ပယ်ဖျက်ခံရသည့် သဘာပတိမိန့်ခွန်းအတွက် လက်မှတ်ထိုးပေးရ 
Mon 16 Feb 2009, ရိုင်မရော့
၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတွင် ဖတ်ကြားရန် အာဏာပိုင်တို့မှ ပယ်ဖျက်လိုသည့် သဘာပတိ မိန့်ခွန်းတချို့အတွက် မြို့နယ်အဆင့်ရှိ မွန်အမျိုးသား နေ့ကျင်းပရေးကော်မတီတို့က အခမ်းအနားတွင် မဖတ်ကြားကြောင်းကို ဝန်ခံကတိပြု လက်မှတ်ရေးထိုးပေးခဲ့ရသည်။
မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) မှ မွန်တမျိုးသားလုံးအတွက် ထုတ်ပြန် ထားသည့် သဘာပတိမိန့်ခွန်းများကို အာဏာပိုင်တို့က (ဗဟို) အဆင့်ထိ ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိသော်လည်း မြို့နယ်အဆင့်တွင် သဘာပတိမိန့်ခွန်းတွင်ပါသည့် စာပိုဒ်နှင့် မွန်စာပေဆိုင်ရာ စာတမ်းမှ စာပိုဒ်အချို့ကို အခမ်းအနားတွင် ဖတ်ကြားခွင့်မရပေ။
သဘာပတိမိန့်ခွန်းမှ ပယ်ဖျက်သည့်စာပိုဒ်သည် “နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် မွန်အမျိုးသားတို့ဟာ မိမိတို့ရဲ့အမျိုးသားရေးကို မိမိတို့ပဲ ဖန်တီးကြရမှာဖြစ်ပါတယ်။ လောကဓံတရားတွေကို ဆက်လက်ကြုံတွေ့ရင်ဆိုင်နေရဦးမှာ ဖြစ်ပါတယ်။ အခက်အခဲ အဟန့်အတားနဲ့ ကြုံတွေရင်ဆိုင်နေရဦးမှာ ဖြစ်ပါတယ်။ ဒီလောကဓံ၊ အခက်အခဲ၊ အဟန့်အတားတွေကို ကျော်လွှားဖြတ်သန်းတဲ့အခါမှာ တစ်ယောက်အား တစ်ဖွဲ့အားနဲ့ယူ သော်မရ၊ တစ်သောင်းအားနဲ့ယူသော်ရ၏ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ အားလုံးတစ်စိတ်တည်း တစ်ဝမ်းတည်း ညီညီညာညာ စုပေါင်းလက်တွဲပြီး ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းယင်း နိဂုံးချုပ်အပ်ပါတယ်” ဟု ဖြစ်သည်။
မွန်စာပေဆိုင်ရာ စာတမ်းမှ ပယ်ဖျက်သည့်စာပိုဒ်မှာ “၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် မွန်စာ ပေသင်ကျောင်းများနှင့် တက္ကသိုလ်တွင် မွန်စာသင်ကြားခွင့်တို့သည်လည်း ရပ်ဆိုင်းသွားခဲ့ ရသည်။ နောက်ပိုင်းတွင် ပထမပြန်စာမေးပွဲ၌ မွန်ဘာသာမေးခွန်းဖြင့် သံဃာတော်များ၏ ဖြေဆိုခွင့်သည်လည်းရပ်ဆိုင်းခံခဲ့ရပြီး ဖြေဆိုခွင်ပြန်လည်ရရှိအောင် ပြန်လည်ကြိုးပမ်းခဲ့ရ သည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြန်သည်” ဟု ဖြစ်သည်။
(၆၂) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) ဥက္ကဌ၏ ဒေါက်တာ မင်းစိုးလင်း၏ ပြောပြချက်အရ “သဘာပတိမိန့်ခွန်းကိုတော့ ကျနော်တို့ (ဗဟို) ကနေ မြို့နယ်အသီးသီးဆီကို ဖြန့်ဝေထားတယ်၊ ကျနော်တို့ကြားတာက တချို့မြို့နယ်တွေမှာ အာဏာပိုင်တွေက ပယ်ဖျက်ခိုင်းထားတာရှိတယ်၊ ဒါပေမယ့် (ဗဟို) ထိတော့ ဘာမှ တစ်စုံတစ်ရာ ပြောကြားခြင်းမရှိဘူး၊ (ဗဟို) မှာတော့ ကျနော်တို့ထုတ်ပြန်ထားတဲ့ အတိုင်းပဲ၊ ဘယ်အာဏာပိုင်ကမှ တားဆီးတာတို့ ကန့်ကွက်တာတို့မရှိဘဲနဲ့ တစ်ခွန်းမကျန် ဖတ်ကြားသွားပြီးတော့ အခမ်းအနားကို အောင်အောင်မြင်မြင်ပဲ ပြီးစီးသွားခဲ့ပါတယ်” ဟု ပြောပါသည်။
