Sunday, March 8, 2009

နအဖ ပညာရေးကို ဖျက်စီးတာ ရစရာမရှိတော့ဘူး

အချိန်ပိုခေါ် ကျူရှင်ပေးသည့် မြန်မာပြည် ပညာရေးစနစ် ကရင်နီတပြည်လုံးတွင်ပျံ့နှံ့၊ မိဘများအတွက် ပိုမိုခက်ခဲ

ကို(၂)/မတ် ၆၊၂၀၀၉

ကျောင်းချိန်မဟုတ်ဘဲ အချိန်ပိုခေါ်ကျူရှင်ယူကာ စာသင်ကြားပေးနေသည့် မြန်မာပြည်မှ ပညာရေးစနစ်သည် ကရင်နီ (ကယား)ပြည်နယ် တပြည်လုံးအနှံ့ ခေတ်စားလာသောကြောင့် မိဘများငွေကြေးအခက်အခဲနှင့် ပိုမိုရင်ဆိုင်လာရသည်ဟု သိရသည်။

ယခင်က အထက်တန်းနှင့် အလယ်တန်းအဆင့်များကသာ အချိန်ပိုကျူရှင်တက်ခဲ့ကြသော်လည်း ယခုအခါတွင် မူလတန်း အဆင့်ကလေးများပါ ငွေကုန်ခံ၍ကျူရှင်များယူလာရသည်ဟု ဒီမောဆိုမြို့နယ်အထက်တန်းကျောင်းတွင် ပညာသင်နေ

သောကျောင်းသားတဦးက ပြောသည်။

၎င်းက“ အခုခေတ်လေ ကျူရှင်တကယ်များတယ် မှုလတန်းအဆင့်တောင် ဆင်ရှိတယ်။ မှုလတန်း၊ အလယ်တန်း၊ အထက်တန်း ဂျူရှင်အကုန်ရှိတယ်။ ဆရာမတွေက လုပ်စားချင်တာလားမသိဘူးလေ။ အချိန်ပိုလည်းရှိတယ် အချိန်ပိုမှာလည်း ပိုက်ဆံပေးရတယ်။”ဟု ပြောသည်။

မှုလတန်းနှင့် အထက်တန်းတို့၏ ကျူရှင်ခ ကွာခြားမှုကိုလည်း အဆိုပါကျောင်းသားက အခုလိုပြောပြသည်။

“မှုလတန်းတလမှာဆို ၁၅၀၀ (သို့) ၂၀၀၀ ဘာသာစုံပေါ့၊ အထက်တန်းမှာကြတော့ တလမှာ ၁၅၀၀ တဘာသာလေ။ ကိုယ်မနိုင်တဲ့ဘာသာ၊ ကိုယ်အားနည်းတဲ့ဘာသာကို ရွေးပြီးတက်လို့ရတယ်လေ။ အချိန်ပိုခကြတော့ ကျနော်တို့ဘက်မှာ တလကို ၁၅၀၀ ၀န်းကျင်လောက်မှာဘဲ၊ ဒါပေမယ့် တကယ့်မြို့မှာ အချိန်ပိုခ ပိုပေးရမယ်ထင်တယ်၊”

ကျူရှင်ခဈေးကြီးခြင်းကြောင့် ငွေကြေးတတ်နိုင်သည့် ကျောင်းသူ/သားများသာ တက်နိုင်ကြသည်။ သို့သော်အချိန်ပို အတွက်ကိုမူ ဆရာ/မတို့က မတက်မနေရ ငွေပေးပြီး တက်ရန်သတ်မှတ်ထားသည်ဟု သူကဆိုသည်။

အချိန်ပို၊ကျူရှင်ယူမှ စာမေးပွဲအောင်နိုင်သည့် မြန်မာပြည်မှ ပညာရေးစနစ်သည် ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်ရှိ ကျောင်း များတွင် ယခင်ကတည်းက ခေတ်စားနေခြင်း ဖြစ်သော်လည်းလွန်ခဲ့သည့် သုံးနှစ်လောက်မှစ၍ ဒီမောဆို မြို့နယ်ဖက် တွင်လည်းကူးစက်လာခြင်းဖြစ်ပြီး မူလတန်းအရွယ်များကပါ ကျူရှင်၊အချိန်ပိုယူလာခြင်း ဖြစ်သည်။

အခုလိုကျူရှင်ယူအချိန်ပို သင်ကြားခြင်းနှင့် ပတ်သတ်ပြီး ဒေါပဲ့ကျေးရွာဖက်ရှိ ဒေသခံတဦးကလည်းမြို့နယ် အဆင့်များတွင် ကျူရှင်၊အချိန်ပိုများဖြင့် ပညာသင်ကြားနေချိန်တွင် ကျေးလက်ဒေသရှိ ကျောင်းဆရာ/မများက ကလေးများကို စာကောင်းကောင်းသင်ကြားပေးမှု မရှိသည့်အတွက် ကျေးလက်ရှိပညာရေးအခြေနေ ဆိုးရွားနေကြောင်းပြောသည်။

“ကျောင်းတက်တဲ့နေရာမှာ ဆရာမတွေက တပတ်ကျောင်းတက်ရက် ရှိတယ်မဟုတ်လား၊ အဲဒါတပတ်ကို ၂ ရက်၊ ၃ ရက်ပဲ တက်ပေးတယ်။ ပြီးတော့ကျောင်းပြန်ပိတ်လိုက်တာတွေ သို့မဟုတ်ရင် သင်တန်းရှိတယ်ပြောလို့ ဆရာမတွေက ရွာပြန်တယ်၊ တပတ်သင်တန်းရှိတဲ့ အချိန်မှာ ရွာပြန်နေလိုက်တာက ၂ ပတ်တောင်၊ တလ သင်တန်းရှိတယ်ဆိုရင် ၂လ၊ ၃လ ပြန်နေလိုက်တာ တို့ရှိတယ်။ ”ဟု အဆိုပါ ဒေသခံက ပြောသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်