Wednesday, July 8, 2009

ဘုန်းဘုန်းတွေပြန်လာပြီ..

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ(ပြည်တွင်း)ကြေငြာချက်နှင့်သံဃာ့လှုပ်ရှားမှု အရှိန်ပြန်မြင့်မားလာ
၂၀၀၉ခုနှစ် ဇွန်လ၁၇ရက်နေ့ ကစတင်၍ ပြည်တွင်းသံဃာ့လှုပ်ရှားမှုအဖွဲ့ တဖွဲ့ ဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂ (ပြည်တွင်း)က ကြေငြာချက်များထုတ်ပြန်ပြီး ပြည်တွင်းမြို့ ကြီး၈မြို့ တွင် အဓိကထား ဖြန့် ဝေခဲ့သော မြန်မာ+အင်္ဂလိပ် နှစ်ဘာ သာပါရှိခသော ထုတ်ပြန်ကြေငြာချက်ကို မိမိတို့ ဟစ်တိုင်သတင်းဌာနမှလက်ခံရရှိခဲ့ပါသည်။
အရိယာနွယ်ဝင်သံဃာတော်အရှင်သူမြတ်များနှင့်ပြည်သူပြည်သားအပေါင်းအားနှိုးဆော်တိုက်တွန်းထားသောထိုကြေငြာ ချက် တွင်---
“မြန်မာနိုင်ငံမှာ အချင်းချင်း မေတ္တာတရား ခေါင်းပါးလာနေကြသောကြောင့် မထင်မှတ်ဘဲ မီးလောင် ရေကြီး မုန်တိုင်းတိုက် ငလျင်လှုပ်ခြင်းများ၊ စေတီဘုရားတွေ အလိုအလျောက် ပြိုကြခြင်းများ၊ ခရီးသွားယာဉ်များ ပျက်စီးခြင်းများ၊ အစာရေစာ ခေါင်း ပါးလာခြင်းများ ၊ အနာရောဂါဆန်းများ ဖြစ်ပွားလာခြင်းများ၊ ပြည်တွင်းစစ် ဖြစ်နေခြင်းများ၊ အစရှိသဖြင့် ကြောက်မက်ဖွယ် ကောင်းသည့် ကပ်ဆိုးဘေးဆိုးများမှ လွတ်မြောက်ကြစေရန် တန်ခိုးကြီးဘုရားပုထိုးစေတီများ၌ဝတ်ပြုဆုတောင်းပွဲများကျင်း ပကြရန် ၊" အဆိုပါကြေငြာချက်တွင် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရှိရပါသည်။
"၂၀၀၉ဇူလိုင်လ၆ရက် ၊မြန်မာသက္ကရာဇ်၁၃၇၁ ခု ၊ဝါဆိုလပြည့်နေ့ နေ့ လည်၁နာရီတွင်လည်း ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်တွင် ရာထောင်ချီသောသံဃာတော်များ တညီတညွတ်တည်းစုဝေးကြ၍ ဘုရားဝတ်ပြုပြီး ငြိမ်သက်စွာမေတ္တာပို့  ဆုတောင်းကြ ကြောင်း၊နေ့ လည်၂နာရီခန့် တွင် ဘုရားဖူးပြည်သူများပါ လူအင်အားများလာသဖြင့် ဘုရားလုံခြုံရေးများ အနီးကပ်စောင့်ကြည့် လာသဖြင့် ဦးဇင်းတို့ အနေဖြင့် အေးအေးဆေးဆေးဖြင့် လူစုခွဲလိုက်ကြကြောင်း၊ဦးဇင်းတို့ ရဟန်းပျိုအဖွဲ့ က ပြီးခဲ့တဲ့လက တည်း က နေ့ ကြီးရက်မြတ်များတွင်တနိုင်ငံလုံးရှိ တန်ခိုးကြီးဘုရားများတွင် စုပေါင်းဝတ်ပြုဆု တောင်းပွဲများပြုလုပ်ကြရန်ကျောင်း တိုက် များသို့ နှိုးဆော်စာများပို့ ထားခဲ့ပြီး ကျောင်းတိုက်ပေါင်း ၁၀၀ကျော်မှ သံဃာ့ကိုယ်စားလှယ်များတက်ရောက်ကြပြီး၊ဒီနေ့ ဝါဆိုလပြည့်နေ့ သည် ရန်ကုန်တွင် ငြိမ်းချမ်းစွာ အင်အားအများဆုံးစုပေါင်းဝတ်ပြုနိုင်ခဲ့သဖြင့် အောင်မြင်ပါကြောင်း၊ မြို့ ကြီးရှစ်မြို့ ဖြစ်သည့်ရန်ကုန်၊မန္တလေး၊ပဲခူး၊ပြည်၊မော်လမြိုင်၊စစ်တွေ၊တောင်ကြီးတို့ တွင်အခြေခံထားကာ ဆုတောင်းပွဲများကျင်းပ ခဲ့ ကြောင်း၊ မြန်မာပြည်ကြီး ငြိမ်းချမ်းသည်အထိ ဆုတောင်းပွဲများ ဆက်လက်အရှိန်မြှင့်ကာလုပ်ဆောင်သွားမည်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ(ပြည်တွင်း)မှ ဘွဲ့ အမည်မဖော်လိုသောရန်ကုန်မြို့ ကိုယ်စားလှယ်ဦးဇင်းတပါးက မိန့် ကြားခဲ့ပါသည်။
ယခုလှုပ်ရှားနေသောအဖွဲ့ သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ(ABYMU)နှင့် ပြည်တွင်းပြည်ပသာကွဲပြားပြီး နာမည် ဆင်တူနေသဖြင့်၊ ပြည်တွင်းအဖွဲ့ လှုပ်ရှားနေမှု ဟုတ်-မဟုတ် ဟစ်တိုင်မှ ABYMU ဥက္ကဌ ဆရာတော် ဦးခေမာစာရကို မေးမြန်း လျှောက်ထားခဲ့ရာ ဆရာတော်က 'ဟုတ်မှန်ကြောင်း၊တန်ခိုးကြီးဘုရားများတွင် ပြည်သူလူထုနှင့်ကျောင်းသားထုများပါ စုဝေး ကြ လျှက် နေ့ ကြီးရက်မြတ်များတွင်ငြိမ်းချမ်းစွာဆုတောင်းပွဲများဆက်လက်၍ပြုလုပ်သွားမည်ဆိုတာသိရှိရကြောင်း၊ပြည်တွင်း လှုပ် ရှားမှုနှင့်ပတ်သက်၍ အာရ်အက်ဖ်အေ အစရှိသော သတင်းဌာနများတွင် သတင်းများထုတ်လွှင့်နေကြောင်း ၊ "နယူးယောက်မြို့ ရောက် ဆရာတော်ဦးခေမာစာရ က ဟစ်တိုင်သို့ ဖုန်းဖြင့် မိန့် ကြားခဲ့ပါသည်။
(ပြည်တွင်းသံဃာ့ကိုယ်စားလှယ် အစည်းအဝေးဓါတ်ပုံနှင့် ကြေငြာချက် ကို အီးမေးမှတဆင့်ရရှိပါသည်)
အမေရိကမှ ဟစ်တိုင်သတင်းထောက်