၎င်းက ဆက်ပြောသည်မှာ “ကျနော်တို့က မွန်အမျိုးသားနေ့ ကျင်းပပုံအဆင့်ဆင့်ကိုတော့ ပြည်နယ်ကို ဇန်နဝါရီလ (၇) ရက်နေ့မှာ တင်ပြထားတယ်၊ သူတို့ဘက်က တစ်စုံတစ်ရာ ဘာမှ ပြောကြားခြင်းမရှိခဲ့ဘူး၊ အခု သူတို့ပယ်ဖျတ်ထားတဲ့ စာပိုဒ်တချို့ကလည်း ဗဟိုထိ ဘာမှမပြောဘဲနဲ့ မြို့နယ်အဆင့်မှာပဲပြောနေတာဟာ ဒါက သူတို့ ခြိမ်းခြောက်တာပဲ ဖြစ်မယ်” ဟု ပြောသည်။
မုဒုံမြို့ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီတို့၏ ပြောပြချက်အရ ဖေဖော်ဝါရီ (၉) ရက် နေ့တွင် သဘာပတိမိန့်ခွန်း၌ပါသည့် စာပိုဒ်အချို့ကို မုဒုံမြို့ပေါ်ရှိ မယကမှ အခမ်းအနားတွင် မဖတ်ကြားရန် လာရောက်တားဆီးပိတ်ပင်ထားခြင်း ရှိခဲ့သည်၊ ၄င်းတို့ပြောပြချက်အရ ခရိုင်ကနေ ညွှန်ကြားလာတာဖြစ်ပြီး အဲဒီနေ့တွင် သူတို့ပယ်ဖျက်ထားခိုင်းသော စာပိုဒ်နှင့်တကွ အခမ်းအနားမှာ မဖတ်ကြားဘူးဆိုသည့် ကတိဝန်ခံချက်ကို ၄င်းတို့ ရှေ့မှောက်တွင် လက်မှတ်ရေထိုးပေးခဲ့ရသည်ဟု ပြောသည်။
အာဏာပိုင်တို့က ဖတ်ကြားခွင့်မပြုသည့် သဘာပတိမိန့်ခွန်းစာပိုဒ်တချို့နှင့် မွန်စာပေဆိုင် ရာစာတမ်းပါ စာပိုဒ်တချို့ကို မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် သံဖြူဇရပ်မြို့နယ်အတွင်း ရှိ ကျေးရွာများမှာ ၄င်းစာပိုဒ်တို့ကို ပယ်ဖျက်ပြီး သဘာပတိမိန့်ခွန်းကို ကြေငြာခဲ့ရသည်။
သံဖြူဇရပ်မြို့ပေါ်တွင်လည်း အခမ်းအနားကျင်းပသည့်နေ့တွင် ထိုမြို့မှ အာဏာပိုင်တို့က အခမ်းအနားကျင်းပရာနေရာတွင် လာရောက်ပြီး မည်သို့ မည်ပုံကျင်းပသွားသည်ကို လာ ရောက်စစ်ဆေးသွားခဲ့သည်ဟု အခမ်းအနားတက်ရောက်ခဲ့သည့် ဘုန်းတော်ကြီးတစ်ပါးက ပြောသည်။
မွန်ပြည်နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲတွင်လည်း ၄င်းတို့ပယ်ဖျက်လိုသည့် စာပိုဒ်အချို့ကို မဖတ်ကြားရန် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီထံသို့ မြို့နယ်အာဏာပိုင်တို့ လာ ရောက်ပြောကြားသည်ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။
(၆၂) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မွန်ပြည်နယ်ရှိ မွန်များသာမက ပြည်ပနိုင်ငံအသီး သီးရှိ မွန်လူမျိုးများက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပေသည်။ http://www.monnews-imna.com/burmese/newsupdate.php?ID=196
Monday, February 16, 2009
ဆင်ဆာတွေ များတဲ့ ဒို့ နိုင်ငံ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
February
(379)
- အမိမြေ
- ဟီးဟီး နိုင်တော့ကော..တကယ်အာဏာ ပေးမလား အရင်မေးပြီး...
