Friday, February 27, 2009

ဒီဇယ်ဆီ အံ့မခန်း ကျဆင်းပြန်၊ တစ်ဂါလန် ၁၅၀၀ ကျပ်ရောက်



အစိုးရလို့ နာမည်ခံထားတဲ့ နအဖ ဓါတ်ဆီဆိုင်တွေကတော့ ၃ဝဝဝ ကိုမကျတဲ့အပြင် ဆိုင်က ဝန်ထမ်းတွေက လီတာမှတ်ခိုးသေးသလို လိုင်းကားဈေးကလဲ မကျသေးပါဘူး။ အံ့သြစရာတွေနဲ့ ပြည့်နေတဲ့ မြန်မာပြည်ကြီးပါဘဲ။ ဒါတွေကိုလဲ သိသိကြီးနဲ့ ဘာမှ မညွန်ကြားဘူး။ အဲ့လိုကို နေ့မအား ညမအား မနားမနေ တိုင်းပြည်အတွက် လုပ်နေတဲ့ ဗိုလ်ရှုတ်ကြီးတွေပါဘဲ

28/Feb/2009
မြန်မာနိုင်ငံအတွင်းသို့ ပုဂ္ဂလိကကဏ္ဍမှ ဒီဇယ်ဆီ တင်သွင်းခွင့်ကို ခွင့်ပြုလိုက်သည့် အတွက် ပုဂ္ဂလိက
ကုမ္ပဏီကြီးလေးခုယှဉ်ပြိုင် တင်သွင်းရောင်းချခြင်း ဈေးနှုန်းများ ထိုးကျလာခဲ့ရာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့
ညနေပိုင်းတွင် လက်ကားဈေး တစ်ဂါလန် ၁၅၀၀ ကျပ် အောက်သို့ ကျဆင်းသွားခဲ့ကြောင်း ဒီဇယ်ဆီ လက်

ကားဝယ်ယူသူတစ်ဦးကဆိုသည်။ ဒီဇယ်ဈေး လက်ကားတစ်ဂါလန်လျှင် ၁၅၀၀ ကျပ်အောက်ရောက်ရှိ သွား
သော်လည်းလက်လီသမားအများစုကမူတစ်ဂါလန် ၁၆၀၀ကျပ်ခန့်ဖြင့်ရောင်းချဆဲဖြစ်ကြောင်းအဆိုပါပုဂ္ဂိုလ်
ကဆိုသည်။ နိုင်ငံတကာ ဈေးများလည်း ကျဆင်းနေပြီး ကျပ်ငွေနှင့် ငွေမှာ ဖလှယ်နှုန်းပါ ကျဆင်းနေသော
ကြောင့် လောင်စာဆီဈေးကျဆင်းသွားခြင်းဖြစ်ကြောင်း မိမိအနေဖြင့် တစ်ဂါလန်လျှင် ၁၅၀၀နီးပါးဖြင့် ပြင်ပ
ဈေးကွက်မှ ဝယ်ယူရရှိလိမ့်မည်ဟုအိမ်မက်ပင်မမက်ဖူးကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်က ရှင်းပြသည်။ “ဘယ်လိုပဲ
ဖြစ်ဖြစ်ပုဂ္ဂလိကဆိုရင် အမြတ်ကြီးစားတယ်ဆိုတာမဟုတ်ကြောင်း သက်သေပြနေတာဖြစ်လို့ ဒီအခြေအနေ
ကို သိပ်ကြိုက်တယ်” ဟုအဆိုပါပုဂ္ဂိုလ်က မှတ်ချက်ပေးသည်။ ဒီဇယ်ဆီတင်သွင်းသူကုမ္ပဏီကြီး များအပြိုင်
အဆိုင်ဈေးချ၍ ဈေးကွက်ဝေစုရရှိရေးကြိုးပမ်းရာတွင် အရည်အသွေးမကောင်းသော ဒီဇယ်ဆီကိုဝယ်ယူ၍
မြန်မာနိုင်ငံတွင်လာရောက်ရောင်းချနေသော ကုမ္ပဏီများရှိလာကြောင်း၊ အရည်အသွေးစစ်ဆေးပြီးမှ ခွင့်ပြု
သည့်စနစ်တစ်ခု ကျင့်သုံးနိုင်ခဲ့လျှင် ဒီဇယ်ဆီနှင့်ပတ်သက်၍ ဈေးကွက်စီးပွားရေးပန်းတိုင်သို့ ရောက်ရှိသွား
ပြီဟု အောင်ပွဲခံရမည်ဖြစ်ကြောင်း ဒီဇယ်လက်လီရောင်းချသူတစ်ဦးကပြောကြားကြောင်း ၂၀၀၉ခုနှစ် မတ်
လ ၂ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်