Tuesday, February 24, 2009

ဆိုက်ကားသမားတွေ ကိုဒသျှို လုပ်ခိုင်းနေခြင်း..

ညီကိုတို့ရေ အမြန်ဆုံး ဖြန့်ဝေပေးကြပါ
မိမိတို့နေထိုင်တဲ့ ရပ်ကွက်တွင်းရှိ ဆိုက်ကားသမားများအကြောင်းကို မိမိတို့သာ အသိဆုံးဖြစ်ပါသည် ။ ထိုဆိုက်ကားသမားများထဲတွင် နအဖ လက်ကိုင်ဒုတ် စွမ်းအားရှင်/ကြံ့ဖွံ့အဖွဲ့ဝင်များသည် အတိုက်အခံနိုင်ငံရေးပါတီမှ သူများနှင့်တက်ကြွလူငယ်များမှ စာရွက်စာတမ်း ကပ်ခြင်း ၊ လူထုစည်းရုံးစာများ ဖြန့်ဝေခြင်းများကို စောင့်ကြည့်ရန် ခိုင်းစေထားပါသည်။

အထက်ပါ ဆိုက်ကားသမားများသည် နအဖ မှ ပေးထားသော မဖြစ်စလောက် ငွေ / အခွင့်အလမ်းများကို ကိုယ်ကျိုးအတွက် အသုံးပြုပြီး လူထုတရပ်လုံးအတွက် လှုတ်ရှားဆောင်ရွက်နေသူများအား သတင်းပေးခြင်းများနှင့်အတူ အဖက်ဖက်မှ ကူညီ ဆောင်ရွက်နေပါသည်။ ထို့ကြောင့် မိမိတို့ မြို့နယ်/ရပ်ကွက် အတွင်းရှိ ဆိုက်ကားများတွင် စွမ်းအားရှင်/ကြံ့ဖွံ့ အဖွှံဝင် လက်ကိုင်ဒုတ်များအား ဆန့်ကျင် ကန့်ကွက် သောအားဖြင့် သူတို့၏ ဆိုက်ကားများအား မစီးကြပဲ ကျန် ဆိုက်ကားများအား စီးကြဖြင်းဖြင့် ကန့်ကွက် ဆန္ဓဖေါ်ထုတ်ကြပါရန် အ ကြောင်း ကြား နိုးဆော်ပါသည်။

လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်