Friday, February 27, 2009

ပြောင်းချင်တယ်ဆို လွယ်ပါတယ်...

(ပြောင်းလဲလိုရင်ကိုယ်ကစ)

အပြောင်းအလဲလိုဆိုလိုက်တိုင်း လူအများက အခြားသူတွေ အနေအထားတွေ အခြေအနေတွေကို ပြောင်းလဲဖို့ကိုမြင်ကြတာ ပြောကြတာများတယ်။
တကယ်တော့ ... ကိုယ်ဖြစ်ချင်ရင် ကိုယ့်လုပ်ရပ်နဲစိတ်သဘောထားတွေ လိုအပ်ချက်တွေကို စတင်ပြောင်းလဲ ပြုပြင်တည်ဆောက်မှုက ပိုပြီးအရေးကြီးသလို အဓိကကျတယ်လိုလဲပြောချင်တယ်။

တာဝန်ယူမှု ရဲရင့်မှု ပြတ်သားမှု မရှိတဲ့ ဦးဆောင်မှုနောက်မှာ ... ဘယ်ပြည်သူ ဘယ်လူမျိုး ဘယ်တိုင်းရင်းသား ဘယ်လူငယ် ဘယ်ကျောင်းသား ဘယ်တပ်မတော်မှ ပါဝင်လာမှာမဟုတ်ဘူး။

ဒီတော့ တာဝန်ယူ-တာဝန်ခံပြီးလုပ်သင့်တာကို ပြတ်ပြတ်သားသား ခေါင်းအေးအေးထားပြီး တိုင်းပြည်ခေါင်းဆောင်တွေ၊ အမျိုးသားခေါင်းဆောင်တွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူထုခေါင်းဆောင်တွေ၊ ပါတီခေါင်းဆောင်တွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေ၊ တပ်ပေါင်းစုခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းတွေက ပြောင်းလဲပြုပြင် တော်လှန်ကြဖို့ အချိန်တန်နေပြီ။


ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေက ဘယ်သူတွေပေါင်းပြီး ရဲရဲရင့်ရင့် ဦးဆောင်ရဲမယ် ဆိုတဲ့နောက် ပြည်သူလူထုနဲ တိုင်းပြည်ပါသွားမှာဖြစ်တယ် မြန်မာနိုင်ငံအတွင်းမှာ... (ပြည်ပနဲနိုင်ငံတစ်ကာမှာ မဖြစ်နိုင်ပါ)

ဒီတော့ လူငယ်မျိုးဆက်တွေက ဦးဆောင်ချင်တာလား၊ မင်းတို့စတင်ရမယ်... ကျောင်းသားထုကပြုပြင်ပြောင်းလဲချင်တာလား၊ မင်းတို့ကျောင်းသားတွေကစတင်ရမယ်... တပ်မတော်ကပြောင်းလဲချင်တာလား၊ ပါတီခေါင်းဆောင်တွေကပြောင်းလဲချင်တာလား၊ ပါတီဝင်တွေ အဖွဲဝင်တွေကပြောင်းလဲချင်တာလား၊ တနိုင်ငံလုံးပြောင်းလဲချင်တာလား၊ ဘယ်သူအားကောင်းကောင်းနဲ ပြောင်းလဲနိုင်မလဲ။ ဒါအဖြေဘဲပေါ့...

လားရာကောင်းမယ်အနေအထားသိပ်မထင်ဘူး ခေါင်းမာပြီးပြောင်းလဲမှုကို မိမိကစတင်ချင်ကြတဲ့ ဦးဆောင်သူမြန်မာ့နိုင်ငံရေးမှာ မတွေ့ရသေးဘူး။

အင်အားအကောင်းဆုံးနဲပြောင်းလဲနိုင်တာကတော့ ညီညွှတ်မှုရှိမယ်ဆိုရင် ပြည်သူအာဏာ-ပြည်သူ့အင်အားဘဲဖြစ်တယ်။ ပြိုင်တူပြည်သူတွေ တော်လှန်ကြရင် ပြောင်းလဲကြရင် ပါဝင်လုပ်ဆောင်လာကြပြီဆိုရင်... ဘယ်ပါတီ-ဘယ်ခေါင်းဆောင်-ဘယ်အာဏာရှင်မှ ပိတ်ဆို့ဟန့်တားလို့မရပါဘူး။ ဒါပေမယ့် ပြည်သူလုပ်ဆောင်လာဖို့ ပြောင်းလဲလာဖို့ တော်လှန်လာဖို့ဆိုတာ လှုပ်ဆော်သူ အပေါ်မှုတည်နေတယ်။

