ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားသော A/H1N1တုပ်ကွေး ကူးစက်ရောဂါသည် မြန်မာနိုင်ငံ သို့လည်းပြန့်နှံ့ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ အသက်(၁၃)နှစ်အရွယ်မိန်းကလေးတစ်ဦးတွင် အဆိုပါရောဂါပိုး ကူးစက်ခံ ထား ရကြောင်း နိုင်ငံပိုင်သတင်းဌာနများက ကြေညာသည်။ အဆိုပါ မိန်းကလေးသည်စင်္ကာပူနိုင်ငံမှ ဇွန်လ(၂၆)ရက်နေ့၊ နေ့လယ်ပိုင်းတွင် လေယာဉ်ခရီးစဉ် 3k 585ဖြင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ထိုစဉ်က သူမထံတွင် ရောဂါပိုး ကူးစက်ထားသည့် လက္ခဏာ မျိုး မတွေ့ခဲ့ရချေ။ သို့သော် ယင်းမိန်းကလေးမှာ ညနေပိုင်း သူမ၏ tutorialအခန်းသို့ ရောက်ရှိလာချိန်တွင် အပြင်းဖျားလာပြီး အခြေ အနေ ဆိုးလာသောကြောင့် ညတွင်းချင်းရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်။ ဆေးရုံမှ တာဝန်ရှိသူများက လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မိန်းကလေးသည် A/H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားကြောင်း အတည်ပြု ကြေညာ ခဲ့သည်။ ယခုအခါမိန်းကလေး၏ မိသားစုနှင့် သူငယ်ချင်းမိတ်ဆွေများ အားလုံးတို့ကိုသီးသန့်ခွဲထားပြီး သတိပြု စောင့်ရှောက်ထားကြောင်း သိရသည်။
မိန်းကလေးနှင့်အတူ လေယာဉ်ခရီးစဉ်တွင် လိုက်ပါလာသည့် အခြားခရီးသည် (၉၁)ဦးကိုလည်း ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကာ
စောင့်ကြည့်မည်ဖြစ်ကြောင်း ဆေးရုံအသိုင်းအ၀ိုင်းက ဆိုသည်။ အဆိုပါမိန်းကလေးသည် ဇွန်လ(၂၁)ရက်နေ့က မိသားစုနှင့် စင်္ကာပူသို့
ခေတ္တသွားရောက်ပြီး ပြန်လာချိန်တွင် ယခုကဲ့သို့ ရောဂါကူးစက်ခြင်းခံခဲ့ရကြောင်း သိရသည်။ နိုင်ငံအတွင်း A/H1N1ကို ပထမဆုံး တွေ့ရှိပြီး နောက်မြန်မာ့ကျန်းမာရေး တာဝန်ရှိပုဂ္ဂိုလ်များသည် ကူးစက်နှုန်းလျင်မြန်ပြင်းထန်သော အဆိုပါ ဗိုင်းရပ်စ်ကို တားဆီး ကာကွယ်နိုင်ရေး ပိုမိုအားထည့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနများက ကြေညာသွားသည်။ ကျန်းမာရေး ၀န်ကြီးဌာနသည် A/H1N1ဗိုင်းရပ်စ်ကို နိုင်ငံအတွင်း မတွေ့ရှိရမီ ဧပြီလ(၂၅)ရက်နေ့ကတည်းက လေဆိပ်၊ သင်္ဘောဆိပ်နှင့်
နယ်စပ်ကူးသန်းရောင်းဝယ်ရေး ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေခဲ့ကြောင်းလည်း သိရှိရသည်။ ဇွန်လ(၂၉)ရက်နေ့ WHO၏ထုတ်ပြန်ချက်အရ ကမ္ဘာတဝှမ်း A/H1N1ဗိုင်းရပ်စ် ကူးစက်ခံနေရသူ (၇၀,၈၉၃)ဦးရှိပြီးသေဆုံးသူ(၃၁၁)ဦးရှိပြီဖြစ်သည်။
ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတိပေးနှိုးဆော်ချက်
၁။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် လူမှလူသို့ လျင်မြန်စွာ ကူးစက်လျက်ရှိသည်။
ကမ္ဘာ့လူတုပ်ကွေးရောဂါသည် ၂၀၀၉ခုနှစ် ဇွန် ၁၁ ရက်အထိ နိုင်ငံပေါင်း ၇၄ နိုင်ငံသို့ ပျံ့နှံ့ကူးစက်ကာ ဓာတ်ခွဲခန်းစမ်းသပ် အတည်ပြုချက်အရ ၂၈၇၇၄ ဦး ဖြစ်ပွားခဲ့ပြီး ၁၄၄ ဦး သေဆုံးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ လူတုပ်ကွေး ကပ်ရောဂါ(Human Influenza Pandemic) ဖြစ်ပွားနေကြောင်း ဇွန် ၁၁ ရက်တွင် ကြေညာခဲ့သည်။
၂။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် လူမှလူသို့ ကူးစက်မြန်ခြင်းနှင့်တုပ်ကွေးဗိုင်းရပ်စ် အသစ်ဖြစ်၍ လူအများတွင် ခံနိုင်ရည်စွမ်းအား
