Friday, February 27, 2009

ရန်ကုန်သားတွေ ၂၄ နာရီလုံ့း  အမှောင်ထဲ မှာ နေရတော့မှာလား

လျှပ်စစ်စွမ်းအား အမှတ် (၁)အမှတ် (၂) အပြင် ဖယောင်းတိုင်နဲ့ ဆီမီးခွက် ဝန်ကြီးဌာန အသစ်တစ်ခုထပ်ဖွင့်လိုက်တာ ပိုပြီးကောင်းပါတယ်။
ရေးနှင့် လမိုင်းကြား CNG ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်မှုကြောင့် ရန်ကုန် လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှု ခေတ္တလျော့နည်း

28/Feb/2009

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်မြို့နယ်များတွင် ဖေဖော်ဝါရီလလယ်ပိုင်းမှ စတင်ဖြစ်ပေါ်ခဲ့ သော
အချိန်ကြာမြင့်စွာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေမှုများသည် မကြာမီ ရက်ပိုင်းအတွင်း ပြန်လည် ကောင်းမွန်
လာဖွယ်ရှိသော်လည်း ယခင်ပုံမှန်ခွဲတမ်းအတိုင်းဖြန့်ဝေပေးနိုင်ဖွယ် မရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်
အားပေးရေးအဖွဲ့မှ အကြီးတန်း အရာရှိကြီးတစ်ဦးက ပြောကြားသည်။ `ဖေဖော်ဝါရီ ၁၈ ရက်နေ့ကမွန်ပြည်နယ်
ရေးနဲ့ လမိုင်းကြားမှာ ပိုက်လိုင်းပေါက်ပါတယ်။ ဒီနေ့ ၂၁ ရက်နေ့မှာတော့ ပြင်ပြီးသွားပါပြီ။ Pressure တက်လာ
တဲ့အထိ စောင့်ရမှာဖြစ်တဲ့အတွက် အချိန်ယူရပါမယ်´ ဟုအမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန သဘာဝဓာတ်
ငွေ့နှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ အင်ဂျင်နီယာတစ်ဦးကပြောကြားကြောင်း ၂၀၀၉ ခုနှစ် မတ်လ ၂ ရက်နေ့
ထုတ် The Voiceဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်