Thursday, July 16, 2009

ဗမာပြည် က ယာတြာရူးများ အကြောင်း


သန်းရွှေ နှင့် မိန်းမ ကြိုင်ကြိုင် ရွှေတိဂုံမှာ ပန်းယတြာချေ
Wednesday, 15 July 2009 18:37 ဟိန်းဇော်
E-mail Print
သံဃာတော်သတ် သန်းရွှေနှင့် မြှောက်ထိုးပင့်ကော် ကြိုင်ကြိုင်တို့သည် ယခုတပတ်အတွင်း ၃ ရက်ဆက်၍ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားသို့ ပန်းများဆင်ယင်ထားသော ဗုဒ္ဓရုပ်ပွားတော်များကို လာရောက် ပူဇော်ထားရှိ သည့်အတွက် လူအများစိတ်ဝင်စားနေကြကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ရွေတိဂုံဂေါပက အဖွဲ့ဝင်များက ပြောသည်။

နှီးဖြင့် ပြုလုပ်ထားပြီး “နေကြာပန်း”များ အပါအဝင် ပန်းပေါင်းစုံ အပွင့်များဖြင့်ဆင်ယင်ထားသော ဉာဏ်တော် တစ် ပေ ခန့်ရှိ ဗုဒ္ဓရုပ်ပွားတော် ၃၅ ဆူကို သန်းရွှေနှင့် ကြိုင်ကြိုင်တို့က မိသားစုဝင်များနှင့် အတူ ရွှေတိဂုံဘုရားသို့ သယ်ဆောင် ပူဇော်ခဲ့ခြင်းဖြစ်သည်ဟု ရွှေတိဂုံ ဂေါပက အဖွဲ့ဝင်တဦးက ပြောပြသည်။

“နှင်းဆီပန်း၊ ရွှေပန်း၊ ငွေပန်းစတဲ့ ပန်းအမျိုးအစားပေါင်း မနည်းဘူး။ ရုပ်ပွားတော်ရဲ့ကိုယ်မှာစိုက်လှူထားတာ ၊ ရုပ်ပွားတော် ၃၅ဆူလောက်ရှိတယ်။ ဘုရားလာဖူးတဲ့ လူတွေက ပန်းပေါင်းစုံရုပ်ပွားတော်တွေ မွေးနံ ထောင့်တိုင်း မှာရှိနေတာ့ တအားစိတ်ဝင်တစားမေးမြန်းတာ"ဟု ၎င်းက ပြောသည်။

အဆိုပါ ရုပ်ပွားတော်များကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်စောစောက ရွှေတိဂုံဘုရား၏ နေ့နံအလိုက် သတ်မှတ် ထားသော မွေးနေ့ ထောင့်တိုင်းတွင် ပူဇော်ထားရှိခြင်းဖြစ်ပြီး “နေကြာပန်း”များအား ထည့်သွင်း ပူဇော်ခြင်းသည် အနေကြာစေရန် ဟူသော အဓိပ္ပာယ်ဖြင့် အာဏာဆက်လက် တည်မြဲရေးနှင့် ကျန်းမာရေးကောင်းမွန်ရန်တို့ အတွက် ယတြာချေခြင်း ဖြစ်နိုင်ကြောင်းလည်း သူက ဆိုသည်။

အတိုင်ပင်ခံ ဗေဒင်ဆရာများ၏ အခါပေးစေခိုင်းမှုဖြင့် ယတြာချေခြင်းဖြစ်ပြီး ကြိုင်ကြိုင် ထီးတော် တင်ထား သော ဓနုတ်စေတီတော် ပြိုကျခြင်းနှင့်ပတ်သတ်၍ ကျရောက်လာမည့် အညံ့ များကို ချေဖျက်ရန် ထိုသို့ ပြုလုပ် ခြင်းဖြစ်ကြောင်း အစိုးရအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