မရှိသေးခြင်းတို့ကြောင့် အောက်ပါအန္တရာယ်များကို ကြုံတွေ့ရမည်။
(က) အသက်အရွယ်မရွေး ရောဂါဖြစ်ပွားခြင်း၊
(ခ) ကလေးများ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နှလုံး၊အဆုတ်နှင့် ဆီးချိုစသည့် နာတာရှည်ရောဂါရှိသူများနှင့်
ခုခံအားကျဆင်းမှုရှိသူများတွင် အသက်ဆုံးရှုံးမှု ပိုမိုများပြားနိုင်ခြင်း၊
(ဂ) တုပ်ကွေးလူနာမျာ လျင်မြန်စွာများပြားလာခြင်းကြောင့် ဆေးဝါး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ ဖြစ်ပေါ်ခြင်း၊
(ဃ) စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခြင်း၊
(င) ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် လူအများ စုဝေးဆောင်ရွက်ရသည့် လုပ်ငန်းများ၊ ကျောင်းများ၊ ဘာသာရေးပွဲများနှင့် ပွဲလမ်းသဘင်များကိုပိတ်ပင်တားဆီးရန် လိုအပ်လာနိုင်ခြင်း၊
(စ) နိုင်ငံ၏ အဓိကဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန်အခက်အခဲများ ကြုံတွေ့လာနိုင်ခြင်း၊
၃။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ၏ အန္တရာယ်များကို ကာကွယ်ရန်နှင့် ဆုံးရှုံးမှုများ လျော့နည်းရန်အတွက် အောက်ဖော်ပြပါ
ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို ပြည်သူလူထုတစ်ရပ်လုံးကလိုက်နာဆောင်ရွက်ရန် အထူးအရေးကြီးသည်။
(က) ပြည်သူ တစ်ဦးချင်းအနေဖြင့် ဆောင်ရွက်ရန် -
- တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ခြင်း၊
- နှာချေ၊ ချောင်းဆိုးလျင် လက်ကိုင်ပဝါဖြင့် ဖုံးအုပ်ခြင်း၊
- လက်ကိုဆပ်ပြဖြင့် စင်ကြယ်စွာဆေးကြောခြင်း၊
- ကောင်းစာအိပ်စက်အနားယူခြင်း၊
- အာဟာရပြည့်ဝသည့် အစားအစာများစားသုံးခြင်း၊
- ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း၊
- လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊
- လူထူထပ်သောနေရာနှင့် ပွဲလမ်းသဘင်များသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
- အရက်လွန်ကဲစွာ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊
- ရောဂါဖြစ်ပွားသူများနှင့် သံသယရှိသူများမှ (၆)ပေအကွာတွင် နေထိုင်ခြင်း၊
- ရောဂါမကူးစက်စေရန် နှာခေါင်းနှင့် ပါးစပ်ကို လုံအောင်ဖုံးအုပ်သည့်
ပါးစပ် နှာခေါင်းစည်း(Surgical Mask)ကို အသုံးပြုခြင်း၊
- ရောဂါရှိသူ၏နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
- မိမိတွင် ရောဂါလက္ခဏာများရှိသည်ဟု ယူဆပါက နီးစပ်ရာကျန်းမာရေးဌာနသို့အမြန်ဆုံးသတင်းပေးပို့ အကူအညီတောင်းခံခြင်းများ ပြုလုပ်ရမည်။
(ခ) စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနှင့် ဂေဟာများတွင် -
- အဆောင်အအုံများ လေဝင်လေထွက် ကောင်းမွန်ရေးအတွက် ဆောင်ရွက်ခြင်း၊
- ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ခြင်း၊
- အမှိုက်နှင့်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ခြင်း၊
- လူ့အသုံးအဆောင်ပစ္စည်းများ၊ လှေကား၊ ဓာတ်လှေကား၊ နံရံများနှင့်
ရုံးတွင်းပရိဘောဂများကို တစ်နေ့(၂)ကြိမ်မှ (၃)ကြိမ် ပိုးသန့်စင်ခြင်း၊
- စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လှူုမှုရေးရိပ်သာနှင့် ဂေဟာများတွင်