- “ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်...
- Myanmar's refugees struggle for asylum - 28 Feb 2009
- တရုပ်လုပ်သေနတ်နဲ့ အပါးဝတဲ့ နအဖတပ်မတော်
- ကြည့် သာယုံ..ဘယ်သူက..အကောင်..ဘယ်သူကအချောင်
- သူ့ သား ကိုယ့်သား ဘယ်သွားသွားမှမလုံခြုံတဲ့ နိုင်ငံ
- တော်လှန်ရေးမှာ..လိုအပ်တဲ့ အရာ
- အလင်းရနံ့ ဂျာနယ် ဖေဖော်ဝါရီ ၂၀၀၉
- ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြ...
- ၾကားၾကားသမ်ွ ေ၀ေနယ်...
- ဖေဖော်ဝါရီ ၂၆ ၂၀၀၉ သတင်း
- ကဲ လူမဆန်ချင်ဦးလေ..နောက်ဆုံးတော့...ဒီလိုဖြစ်မယ်..
- လှေစီးပြေး ရိုဟင်ဂျာ( သို့ ) ဘင်္ဂါလီ တွေ မြန်မာနိုင...
- စစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်နိုင်ရန် နာဂစ်မုန...
- ရန်ကုန်သားတွေ ၂၄ နာရီလုံ့း  အမှောင်ထဲ မှာ နေရတော့မ...
- ဒီဇယ်ဆီ အံ့မခန်း ကျဆင်းပြန်၊ တစ်ဂါလန် ၁၅၀၀ ကျပ်ရောက်
- မျောနေပြီ..မျောနေပြီ
- နိဗ္ဗါန်ယဉ်မလိုတဲ့ အသုဘတွေ
- ရခိုင်.သတင်းစာ ဖေဖော်ဝါရီ ၂၀၀၉
- ၈၈၈၈ သတင်းစာစောင် မတ်လ..၂၀၀၉
- နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ...
- သူ့  ပထွေးပစ္စည်း ကျနေတာဘဲ ရောင်းစားနေကြတာ
- ကျောင်းသားဆိုတာ နိုင်ငံရေးသမိုင်းရဲ့သော့ချက်
- ဘာမှတ်လဲ မြန်မာကွ ဒီလိုနာမည်ကြီးတာ
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်
- Rohingyas in japan Demonstrating infront of Burma ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်း...
- တပ်တွင်းပုန်ကန်မှု
- ပြောင်းချင်တယ်ဆို လွယ်ပါတယ်...
- ပထွေးမြှောက်လို့  အပါးဝနေတဲ့ လူတွေ..
- သတ်ပစ်မလား..သင်းပစ်မလား..ဒုက္ခပါဘဲ
- နိုင်ဟံသာ (မွန်ပြည်သစ်ပါတီရဲ့ ထူးခြားထက်မြက်တဲ့ခေါ...
- လိမ်ပုံများကတော့ ဒီလိုကို သတင်းစာထဲထည့်ပြီးလိမ်တာ
- လှောင်ချိုင့်ထဲကလူ
- မီးမပေးဘဲ..မီတာခယူတာ..ရှက်ဖူးလား
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်
- UN Chief Urges the Regime to Release All Political...
- ရှင်သန်အောင် ကြိုးစားခြင်း
- စာပေဟောပြောပွဲ
- တရားအလှူ
- မဲဆောက်မြို့တွင် ဖမ်းဆီးမှု စတင် ၊ တရားမ၀င်သူ ၆၀၀ေ...
- DVBtelevisionသတင်း
- မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည...
- စိန်လိုချင်လို့ ..လူကို သတ်တဲ့ လူယုတ်တွေ..
- ကမ္ဘာ့အဆင့်မီ ပညာတတ်များရဲ့ မြန်မာပြည်က ကမ္ဘာ့အဆင့်မ...
- မုန်တိုင်းထဲက ရှိုက်သံများ.
- ကြံဖွတ် နဲ့ သူငယ်ချင်း မလုပ်ချင်..
- လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့...
