Friday, July 3, 2009

ကုလသမဂ္ဂအတွင်းရေးမှူးချူပ် မြန်မာပြည်ခရီးစဉ်အောင်မြင်ရန် အခွင့်အလမ်း နည်းပါးဟု AAPPB ပြော

Thu 02 Jul 2009, အာကာ၊ မင်းအာသံ
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ်၏ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ အောင်မြင်မှုရရန် အခွင့်အလမ်းနည်းပါးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPPB က ပြောသည်။

မစ္စတာ ဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ် အချိန်တိုတောင်းလွန်းခြင်းနှင့် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားမရှိဟူသော စစ်အစိုးရမှုကြောင့် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“ဖြစ်နိုင်ချေရှိတာကတော့ ဘန်ကီမွန်းဟာ သန်းရွှေနဲ့ တွေ့နိုင်တယ်။ ဒါပေမယ့် စစ်အစိုးရက ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး၊ ဥပဒေကို ချိုးဖောက်လို့ ဖမ်းထားတာလို့ အမြဲပြောနေတယ်။ နောက်တချက်က အချိန်တိုအတွင်းမှာ အရေးကြီးတဲ့လူတွေနဲ့ တွေ့နိုင်ဖို့ဆိုတာ မလွဟ်ဘူး၊ တွေ့ခွင့်ရှိဦးတော့ ဘယ်လောက်လွတ် လွတ်လပ်ပ်တွေ့နိုင်မလဲ။ ဒါကြောင့် ဘန်ကီမွန်းရဲ့ ခရီးစဉ် အောင်မြင်မယ်ဆိုတာ ပြောဖို့ခက်တယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

၎င်းပြင် မြန်မာစစ်အစိုးရနှင့် အတိုက်အခံအင်အားစုများအကြား မည့်သည့်အတိုင်းအတာအထိ ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည်ကိုလည်း စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

သို့သော် မစ္စတာ ဘန်ကီမွန်း၏ခရီးစဉ်ကို ကြိုဆိုကြောင်းနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချူပ်၏ အဓိကထားဆောင်ရွက်နိုင်မည့် အချက် (၃) ချက်ကို မူအားဖြင့် ထောက်ခံကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချူပ်၏ အဓိကထားဆောင်းရွက်နိုင်မည့် အချက် (၃) ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ အစိုးရနှင့် အတိုက်အခံ အင်အားစုများအကြား တွေ့ဆုံဆွေးနွေးရေးဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပြန်လည်စတင်ရန်နှင့် စစ်မှန်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန်တို့ ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ချူပ်ရုံးတွင် ကျင်းပသော နေ့စဉ်သတင်းစာ ရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ် မစ္စတာဘန်ကီမွန်းသည် မနက်ဖြန် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ် သွားရောက်မည်ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုတို့ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်အတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှုတစ်ခုကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့တွင် စတင်ပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၁၅၀ ကျော်မှ လက်မှတ်ပေါင်း ၆ သိန်း ၅ သောင်းကျော် လက်ခံရရှိထားကြောင်း လှုပ်ရှားမှုကော်မတီက ကြောငြာခဲ့သည်။

ထိုလှုပ်ရှားမှုမှ ရရှိထားသည့် လက်မှတ်များကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချူပ်ထံ ပေးပို့ထားသည်ဟုလည်း သိရသည်။

AAPPB ၏ ၂၀၀၉ ခုနှစ် မေလ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား (၂၁၅၅) ဦးရှိကြောင်း သိရသည်။
http://www.monnews-imna.com/burmese/newsupdate.php?ID=446

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်