နေထိုင်ဆောင်ရွက်သူများ အားလုံး၏ ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုခြင်း၊
- တစ်ဦးဦးတွင် တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက
ကျန်းမာရေးဌာနနှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ခြင်း၊
(၄) တုပ်ကွေးရောဂါ (သို့မဟုတ်) အလားတူ ဖျားနာရောဂါ ဖြစ်ပွားသူသည် အောက်ပါအတိုင်း နေထိုင်ရမည်။
- လူနာအနေဖြင့် ပါးစပ် နှာခေါင်းစည်း တပ်ဆင်ထားရမည်၊
- အခြားသူများသို့ မကူးစက်ရေးအတွက် မိမိအိမ်တွင်ပင် နေထိုင်ရမည်၊
- ရုံး၊ ကျောင်း၊ လုပ်ငန်းခွင်နှင့် ခရီးသွားလားခြင်းများကို ရှောင်ကြဉ်ရမည်၊
- နှာချေ၊ ချောင်းဆိုးလျင် တစ်သျှူး (သို့မဟုတ်) လက်ကိုင်ပဝါ အသုံးပြုရမည်၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရမည်၊
- အာဟာရဖြစ်သော အစားအစာများစားရန်နှင့် အရည်များများ သောက်ရမည်၊
- လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ရမည်၊
- ကျန်းမာရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရမည်၊
- ရောဂါကူးစက်မှုသည် ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစ၍ (၁၀)ရက်ကြာသည်အထိ ကူးစက်နိုင်သည်။
(၅) မိသားစုအတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူအား အောက်ပါအတိုင်း ပြုစုရမည်။
- လူနာကို လေဝင်လေထွက်ကောင်းသော နေရာတွင် ထားရှိရမည်၊ အခြေအနေပေးပါက သီးသန့်အခန်းတွင် ထားရှိသင့်သည်၊
- ဖျားနာသူအား အနီးကပ် စောင့်ရှောက်သူများသည် ပါးစပ် နှာခေါင်းစည်းနှင့် လက်အိတ်များ ဝတ်ဆင်ရမည်၊ ဖြစ်နိုင်ပါက ပလတ်စတစ်ရင်ကာ ခါးစည်း(Apron)ကိုလည်း အသုံးပြုနိုင်သည်၊
- လူနာအသုံးအဆောင်ပစ္စည်းများ၊ အသုံးပြုပြီးသော ပါးစပ် နှာ ခေါင်းစည်းနှင့် လက်အိတ်များ စသည်တို့ကို 0.5% available chlorine ရရှိစေရန် Bleaching Powder ဟင်းစားဇွန်းနှစ်ဇွန်းကို ရေတစ်လီတာဖြင့် ဖျော်စပ်၍ မိနစ်(၃ဝ)ခန့် စိမ်ထားရမည်၊ မရှိလျှင် ရေနွေးဖြင့် ပြုတ်လျှော်ရမည်၊
- လူနာပြုစုပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရမည်၊ ဖြစ်နိုင်လျှင် အရက်ပြန်(Alcohol rub) အသုံးပြုနိုင်သည်၊
- လူနာနှင့် အနီးကပ်ပြုစုသူများ၏ ကျန်းမာရေးအခြေအနေကို ကျန်းမာရေးဌာနသို့သတင်းပို့ခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရမည်၊
၆။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ မြန်မာနိုင်ငံသို့ ဝင်ရောက်ကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူလူထုတစ်ရပ်လုံးမှကမ္ဘာလူတုပ်ကွေးကပ်ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်အထူးလိုအပ် ကြောင်း နှိုးဆော်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
Thursday, July 2, 2009
A/H1N1တုပ်ကွေး ကူးစက်ရောဂါ နှင့်မြန်မာပြည်။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
July
(385)
- ကုပ်ကမြင်းနေတဲ့ ဥာဏ်ဝင်း
- NLD ၏ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စအတွက် ကျေညာချက်
- သိုးကို အပြစ်ရှာတာ ၀ံပုလွေယုတ်
- Myanmar's history of sanctions
- CNN မှ ဒေါ်စု သတင်း
- စီရင်ချက်ချမည်ဆိုသည့် ဇူလိုင် (၃၁) ရက်နေ့ ပြည်တွင်...