ဒါကိုလုပ်နိုင်မယ့်သူတွေက ခောတ်အဆက်ဆက်က .......ကျောင်းသားထုအင်အားရှိတယ် စည်းရုံးမှုအားကောင်းတယ်၊

ယနေ့မြန်မာနိုင်ငံမှာ ကျောင်သားထု စုစည်းမှု နည်းသွားပြီ ၊ စိတ်ဓါတ်ခိုင်မာမှု နည်းသွားပြီ ၊ မဟုတ်မမှန်စိတ် အားနည်းတယ်။ နိုင်ငံရေးအမြင်အားကောင်းပြီး ရဲရင့်ပြတ်သားတဲ့ ကျောင်းသားထု နည်းနေတယ်။ ဒါကြောင့် ကျောင်းသားဟာ အားကိုးလို့မရတဲ့ အနေအထားဖြစ်သွားပြီး၊ အင်အားစိတ်ဓါတ်ခိုင်မာပြတ်သားတဲ့ ရဟန်းသံဃာတွေက ၂၀၀၇ ခုနှစ်မှာ ရှေ့တန်းမျက်နှာစာတိုက်ပွဲမှာရောက်ရှိလာတာ ရောက်ရှိနေတာ ဖြစ်တယ်။

အကြောင်းပြချက်တွေနဲ အချောင်ခိုတက်တဲ့ ကျောင်းသားလူငယ်တွေဖြစ်သွားတာကိုတော့ ၀မ်းနည်းတယ်၊ မဖြစ်လိုဘူး၊ ခံနိုင်ရည် ခုခံအားနည်းတော့ ဖြစ်သွားကြတယ်။ ဒီလိုဘ၀တွေနဲ အချိန်ကုန်နေတဲ့ ကျောင်းသားတွေရဲ စိတ်ဓါတ်ဆုံးရှုံးနေတဲ့ဘ၀ကို လွတ်မြောက်စေချင်ရင်...ဒါကို ကျောင်းသားတွေ စတင်လုပ်ရမယ်။

ကျောင်းသား...နောက်ဆုံးမျိုးဆက်အဖြစ် ၈၈မျိုးဆက်ပြောင်းလဲချင်သလား၊ ပြောင်းလဲယူမလား၊ တော်လှန်မှာလားဆိုတာ မေးရမယ့် အချိန်ဖြစ်နေပြီ...
အချောင်ခိုနေတဲ့ ၈၈ မျိုးဆက်တွေအနေနဲ တိုင်းပြည်အပြောင်းအလဲယူချင်ရင် တစ်ဦးတစ်ယောက်ထဲ ဆန္ဒဖြစ်နေလို့ မပြောင်းလဲနိုင်ပါဘူး။ ဒီတော့ ၈၈မျိုးဆက်လို့ ပြောထားကြတဲ့ ခံယူထားကြတဲ့ သွေးကြောင်နေတဲ့ ၈၈မျိုးဆက်အမည်ခံအချို့ လျှောင်လွဲချင်တဲ့ ခေါင်းမခံရဲတဲ့ စိတ်ဓါတ်တွေ အနာဂတ်မျိုးဆက်တွေကြား မချန်ခဲ့ကြဖို့လိုတယ်။

စစ်မှန်တဲ့ ၈၈မျိုးဆက်တွေ ပြတ်ပြတ်သားသား ဆုံးဖြတ်တော့...အချိန်မရှိဘူး။

သတ္တိရှိရှိ-ရဲဝင့်တည်ကြည်တဲ့ ဦးဆောင်မှုမျိုးပေးနိုင်တဲ့ မင်းကိုနိုင်-မင်းဇေယျ-ဌေးကြွယ်-ကိုကိုကြီး များများဖြစ်လာဖို့လိုတယ်။
(လူငယ်ကျောင်းသားထု မျိုးဆက်တိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ စံနမှုနာခေါင်းဆောင်တွေပေါ့)


စေတနာဖြင့်...

မောင်ညီမ်းမောင်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်