်ဟု ၀န်ထမ်းများက ပြောဆိုနေကြသည်။ http://www.khitpyaing.org/news/july09/210709c.php
Tuesday, July 21, 2009
ပတ်စပို့ နဲ့  ထွက်ပြေးတဲ့ တပ်ပြေးများ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
July
(385)
- ကုပ်ကမြင်းနေတဲ့ ဥာဏ်ဝင်း
- NLD ၏ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စအတွက် ကျေညာချက်
- သိုးကို အပြစ်ရှာတာ ၀ံပုလွေယုတ်
- Myanmar's history of sanctions
- CNN မှ ဒေါ်စု သတင်း
- စီရင်ချက်ချမည်ဆိုသည့် ဇူလိုင် (၃၁) ရက်နေ့ ပြည်တွင်...
- Myanmar: Ban calls for Aung San Suu Kyi's release
- ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ စစ်အခွန်ရုံးရှေ့တွင...
- ကြံကြံဖန်ဖန် ကြက်ဥအတု
- ကြက်ဥ အတု လုပ်တာ တကယ်လား..
- ကြက်ဥအတုများ မြန်မာနိုင်ငံသို့ ၀င်ရောက်နေ
- ဒေါ်စု ရဲ့ ရုံးချိန်း ဇူလိုင် ၃၁ ၂၀၀၉..ပုံရိပ်များ
- ဇူလိုင် ၃၁ ၂၀၀၉ သတင်းများ (ရဲရင့်ငယ်)
- 8888 21th ANNIVERSARY COMMEMORATION (SAN FRANCISCO...
- MoeMaKa Daily e Newspaper - 30th July 2009
- ဇူလိုင်လ ၃၁ ၂၀၀၉ အင်းစိန် ထောင်ရှေ့ အခြေအနေ
- စစ်အစိုးရတပ် သျှမ်းရွာသုံးရွာ အိမ်ခြေ ၁၀၀ ကျော် မီ...
- ယနေ့ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက် သြဂုတ်လ ၁၁ရက်...
- ဒီနေ့ ဇူလိုင် (၃၁) အင်းစိန်ထောင်ရှေ့ချီတက်ဆန္ဒပြပွဲ
- ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း ကိစ္စ ကန့်ကွက်စာပ...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၂လ(၇၄)လ ပြည်...
- ရွှေအင်းဝလိုင်းမှ ကားတစ်စီး ဘီအိုစီမှတ်တိုင်မှာမီးေ...
- How does DASSK spend her Prize Money?
- ဒို့ သာသနာထိရင်..မချိဖူးနအဖ..ဆက် ချမယ်
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု အကောင်အထည်ဖေါ်လုပ...
- ကိုယ့်ရှူးကိုယ်ပတ်နေတဲ့ ဟောဒီအာဏာရူးတွေရဲ့ လက်ထဲမှ...
- MoeMaKa Daily e Newspaper - 29th July 2009 ...
- ဗမာ့ စောင်း - (ဒါရိုက်တာ..အိုင်ဝို ဂျီးမား)
- အပြင်းထန်ဆုံးသော လူထုတိုက်ပွဲ အတွက် ပထမအဆင့် ခြေလှမ်း
- မတရားတာတွေ အန်ထုတ်ကြစို့ 
- 8888 အမှတ်တရ တွေနဲ့  ကနေဒါမှာ ကျင်းပမယ်
- ဘာမှကြောက်မနေနဲ့ ..ဆက်တက်ခဲ့
- ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံမြေ ကိစ္စ မနက်ဖြန် ၃၀ရက်ေ...
- မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပ
- ဒေါ်စု အမှုဟာ နိုင်ငံတကာအရေးလို့  မစ္စတာကင်တားနားကဆို
- မြန်မာ့စီးပွား ပိတ်ဆို့မှုသက်တမ်း အိုဘားမား တိုးမြှင့်
- XX သည်မ ပါးစပ်လောက်တောင် တန်ဖိုးမရှိတဲ့ နအဖ မြန်မာ...
- ငါတို့အမေ
- MoeMaKa Daily e Newspaper - 28th July 2009
- ၂၀၁၀ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် လွန်ဆွဲနေ
- A possible strong trigger to bring Burma into UNSC...
- ဇူလိုင်လ ၂၈ ၂၀၀၉ သတင်းများ
- မေတ္တာပါလ ဓမ္မဝေဒဂူ နွေရာသီ ယဉ်ကျေးမူ ကလေးသင်တန်း Bu...