- Myanmar: Ban calls for Aung San Suu Kyi's release
- ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ စစ်အခွန်ရုံးရှေ့တွင...
- ကြံကြံဖန်ဖန် ကြက်ဥအတု
- ကြက်ဥ အတု လုပ်တာ တကယ်လား..
- ကြက်ဥအတုများ မြန်မာနိုင်ငံသို့ ၀င်ရောက်နေ
- ဒေါ်စု ရဲ့ ရုံးချိန်း ဇူလိုင် ၃၁ ၂၀၀၉..ပုံရိပ်များ
- ဇူလိုင် ၃၁ ၂၀၀၉ သတင်းများ (ရဲရင့်ငယ်)
- 8888 21th ANNIVERSARY COMMEMORATION (SAN FRANCISCO...
- MoeMaKa Daily e Newspaper - 30th July 2009
- ဇူလိုင်လ ၃၁ ၂၀၀၉ အင်းစိန် ထောင်ရှေ့ အခြေအနေ
- စစ်အစိုးရတပ် သျှမ်းရွာသုံးရွာ အိမ်ခြေ ၁၀၀ ကျော် မီ...
- ယနေ့ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက် သြဂုတ်လ ၁၁ရက်...
- ဒီနေ့ ဇူလိုင် (၃၁) အင်းစိန်ထောင်ရှေ့ချီတက်ဆန္ဒပြပွဲ
- ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း ကိစ္စ ကန့်ကွက်စာပ...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၂လ(၇၄)လ ပြည်...
- ရွှေအင်းဝလိုင်းမှ ကားတစ်စီး ဘီအိုစီမှတ်တိုင်မှာမီးေ...
- How does DASSK spend her Prize Money?
- ဒို့ သာသနာထိရင်..မချိဖူးနအဖ..ဆက် ချမယ်
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု အကောင်အထည်ဖေါ်လုပ...
- ကိုယ့်ရှူးကိုယ်ပတ်နေတဲ့ ဟောဒီအာဏာရူးတွေရဲ့ လက်ထဲမှ...
- MoeMaKa Daily e Newspaper - 29th July 2009 ...
- ဗမာ့ စောင်း - (ဒါရိုက်တာ..အိုင်ဝို ဂျီးမား)
- အပြင်းထန်ဆုံးသော လူထုတိုက်ပွဲ အတွက် ပထမအဆင့် ခြေလှမ်း
- မတရားတာတွေ အန်ထုတ်ကြစို့ 
- 8888 အမှတ်တရ တွေနဲ့  ကနေဒါမှာ ကျင်းပမယ်
- ဘာမှကြောက်မနေနဲ့ ..ဆက်တက်ခဲ့
- ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံမြေ ကိစ္စ မနက်ဖြန် ၃၀ရက်ေ...
- မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပ
- ဒေါ်စု အမှုဟာ နိုင်ငံတကာအရေးလို့  မစ္စတာကင်တားနားကဆို
- မြန်မာ့စီးပွား ပိတ်ဆို့မှုသက်တမ်း အိုဘားမား တိုးမြှင့်
- XX သည်မ ပါးစပ်လောက်တောင် တန်ဖိုးမရှိတဲ့ နအဖ မြန်မာ...
- ငါတို့အမေ
- MoeMaKa Daily e Newspaper - 28th July 2009
- ၂၀၁၀ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် လွန်ဆွဲနေ
- A possible strong trigger to bring Burma into UNSC...
- ဇူလိုင်လ ၂၈ ၂၀၀၉ သတင်းများ
- မေတ္တာပါလ ဓမ္မဝေဒဂူ နွေရာသီ ယဉ်ကျေးမူ ကလေးသင်တန်း Bu...
- ကြားလား မြင်လား မေ၀၀ါးနဲ့...သူငယ်ချင်း
- 21st 8888 ceremony @ LA on 8/9/09
- U2 announces Amnesty award to Aung San Suu Kyi
- Aung San Suu Kyi: 'Ambassador of Conscience'
- လင်းဒ တွေ ထ နေကြတယ်..သတိ
- ကဲ ဘာဆက်လုပ်ကြမလည်း..