- သံဃာဥသျှောင်၏ကျေညာချက် (၂။၂၅။၂၀၀၉)
-့ မပြောမရှိနဲ့ ..ကာလနာတိုက်နေတဲ့ စိန်တွေ..
- အရပ်က လည်းခဲနဲပေါက်ချင်လှုပြီ။
- မြန်မာပြည် လူ့အခွင့်အရေးကို စိန်ခေါ်ခြင်း (မစ္စတာ ကွ...
- ခမရ ၂၃၄ ခွေးပါးဝနေတယ်
- ဘင်္ဂလာနယ်စပ် အနီးရှိ ကျေးရွာပေါင်း ၂၇ ရွာတွင် ပြည်သ...
- ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင...
- ငွေ ၅၀၀ တန် အတု နှင့်ပတ်သက်၍
- မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ
- ငွေပေါတဲ့ သူတွေ အတွက် ကျမ်းမာရေးဝန်ဆောင်မှု
- ရေ တောင် ကုန်နေတဲ့ ရန်ကုန်
- “အန္တရာယ်ကို သတိပြုပါ” တဲ့ အောင်သောင်းကတော့ ပြောနေပြီ
- ကြပ်ပြေးအရှုပ်တော်ပုံ ဆောင်းပါးများ (၁၁ -၁၈)
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်PART 2
- Japan news agency awards jailed Burmese female rep...
- လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ...
- အမှားပြင်ဆင်ချက်..
- ဘယ်သွားသွား မလုံခြုံတဲ့ မြန်မာအမျိုးသမီးဘဝ
- Media Statement – for immediate release24 February...
- UDP ကို....မဲသွားမထည့်နဲ့ မွဲသွားမယ်..
- လူတိုင်းပြောနေကြပြီ..မတရားဖမ်းတဲ့ လူယုတ်မြန်မာစစ်အ...
- ဒုံရင်း..ဒုံရင်းဘဲ အထဲထဲမှာ..
- ဆိုက်ကားသမားတွေ ကိုဒသျှို လုပ်ခိုင်းနေခြင်း..
- အကုန်လွှတ်မလား...မလွှတ်ဖူးလား..(ရာဇသံ)
- Inside the Kachin Independendence Army
- ကောင်းရာသုဂတိလားပါစေ။ ဒေါက်တာလှိုင်နီ
- ဗေဒင်..နက္ခတ်...မင်းဆက်ပြတ်ချိန်..........
- ၀ ခေါင်းဆောင်တွေ မြန်မာစစ်တပ်ကို မူးယစ်ဆေးရောင်းရေ...
- မိမိတို့ ကိုယ်တိုင်ကြိုးစားယူရန်မှတပါးအခြားမရှိပြီ
- နယ်စပ်ဖြတ်ကျော် တောမီးအား တရုတ်မှ လူအင်အား ၂၅၀၀ ကေ...
- လက်ချင်းချည်ကာ ညီတဲ့ အာဆီယံ.. :)
- ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်မြန်မာနိုင်ငံရေးအကျဉ်းသာ...
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်
- Naypyidaw, the new capital of Myanmar(ミャンマー新首都ネピドー)
- ရန်တိုက်ပေးလို့မရတော့ အချင်းချင်း ချတော့မယ်
- ချင်းတို့ ၏အသံ
- ဟစ်ဟော့ ကိုမတိုက်ခင် နအဖကို အရင်တိုက်ပါ
- Black Device ကိုသတိထားပါ။
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထော...
- နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံ...
- တရားမဝင်နည်းဖြင့်ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများေ...
- (၆၁) နှစ်မြောက် ချင်းအမျိုးသားနေ့ 
- လူ့ လူချင်းစာနာ ထောက်ထားပါ။
- NLD (LA( Japan Branch) INVITATION
- ခင်ဗျားတို့ သားသမီး၊မြေး ချင်းကိုယ်ချင်းမစာ အောက်တ...
- ပဒိုမန်းရှာကို ဘယ်သူသတ်သလဲ
- ဖေဖေါ်ဝါရီ လ ၂၁ရက် ၂၀၀၉ သတင်းများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အထူးကြေငြာချက်အမှတ် ၃
- ဒုက္ခနဲ့ ဘ၀များ
- ဂုဏ်ယူပါတယ် မအိမ့်ခိုင်ဦး
-
▼
February
(379)
No comments:
Post a Comment