ရွှေတိဂုံ ဘုရားဖူးတဦးကလည်း"ဘုရားမှာ ထူးထူးခြားခြား တွေ့တော့မေးကြည့်တာ၊ စေတီတော် တစ်ကိုယ်လုံး ပန်းအစုံနဲ့ ဘုရားကိုယ်ကိုတောင် မမြင်ရဘူး၊ ဘာလုပ်တာလဲမေးတော့ ဒီနေ့မနက်(ဇူလိုင် ၁၀) ငါးနာရီလောက်က ဘုရားက တံခါးတွေပိတ်ပြီး သူစိမ်းဝင်ခွင့်မပြုတော့ဘဲ သန်းရွှေတို့ ဇနီးမောင်နှံနဲ့ အပေါင်းအပါတို့ ယတြာ လာချေ သွားတာတဲ့"ဟု ပြောသည်။

မကြာသေးခင်က ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် အစိုးရထိပ်ပိုင်း အဖွဲ့ဝင် ၅ ဦးတို့က သန်းရွှေ ထံမှ အာဏာ သိမ်းရန် ကြိုးပမ်းကြောင်း ကောလာဟလ ထွက်ပေါ်မှုများလည်း ရန်ကုန် လူထုကြား ပျံ့နှံ့နေ သည်ဟုလည်း ၎င်း ဘုရားဖူး က ဆိုသည်။

သန်းရွှေနှင့် ကြိုင်ကြိုင်တို့သည် ၎င်း၏ ကံဇာတာ အညံ့များ ကောင်းမွန်ရန်အတွက် ဗေဒင် ယတြာများကို ယုံကြည်မှု ရှိကြောင်း ၎င်းတို့နှင့် နီးစပ်သည့် ဗေဒင်ဆရာ တဦးက ပြောသည်။

“သန်းရွှေက အခက်အခဲ အကျပ်တည်းထဲမှာ ရောက်နေတယ်၊ ဒါကြောင့် သူ့ကံဇာတာ ကောင်း အောင် ယတြာချေတာ”ဟု အထက်ပါ ဗေဒင်ဆရာ က ပြောသည်။

ယင်း ပန်းပေါင်းစုံ နှီးဘုရားများကို စိတ်ဝင် တစားမေးမြန်းသူများလာခြင်းကြောင့် သော်လည်းကောင်း၊ ယတြာချေ ပြီး၍ သော်လည်းကောင်း ဇူလိုင်လ ၁၄ရက်နေ့ က လာရောက် သိမ်းဆီးသွားကြောင်း ရွှေတိဂုံ ဘုရားမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ကြိုင်ကြိုင် ထီးတင်ခဲ့သည့် ရန်ကုန်တိုင်း ဒလ မြို့နယ်ရှိ ရှေးဟောင်း ဓနုတ် စေတီကြီး ပြိုကျခဲ့သည်။ ၎င်းစေတီကြီးအား မေလ ၇ ရက်နေ့က ထီးတင်ခဲ့ခြင်းဖြစ်သည်။

ထုစေတီကြီးပြိုကျမှုနှင့် ပတ်သက်ပြီး“အလှူရှင်များဆန္ဒအရ မိုးမကျမီ အားလုံးပြင်ဆင် ပြီးစီးရန် မွမ်းမံ တည် ဆောက် လိုက်ရသောကြောင့် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ဖြစ်ပေါ်ပျက်စီးခဲ့ရသည်”ဟု အစိုးရ သတင်းစာများတွင် ရေးသား ဖော်ပြခဲ့သည်။

ဤသတင်းအား ဧရာဝတီ သတင်းထောက် မင်းလွင် နှင့် ပူးပေါင်း ရေးသားသည်။
(မှတ်ချက် - ဗိုလ်မှုးကြီးဟု သုံးစွဲထားသော စကားလုံးများအား ကျွန်တော်ဖြုတ်ပါသည် ။ ဒေါ် မတတ်နိုင်၍ ဖြုတ်လိုက်ပါသည် ။ ပြင်လိုပါက ထင်မြင်ချက်သာရေးပို့ စေလို ပါသည်။ ဒေါင်းTM)
Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်