- တိုက်ပွဲဝင်ဖို့အားလုံးအသင့်ပြင်
- Donors to reevaluate support for Myanmar's fight a...
- Child soldiers Burma,s SONS OF SORROW
- ခိုးသူလက်ထဲရောက်တဲ့ ကျေးပေါက်စကလေးများ
- သူဝှက် ထက်သာ တဲ့ သဘက်
- ဥပဒေ ရှုထောင့်က ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံး...
- ကျုပ်လည်လည်သွားမိတယ် အိမ်ရှင်မဖိတ်ဘဲနဲ့ 
- အဆိုးဆုံးအတွက် ပြင်ဆင် ခေါင်းမော့နေဆဲ
- ဒေါ်စု တရားဆိုင်နေချိန်တွင် ထောက်ခံသူများက စုဝေး ဆန...
- ဒို့ ခေါင်းဆောင်ကို ကာကွယ်ဝန်းရံကြ
- ဘိန်းရောင်းဝယ်ဖြန့်ဖြူးသူ ဒုက္ခသည်နှစ်ဦး ဖမ်းဆီးခံရ
- free Burma!! Burma Path...
- မြန်မာ ကလေးငယ်များရဲ့ ရှေ့ရေး အလားအလာ..
- ကုလားကျ ဖြီးနေပြန်ပြီ..
- Building the Tatmadaw
- 27 July 2009 News
- မိုးမခ သတင်းစဉ် ဇူလိုင် ၂ရ ၂၀၀၉
- မောင်ချစ်သူရဲ့ သွေးရူးသွေးတန်း စကားများ
- ဒေါ်စုအမှု အင်္ဂါနေ့ ထပ်မံ ရုံးချိန်း
- ဘာပြန်ပေးကြမှာလဲ
- ဒေါ်အောင်ဆန်းစုကြည် ၂၃ရက်နေ့ မြန်မာ့အလင်း သတင်းစာပါ...
- လေးစားထိုက်သူမို့  ဆုတွေ သယ်..
- MoeMaKa Daily e Newspaper - 26th July 2009
- လုပ်သင့် မလုပ်သင့်..ကိုယ့်ဖာသာကိုယ်စဉ်းစားချင့်
- သူမကို လွှတ်..
- အထူးကြေငြာချက်
- စည်းလုံးညီညွှတ်ရမယ့် အချိန်ရောက်ပြီ
- အမိမြန်မာပြည် နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ေ...
- မင်္ဂလာမွေးနေ့ ပါ ချိုတေးသံရှင်
- G wave ၏ လှုပ်ရှားမှု
- စစ် နဲ့  ငြိမ်းချမ်းရေး
- ကုလားကြိုက်တဲ့ သန်းရွှေ
- ”ကုလားမနိုင်ရခိုင်မဲ”
- ကမ်းကုန်အောင် မိုက်မဲ့ နအဖ..
- အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျ...
- ပြည်တွင်းရှေ့ နေတဦးရဲ့ ဒေါ်အောင်ဆန်းစုကြည် အမှု့  ...
- Voice of Burma July 2009
- MoeMaKa Daily e Newspaper - 24th July 2009
- ကုလသမဂ္ဂကို ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး
- ပြည်တွင်းရှေ့ နေတဦးရဲ့ ဒေါ်အောင်ဆန်းစုကြည် အမှု့  ...
- ဟုတ်တာတွေ ပေါ်လာပြီ...နျူကလီယားလိုချင်လို့ လူဆိုးေ...
- သိန်းစိန်နှင့်တရုတ်ဝန်ကြီးချူပ်ဆွေးနွေးချက်များ
- ဗွီအိုအေ အပတ်စဉ်ကဏ္ဍ တိုင်းရင်းသားသတင်းလွှာ
- 24-07-09 Lawyer U Nyan Win speaks about Daw Aung S...
- သွားဦးမှာလား နိုင်ငံခြား
- သီတင်းကျွတ် ၂၀၀၉ အတွက်ကျေညာချက်
- မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ဂျပန် ရတက်မအေး။...
- ရုံးချိန်းတွေ ဆက်ချိန်းနေတာ ဒေါ်အောင်ဆန်းစုကြည် သဘေ...
- It is not for your eyes only. It is for public eyes.
- NKorea-Burma relations could be nuclear: Clinton
- ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက်
-
▼
July
(385)
No comments:
Post a Comment