၂ဝဝ၉ ရန်ကုန်မှာ ရေရရှိမှု အဆိုးဆုံး အခြေအနေရောက်
NEJ /၂၅ ဖေဖော်ဝါရီ ၂၀၀၉
လက်ရှိ ၂ဝဝ၉ ခုနှစ်သည် ရန်ကုန်နေသူတွေအတွက် ရေရရှိမှု အဆိုးဆုံးနှစ် ဖြစ်ကြောင်း မြို့ခံများက ပြောပြသည်။
ရန်ကုန်မြို့လည် (၃၇) လမ်းမှာ အကျိုးဆောင်လုပ်ငန်း ရုံးခန်းဖွင့်လှစ် နေထိုင်သူ တဦးက “ကျွန်မ ရန်ကုန်သူပါ။ ဒီ (၃၇) လမ်းမှာ ရုံးခန်း လည်းဖွင့် လူလည်းနေတာ (၁၅) နှစ် ကျော်ပြီ။ စည်ပင်သာယာက ပေးတဲ့ ရေဆိုတာ မီးလာရင် မော်တာနဲ့ စုတ်လိုက်ရုံပဲ၊ ဘယ်အချိန် စုတ်စုတ် ရေတက်တယ်။ အခြားမြို့နယ်တွေမှာ ရေခက်ပေမယ့် ကျောက်တံတားမြို့နယ် ဒီ (၃၇) လမ်းမှာ ရေရတယ်။ ခု ဒီလထဲမှာ မီးလာလို့ ရေစုတ်ပေမယ့်လည်း ရေက မရဘူး။ မီးမလာလို့ သူများတွေ မစုတ်တဲ့အချိန် မီးစက်ငှားပြီး စုတ်တော့လည်း ရေကမရဘူး။ နောက် စည်ပင်ကို ခေါ်ပြကြည့်တော့ လမ်းထဲက ပိုက်ထဲမှာ ရေမရှိလို့လို့ ပြောတယ်။ မိန်းပိုက်ကနေ ဖောက်ပြီးသွယ်ထားမှ ရေရနိုင် မယ်လို့ ပြောတယ်။ ဒါနဲ့ မတတ်နိုင်ဘူး၊ စည်ပင်ကလူကို (၁) သိန်း (၇) သောင်းပေးပြီး မိန်းပိုက်ဖောက်ပြီး ရေသွယ်လိုက်ရတယ်။ ကျွန်မ သိသလောက် ဒီ (၁၅) နှစ်အတွင်း အဆိုးဆုံးပဲ” ဟုပြောပြသည်။
အဆိုပါကိစ္စ ဗိုလ်တစ်ထောင်မြို့နယ်အတွင်း နေထိုင်သူတဦးကို စုံစမ်းကြည့်ရာ သူက ၄င်းနေထိုင်ရာ ရပ်ကွက်မှာ မူလကတည်းက ည (၁၂) နာရီမှ နံနက် (၅) နာရီ အကြားသာ ရေစုတ်တင်လို့ ရကြောင်း၊ ယခု အချို့ရက်တွေမှာ မီးပျက်တဲ့ အတွက်ကြောင့် စုတ်မရသလို၊ မီးလာတဲ့ ရက်များမှာလည်း ပိုက်ထဲ ရေမရှိလို့ စုတ်မရကြောင်း၊ ရေစုတ်မရတာ (၂၃-၂-ဝ၉) ရက်နေ့ အထိ စုစုပေါင်း (၇) ရက်ခန့် ရှိပြီဖြစ်ကြောင်း ပြောပြသည်။
အဆိုပါကိစ္စ ဗိုလ်တစ်ထောင်မြို့နယ် စည်ပင်သာယာရုံးကို စုံစမ်းကြည့်ရာ ယခုရက်ပိုင်း လျှပ်စစ်မီး အပျက်များသဖြင့် ရေတွန်းစက်များ က ရေမတွန်းနိုင်လို့ ပိုက်တွေထဲ ရေမရောက်နိုင်တာ ဖြစ်နိုင်ကြောင်း၊ ၄င်းတို့လည်း တိတိကျကျ မသိရပါကြောင်း ဖြေကြားသည်။
ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်နဲ့ တာမွေ မြို့နယ်များမှာ နေထိုင်သူတွေကို စုံစမ်းကြည့်ရာ ရေ အလွန် ခက်ခဲနေသည်မှာ မှန်ကန် ကြောင်း၊ ယခုနှစ် အခက်ခဲဆုံး ဖြစ်ကြောင်းလည်း အတည်ပြု ပြောကြားကြသည်။
ရေခက်ခဲလာသည့်အတွက် ငွေတတ်နိုင်သူတွေက စည်ပင်ဝန်ထမ်းများအား လာဘ်ငွေပေးပြီး မိန်းပိုက်ဖောက်ကာ ရေသွယ်လာကြသလို၊ ငွေမတတ်နိုင်သူတွေက မိန်းပိုက်အချို့၏ ရေယိုပေါက်များမှ တဆင့် အောက်ဘက်က မြေကြီးကိုယက်ပြီး ဇလုံချ ရေခံကာ ခပ်ယူသုံးစွဲ နေကြသည်ကိုလည်း မြင်တွေ့ကြရသည်။