- ကြားလား မြင်လား မေ၀၀ါးနဲ့...သူငယ်ချင်း
- 21st 8888 ceremony @ LA on 8/9/09
- U2 announces Amnesty award to Aung San Suu Kyi
- Aung San Suu Kyi: 'Ambassador of Conscience'
- လင်းဒ တွေ ထ နေကြတယ်..သတိ
- ကဲ ဘာဆက်လုပ်ကြမလည်း..
- တိုက်ပွဲဝင်ဖို့အားလုံးအသင့်ပြင်
- Donors to reevaluate support for Myanmar's fight a...
- Child soldiers Burma,s SONS OF SORROW
- ခိုးသူလက်ထဲရောက်တဲ့ ကျေးပေါက်စကလေးများ
- သူဝှက် ထက်သာ တဲ့ သဘက်
- ဥပဒေ ရှုထောင့်က ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံး...
- ကျုပ်လည်လည်သွားမိတယ် အိမ်ရှင်မဖိတ်ဘဲနဲ့ 
- အဆိုးဆုံးအတွက် ပြင်ဆင် ခေါင်းမော့နေဆဲ
- ဒေါ်စု တရားဆိုင်နေချိန်တွင် ထောက်ခံသူများက စုဝေး ဆန...
- ဒို့ ခေါင်းဆောင်ကို ကာကွယ်ဝန်းရံကြ
- ဘိန်းရောင်းဝယ်ဖြန့်ဖြူးသူ ဒုက္ခသည်နှစ်ဦး ဖမ်းဆီးခံရ
- free Burma!! Burma Path...
- မြန်မာ ကလေးငယ်များရဲ့ ရှေ့ရေး အလားအလာ..
- ကုလားကျ ဖြီးနေပြန်ပြီ..
- Building the Tatmadaw
- 27 July 2009 News
- မိုးမခ သတင်းစဉ် ဇူလိုင် ၂ရ ၂၀၀၉
- မောင်ချစ်သူရဲ့ သွေးရူးသွေးတန်း စကားများ
- ဒေါ်စုအမှု အင်္ဂါနေ့ ထပ်မံ ရုံးချိန်း
- ဘာပြန်ပေးကြမှာလဲ
- ဒေါ်အောင်ဆန်းစုကြည် ၂၃ရက်နေ့ မြန်မာ့အလင်း သတင်းစာပါ...
- လေးစားထိုက်သူမို့  ဆုတွေ သယ်..
- MoeMaKa Daily e Newspaper - 26th July 2009
- လုပ်သင့် မလုပ်သင့်..ကိုယ့်ဖာသာကိုယ်စဉ်းစားချင့်
- သူမကို လွှတ်..
- အထူးကြေငြာချက်
- စည်းလုံးညီညွှတ်ရမယ့် အချိန်ရောက်ပြီ
- အမိမြန်မာပြည် နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ေ...
- မင်္ဂလာမွေးနေ့ ပါ ချိုတေးသံရှင်
- G wave ၏ လှုပ်ရှားမှု
- စစ် နဲ့  ငြိမ်းချမ်းရေး
- ကုလားကြိုက်တဲ့ သန်းရွှေ
- ”ကုလားမနိုင်ရခိုင်မဲ”
- ကမ်းကုန်အောင် မိုက်မဲ့ နအဖ..
- အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျ...
- ပြည်တွင်းရှေ့ နေတဦးရဲ့ ဒေါ်အောင်ဆန်းစုကြည် အမှု့  ...
- Voice of Burma July 2009
- MoeMaKa Daily e Newspaper - 24th July 2009
- ကုလသမဂ္ဂကို ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး
- ပြည်တွင်းရှေ့ နေတဦးရဲ့ ဒေါ်အောင်ဆန်းစုကြည် အမှု့  ...
- ဟုတ်တာတွေ ပေါ်လာပြီ...နျူကလီယားလိုချင်လို့ လူဆိုးေ...
- သိန်းစိန်နှင့်တရုတ်ဝန်ကြီးချူပ်ဆွေးနွေးချက်များ
- ဗွီအိုအေ အပတ်စဉ်ကဏ္ဍ တိုင်းရင်းသားသတင်းလွှာ
- 24-07-09 Lawyer U Nyan Win speaks about Daw Aung S...
- သွားဦးမှာလား နိုင်ငံခြား
- သီတင်းကျွတ် ၂၀၀၉ အတွက်ကျေညာချက်
- မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ဂျပန် ရတက်မအေး။...
- ရုံးချိန်းတွေ ဆက်ချိန်းနေတာ ဒေါ်အောင်ဆန်းစုကြည် သဘေ...
- It is not for your eyes only. It is for public eyes.
- NKorea-Burma relations could be nuclear: Clinton
- ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက်
-
▼
July
(385)
No comments:
Post a Comment