Tuesday, February 24, 2009

ကောင်းရာသုဂတိလားပါစေ။ ဒေါက်တာလှိုင်နီ

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
ဒေါက်တာမောင်မောင်လတ် (ခေါ်) ဒေါက်တာလှိုင်နီ ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းကြောင်းထုတ်ပြန်ချက်

နေ့စွဲ၊ ၂၄-၂-၀၉

ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ရန်အောင်နှင့် ဒေါ်လှိုင်လှိုင်တို့၏သား၊ ရန်ကုန်တိုင်း၊ သာကေတ မဲဆန္ဒနယ်မြေ အမှတ် ၂ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှိုင်နီ (ခေါ်) ဒေါက်တာ မောင်မောင်လတ် သည် ၂၃ ဖေဖော်ဝါရီ ၂ဝဝ၉ မနေ့က ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရမှ ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြောင်း ထုတ်ပြန်အပ် ပါသည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှိုင်နီ သည် ၁၉၉၀ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူလူထုက လေးစား-ချစ်ကြည်-အားကိုးစွာ ရွေးချယ်ပေးခြင်းခံခဲရပြီး၊ လူထုအကျိုး၊ အဖွဲ့ချုပ်ဝင် များ၏အကျိုးကို သတ္တိရှိရှိ၊ စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့သူ တဦးအဖြစ် မှတ်တမ်းတင်အပ်ပါသည်။

ဒေါက်တာလှိုင်နီ ကောင်းရာသုဂတိလားပါစေ။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်