မြို့လည် တိုက်ခန်းနေသူ အများစုကတော့ ရေကို ထမင်းဟင်းချက်ပြုတ်၊ မျက်နှာသစ်လောက်သာ အဓိကထား သုံးစွဲပြီး အဝတ်လျော် တာ မျိုးကအစ ထိန်းထိန်းသိမ်းသိမ်း ချွေချွေတာတာ လုပ်နေကြရသည်။
စစ်အစိုးရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်ပေါင်း (၂၆) မြို့နယ်က ပြည်သူများကို ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ် ရေလှောင်ကန်များနဲ့ အဝီစိတွင်းပေါင်း (၂၂၅) တွင်းမှ ရေရယူ ပေးဝေ လျက်ရှိကြောင်း၊ ယခုအခါ ရန်ကုန်မြို့ လူဦးရေရဲ့ (၆ဝ) ရာခိုင်နှုန်းကို ရေဂါလန်ပေါင်း (၁၃၅) သန်းခန့် နေ့စဉ်ပေးဝေနေပြီး တိုးချဲ့ ပေးဝေနိုင်ရန် စီစဉ်နေကြောင်း၊ ရန်ကုန်မြို့အတွင်း ပေးဝေနေသည့် ရေအရင်းအမြစ်များမှာ ၂ဝ၂ဝ ပြည့်နှစ်အထိ ခန့်မှန်းထားသည့် လူဦးရေ ခြောက်သန်းခွဲအတွက် လုံလောက်မှု ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပုဂ္ဂလိက မီဒီယာများနှင့် တွေ့ဆုံရာမှာ ပြောဆိုခဲ့ဖူးသည်။
ဗိုလ်တစ်ထောင်မြို့နယ်မှ အမည်မဖော်လိုသူ စည်ပင် ဝန်ထမ်းတစ်ဦးကတော့ ရန်ကုန်ကို ရေပေးဝေမှုသည် မိုးတွင်းမှာပဲ လုံလောက်ပြီး ဆောင်းရာသီ ရောက်သည်နှင့် လုံလောက်အောင် မပေးဝေနိုင်တော့ကြောင်း၊ ဒါ့အပြင် ရေပေးဝေမှု မလောက်ငှသည့် ကြားထဲ ၂ဝဝ၇ ခု နှစ်ဆန်းပိုင်းမှာ သာကေတမြို့နယ်ကို ရေပိုက်သွယ်ပြီး ရေပေးခဲ့ကြောင်း၊ အဲဒီအချိန်က ရေပိုက်ဖိုးနဲ့ ရေမီတာခ တစ်အိမ် ကျပ် (၈၃,ဝဝဝ) ကောက်ခံခဲ့ပြီး ပြည်သူတွေကတော့ ငွေကြေးပိုမို ကုန်ကျခဲ့ကြောင်း၊ သာကေတကို ရေပေးခြင်းသည် ဝင်ငွေရလိုတာ တစ်ခုတည်း မကပဲ ကြံ့ဖွံ့အဖွဲ့ စည်းရုံးရေးသဘော လုပ်ခဲ့ခြင်းလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုနှစ် ရန်ကုန်မြို့တွင်း ရေပြတ်လတ်မှု ပိုမိုဖြစ်ပေါ် လာပြီး မိန်းပိုက်ကို ဖောက် ရေသွယ်ယူသူတွေ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
ယခုလို ပြည်သူတွေ ရေရရှိမှု ခက်ခဲနေသည့်အကြောင်း ဂျာနယ်တွေမှာ ရေးသားဖော်ပြဖို့ ကြိုးစားတိုင်း စာပေစိစစ်ရေးက ပိတ်ပင်လျက် ရှိကြောင်း၊ ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်များမှ သတင်းအယ်ဒီတာများ ကလည်း ပြောပြကြသည်။
Tuesday, February 24, 2009
ရေ တောင် ကုန်နေတဲ့ ရန်ကုန်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
February
(379)
- အမိမြေ
- ဟီးဟီး နိုင်တော့ကော..တကယ်အာဏာ ပေးမလား အရင်မေးပြီး...