အရိယာနွယ်ဝင် သံဃာတော်အရှင်သူမြတ်များအား လျှောက်ထားခြင်းနှင့်
ပြည်သူပြည်သား အပေါင်းတို့အား နှိုးဆော်တိုက်တွန်းခြင်း


မိမိတို့  မြန်မာနိုင်ငံတော်အတွင်း၌ တဦးနှင့်တဦး အချင်းချင်း မေတ္တာတရား ပွားများမှု၊ထားရှိမှု ခေါင်းပါးလာခြင်းတို့ကြောင့် ရေကြီး ရေလျှံဖြစ်ခြင်း၊ပြင်းထန်သောမုန်တိုင်းကြီးများကျရောက်ခြင်း၊ဆိုးရွားသောမီးလောင်ကျွမ်းမှုဖြစ်ခြင်း၊ကြောက်မက် ဖွယ် ငလျင်လှုပ်ခြင်း၊ဘုရားစေတီပုထိုးများရုတ်တရက်ပြိုကျခြင်း၊ခရီးသွားယာဉ်များရုတ်တရက်ပျက်စီးခြင်း၊အစာရေစာရိက္ခာ များရှား ပါးငတ်မွတ်လာခြင်း၊အနာရောဂါဘယဖြစ်ပွားမှုတိုးမြင့်လာခြင်း၊စစ်မက်ဖြစ်ပွားနေခြင်း၊ပြည်သူပြည်သားအများအပြား နိုင်ငံကိုစွန့် ခွာထွက်ပြေးနေကြခြင်း စသော ကပ်ဆိုးဘေးဆိုးကြီးများကြောက်မက်ဖွယ် အတောမသတ် ကျရောက်လျှက်ရှိနေပါသည်။

ထို ကြောက်မက်ဖွယ် ကပ်ဆိုးဘေးဆိုးကြီးများမှ ပပျောက်ကင်းဝေး ငြိမ်းအေးနိုင်စေရန် မိမိတို့ ရွာ မိမိတို့ မြို့ များ၌ထင်ရှားသော ဘုရားပုထိုးစေတီများသို့ နေ့ စဉ်နေ့ တိုင်း နေ့ လည်(၁)နာရီတိတိ အချိန်တွင် သွားရောက်စုဝေးကြ၍(၁၇)မိနစ်တိတိ တရားထိုင် ခြင်း၊ဆုတောင်းအမျှဝေခြင်းများ ပြုလုပ်ကြပါရန်(အမျိုးသားအကျိုး မျှော်ကိုးပြီး) အထူးလေးစားစွာဖြင့် တိုက်တွန်းနှိုးဆော် အပ် ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ (ပြည်တွင်း)

နေ့ စွဲ-မြန်မာသက္ကရာဇ် ၁၃၇၁ခု-နယုန်လဆုတ်(၁၀)ရက် ။၂၀၀၉ခုနှစ် ဇွန်လ (၁၇)ရက်နေ့။
ပေးပို့ သူအိုးဝေအောင်
www.oway8888.com/ , www.hittaing.org , www.hittai.org

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်