Wednesday, February 25, 2009

ဘင်္ဂလာနယ်စပ် အနီးရှိ ကျေးရွာပေါင်း ၂၇ ရွာတွင် ပြည်သူ့စစ်များ ဖွဲ့စည်း

2/24/2009

နအဖ စစ်အာဏာပိုင်များက ဘင်္ဂလာဒေခ်ျ့ နိုင်ငံနှင့် နီးကပ်စွာ တည်ရှိနေသော ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းမှ ကျေးရွာ ၂၇ ရွာတွင် ပြည်သူ့ စစ်တပ်ဖွဲ့များ စတင်ဖွဲ့စည်းနေပြီ ဖြစ်သည်။

ပြည်သူ့စစ်များ စတင်ဖွဲ့စည်းနေသော ကျေးရွာများမှာ အထက် နဟမ်း၊ အောက်နဟမ်း၊ ကြိမ်ချောင်း၊ သင်္ဘောမှောက်၊

နတ်သရွှေးကြီး၊ နတ်သရွှေးချေ၊ ဟင်းရွက်၊ သပြုကြီး၊ သပြုချေ၊ သရဂူ၊ မောင်နှမမဲ၊ လောင်းချောင်း၊ ဆေးပုတ်ချောင်း၊ ချောင်းပေါက်၊ ပဇိုင်းကြီး၊ အရိုင်းကြီး၊ အတိုင်းကျပ်၊ ပဲတိုက် ၀ါးနက်ရုံ၊ ဗောဓိကိုင်း၊ ငဖယ်ယုံ၊ အထက်ဝါးနက်ရုံ၊ အလယ်ဝါးနက်ရုံ၊ ယောကိုင်း၊ ခမောင်း၊ သဖန်း၊ ဆင်ဖြူပြင်နှင့် ပရစိုင်း ကျေးရွာတို့ဖြစ်သည်။

အဆိုပါ ကျေးရွာများတွင် နေထိုင်သူများမှာ ခမီး၊ မြိုနှင့် ဒိုင်းနက် တောင်ပေါ်သားများ ဖြစ်ပြီး အများစုမှာ တောင်ယာ လုပ်ကိုင် စားသောက်သူများ ဖြစ်သည်။

အဆိုပါ ဒေသမှ လာသော သတင်းများအရ နအဖ စစ်အာဏာပိုင်များမှ ရွာတရွာမှ လူ (၉)ဦးစီကို ရွှေးချယ်ပြီး အဆိုပါ ပြည်သူ့ စစ်တပ် အဖွဲ့ကို ဖွဲ့စည်းနေခြင်း ဖြစ်သည်။

လက်နက်များကို များမကြာခင် တပ်ဆင်သွားရန်နှင့် စစ်သင်တန်းကိုမူ ၀ါးနက်ရုံ စစ်တပ်မှ ပေးသွားမည်ဟု သိရသည်။

မြန်မာ့ နအဖ စစ်အစိုးရမှ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် စစ်ရေးအင်အားကို အထူး တိုးချဲ့ တည်ဆောက်နေပြီး ပြည်သူများအားလည်း ပြည်သူ့စစ်များ ဖွဲ့စည်းနေသဖြင့် ဒေသခံ ပြည်သူများမှာ အခြေအနေကို နားမလည်အောင် ဖြစ်နေရသည်ဟု အဆိုပါဒေသမှ ခမီး အမျိုးသား ဦးရန်ရုံးမှ ပြောသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်