- “ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်...
- Myanmar's refugees struggle for asylum - 28 Feb 2009
- တရုပ်လုပ်သေနတ်နဲ့ အပါးဝတဲ့ နအဖတပ်မတော်
- ကြည့် သာယုံ..ဘယ်သူက..အကောင်..ဘယ်သူကအချောင်
- သူ့ သား ကိုယ့်သား ဘယ်သွားသွားမှမလုံခြုံတဲ့ နိုင်ငံ
- တော်လှန်ရေးမှာ..လိုအပ်တဲ့ အရာ
- အလင်းရနံ့ ဂျာနယ် ဖေဖော်ဝါရီ ၂၀၀၉
- ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြ...
- ၾကားၾကားသမ်ွ ေ၀ေနယ်...
- ဖေဖော်ဝါရီ ၂၆ ၂၀၀၉ သတင်း
- ကဲ လူမဆန်ချင်ဦးလေ..နောက်ဆုံးတော့...ဒီလိုဖြစ်မယ်..
- လှေစီးပြေး ရိုဟင်ဂျာ( သို့ ) ဘင်္ဂါလီ တွေ မြန်မာနိုင...
- စစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်နိုင်ရန် နာဂစ်မုန...
- ရန်ကုန်သားတွေ ၂၄ နာရီလုံ့း  အမှောင်ထဲ မှာ နေရတော့မ...
- ဒီဇယ်ဆီ အံ့မခန်း ကျဆင်းပြန်၊ တစ်ဂါလန် ၁၅၀၀ ကျပ်ရောက်
- မျောနေပြီ..မျောနေပြီ
- နိဗ္ဗါန်ယဉ်မလိုတဲ့ အသုဘတွေ
- ရခိုင်.သတင်းစာ ဖေဖော်ဝါရီ ၂၀၀၉
- ၈၈၈၈ သတင်းစာစောင် မတ်လ..၂၀၀၉
- နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ...
- သူ့  ပထွေးပစ္စည်း ကျနေတာဘဲ ရောင်းစားနေကြတာ
- ကျောင်းသားဆိုတာ နိုင်ငံရေးသမိုင်းရဲ့သော့ချက်
- ဘာမှတ်လဲ မြန်မာကွ ဒီလိုနာမည်ကြီးတာ
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်
- Rohingyas in japan Demonstrating infront of Burma ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်း...
- တပ်တွင်းပုန်ကန်မှု
- ပြောင်းချင်တယ်ဆို လွယ်ပါတယ်...
- ပထွေးမြှောက်လို့  အပါးဝနေတဲ့ လူတွေ..
- သတ်ပစ်မလား..သင်းပစ်မလား..ဒုက္ခပါဘဲ
- နိုင်ဟံသာ (မွန်ပြည်သစ်ပါတီရဲ့ ထူးခြားထက်မြက်တဲ့ခေါ...
- လိမ်ပုံများကတော့ ဒီလိုကို သတင်းစာထဲထည့်ပြီးလိမ်တာ
- လှောင်ချိုင့်ထဲကလူ
- မီးမပေးဘဲ..မီတာခယူတာ..ရှက်ဖူးလား
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်
- UN Chief Urges the Regime to Release All Political...
- ရှင်သန်အောင် ကြိုးစားခြင်း
- စာပေဟောပြောပွဲ
- တရားအလှူ
- မဲဆောက်မြို့တွင် ဖမ်းဆီးမှု စတင် ၊ တရားမ၀င်သူ ၆၀၀ေ...
- DVBtelevisionသတင်း
- မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည...
- စိန်လိုချင်လို့ ..လူကို သတ်တဲ့ လူယုတ်တွေ..
- ကမ္ဘာ့အဆင့်မီ ပညာတတ်များရဲ့ မြန်မာပြည်က ကမ္ဘာ့အဆင့်မ...
- မုန်တိုင်းထဲက ရှိုက်သံများ.
- ကြံဖွတ် နဲ့ သူငယ်ချင်း မလုပ်ချင်..
- လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့...
- သံဃာဥသျှောင်၏ကျေညာချက် (၂။၂၅။၂၀၀၉)
-့ မပြောမရှိနဲ့ ..ကာလနာတိုက်နေတဲ့ စိန်တွေ..
- အရပ်က လည်းခဲနဲပေါက်ချင်လှုပြီ။
- မြန်မာပြည် လူ့အခွင့်အရေးကို စိန်ခေါ်ခြင်း (မစ္စတာ ကွ...
- ခမရ ၂၃၄ ခွေးပါးဝနေတယ်
- ဘင်္ဂလာနယ်စပ် အနီးရှိ ကျေးရွာပေါင်း ၂၇ ရွာတွင် ပြည်သ...
- ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင...
- ငွေ ၅၀၀ တန် အတု နှင့်ပတ်သက်၍
- မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ
- ငွေပေါတဲ့ သူတွေ အတွက် ကျမ်းမာရေးဝန်ဆောင်မှု
- ရေ တောင် ကုန်နေတဲ့ ရန်ကုန်
- “အန္တရာယ်ကို သတိပြုပါ” တဲ့ အောင်သောင်းကတော့ ပြောနေပြီ
- ကြပ်ပြေးအရှုပ်တော်ပုံ ဆောင်းပါးများ (၁၁ -၁၈)
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်PART 2
- Japan news agency awards jailed Burmese female rep...
- လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ...
- အမှားပြင်ဆင်ချက်..
- ဘယ်သွားသွား မလုံခြုံတဲ့ မြန်မာအမျိုးသမီးဘဝ
- Media Statement – for immediate release24 February...
- UDP ကို....မဲသွားမထည့်နဲ့ မွဲသွားမယ်..
- လူတိုင်းပြောနေကြပြီ..မတရားဖမ်းတဲ့ လူယုတ်မြန်မာစစ်အ...
- ဒုံရင်း..ဒုံရင်းဘဲ အထဲထဲမှာ..
- ဆိုက်ကားသမားတွေ ကိုဒသျှို လုပ်ခိုင်းနေခြင်း..
- အကုန်လွှတ်မလား...မလွှတ်ဖူးလား..(ရာဇသံ)
- Inside the Kachin Independendence Army
- ကောင်းရာသုဂတိလားပါစေ။ ဒေါက်တာလှိုင်နီ
- ဗေဒင်..နက္ခတ်...မင်းဆက်ပြတ်ချိန်..........
- ၀ ခေါင်းဆောင်တွေ မြန်မာစစ်တပ်ကို မူးယစ်ဆေးရောင်းရေ...
- မိမိတို့ ကိုယ်တိုင်ကြိုးစားယူရန်မှတပါးအခြားမရှိပြီ
- နယ်စပ်ဖြတ်ကျော် တောမီးအား တရုတ်မှ လူအင်အား ၂၅၀၀ ကေ...
- လက်ချင်းချည်ကာ ညီတဲ့ အာဆီယံ.. :)
- ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်မြန်မာနိုင်ငံရေးအကျဉ်းသာ...
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်
- Naypyidaw, the new capital of Myanmar(ミャンマー新首都ネピドー)
- ရန်တိုက်ပေးလို့မရတော့ အချင်းချင်း ချတော့မယ်
- ချင်းတို့ ၏အသံ
- ဟစ်ဟော့ ကိုမတိုက်ခင် နအဖကို အရင်တိုက်ပါ
- Black Device ကိုသတိထားပါ။
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထော...
- နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံ...
- တရားမဝင်နည်းဖြင့်ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများေ...
- (၆၁) နှစ်မြောက် ချင်းအမျိုးသားနေ့ 
- လူ့ လူချင်းစာနာ ထောက်ထားပါ။
- NLD (LA( Japan Branch) INVITATION
- ခင်ဗျားတို့ သားသမီး၊မြေး ချင်းကိုယ်ချင်းမစာ အောက်တ...
- ပဒိုမန်းရှာကို ဘယ်သူသတ်သလဲ
- ဖေဖေါ်ဝါရီ လ ၂၁ရက် ၂၀၀၉ သတင်းများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အထူးကြေငြာချက်အမှတ် ၃
- ဒုက္ခနဲ့ ဘ၀များ
- ဂုဏ်ယူပါတယ် မအိမ့်ခိုင်ဦး
-
▼
February
(379)
No comments:
Post a Comment