Tuesday, February 24, 2009

မိမိတို့ ကိုယ်တိုင်ကြိုးစားယူရန်မှတပါးအခြားမရှိပြီ

စစ်အစိုးရ၏လက်အောက်မှလွတ်မြောက်ရန်ကျနော်တို့ အင်အား (ပြည်သူ့ စွမ်းအား) သည်သာလျှင်မိမိတိုင်းပြည်၊အမိမြေလွတ်မြောက်ရာလမ်းအတွက်အခြေခံဖြစ်ပေသည်။
သူများနိုင်ငံနှင့်နိုင်ငံတကာအဖွဲအစည်းများကိုအားကိုမျှော်လင့်နေမဲ့အစားကျနော်တို့ 
ကိုယ့်လမ်းကြောင်းကိုယ်ဖောက်ထွင်းရမည်မှာမလွဲဧကန်အမှန်ဖြစ်ပေသည်။


ပြည်သူလူထုအားလက်နက်အားကိုးနှင့်အနိုင်ကျင့်ဗိုလ်ကျနှိပ်စက်နေသည်မှာ
၁၉၆၂မတ်လ၂ရက်မှစပြီး
ယ္ခုအချိန်ထိဆိုလျှင်နှစ်ပေါင်း(၄၇)နှစ်ရှိခဲ့ပါပြီ။
နေ၀င်းနှင့်အပေါင်းအပါတစ်စုကြောင့်တိုင်းပြည်ချောက်ထဲကြခဲ့ရသည်။
ထိုလူနည်းစုကြောင့်ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သောတပ်မတော်သည်
ယ္ခုအခါအဖတ်ဆယ်မအောင်ဖြစ်နေပြီးတိုင်းပြည်သည်မွဲပြာကြ၍ပြည်သူတွေဒုက္ခရောက်နေရသည်။
ယ္ခုဆိုလျှင်နေ၀င်းထက်ဆိုးသောပို၍ဆိုးသောအာဏာရူးလူတစုသည်တပ်မတော်အားလက်သုံးတော်
ဓါးအဖြစ်သုံးစွဲပြီးအမျိုး၊ဘာသာ၊သာဿနာကိုပါဖျက်ဆီးနေသည်။တိုင်းပြည်ရဲသံယာဇာတကြွယ်ဝ
မှုတွေကိုတိုင်းသူပြည်သားအများမှာမခံစားရပဲအာဏာရူးလူတစုနှင့်အပေါင်းအပါတွေသာ
စံစား၊ခံစားနေကြသည်။

ထိုကဲ့သို့ သောအကြောင်းအရာတွေအားကျနော်တို့ သည်သိသိကြီးနှင့်
ခေါင်းငုံခံလျှက်နေကြရသည်။ဘာကြောင့်ဆိုသောတပ်မတော်သည်၎င်းတို့ ၏
လက်ကိုင်ဓါးဖြစ်နေသည်။ထိုဓါးအားစွဲကိုင်ထားသောလက်ကိုသာ
(လူနည်းစုအာဏာရူးများ)ဖြတ်သင့်ပေသည်။
၎င်းလူနည်းစုအာဏာရူးများကိုသာအမြစ်ပါမကျန်ရှင်းလင်းသင့်ပေသည်။ဘာကြောင့်ဆိုသောတပ်မတော်
သည်တိုင်းပြည်အတွက်မရှိမဖြစ်ပြည်သူ့ တပ်မတော်အဖြစ်ရပ်တည်ရမည်။
ကျနော်တို့ သည်ယ္ခုအချိန်မှပြန်လည်၍တပ်မတော်ကြီးတစ်ခုကိုပြန်လည်တည်ဆောက်ဖို့ 
အရာသည်မည်သိနည်းနှင့်မှမဖြစ်နိုင်ပေ။

ဒီအကြောင်းအရာတွေကိုတပ်မတော်အတွင်းမှတိုင်းပြည်ကိုချစ်သောအရာရှိအရာခံအကြပ်
တပ်သားများနှင့့်မိသားစုများသိလျှက်နှင့်မလှုပ်နိုင်သောကြောင့်ဖြစ်ပေမည်။၁၉၈၈ မှာ တပ်မတော်သားတွေပါဝင်ခဲ့တာအားလုံးအသိဖြစ်ပေသည်။ကျနော်တို့ ယ္ခုအချိန်မှာ
လူထုတိုက်ပွဲနှင့်လက်နက်ကိုင်တော်လှန်ရေးကိုပူးပေါင်းဖော်ဆောင်ရန်အတွက်အရေးတကြီးလိုအပ်နေပြီး၊
အတွေ့ အကြုံရင့်ကျက်သောလူကြီးများ၏လမ်းညွှန်ဦးဆောင်မှုသည်
အရေးပါသောအခန်းဂဏ္ဍဖြစ်နေပါသည်။

ထို့ အတူပြည်သူ့ အင်အား(လူထုတိုက်ပွဲ)စတင်ရန်ပြည်တွင်း၊ပြည်ပတော်လှန်ရေးအဖွဲ့ 
အစည်းများအနေနှင့်အဖက်ဖက်မှပူးပေါင်းရန်အချိန်ကျနေပါပြီ။စစ်အစိုးရ(အာဏာရူးလူတစု)အား ၂၀၁၀ မတိုင်မှီရှင်းလင်းရေးသည်သာကျနော်တို့ ပစ်မှတ်ထားပြီးဆောင်ရွက်ကြပါ။
အယူဝါဒတွေစွဲကိုင်ပြီးသူတစ်လူငါတစ်မင်းဖြစ်ခဲ့လို့ လွတ်လပ်ရေးရဲ့ 
အရသာမခံစားရပဲဒုက္ခတောထဲရောက်ခဲ့ကြတာတွေနောင်တရကြပါ။
မိမိတိုင်းပြည်ဒီမိုကရေစီရရှိပြီးတရားဥပဒေစိုးမိုးရေးဟာမိမိတို့ 
ကိုယ်တိုင်ကြိုးစားဖော်ဆောင်ကြဖို့  အတွက်ကိုယ်တိုင်ကြိုးစားယူရန်မှတပါးအခြားမရှိပြီ။
မင်းမော်စိုး

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်