Friday, February 27, 2009

လိမ်ပုံများကတော့ ဒီလိုကို သတင်းစာထဲထည့်ပြီးလိမ်တာ

အထည်ချူပ်မှာ လုပ်နေတဲ့သူတွေ မနက် ၈းဝဝ နာရီကနေ ည ၈းဝဝ နာရီအထိ အချိန်ပိုကြေးမပါဘဲ လုပ်ရပါတယ်။ ဒီကြားတယ် တစ်လ နှစ်သောင်း ရတဲ့ လခထဲက တစ်လလုံးမှာ တစ်ရက်ပျက်တာနဲ့ ၅ဝဝဝ ကျပ် ဖြတ်ပါတယ်။ ဒီလိုအလုပ်သမား တွေက နိုင်ငံသားများ၏အလုပ် အခွင့်အရေးများကို ရနေတာလာ? အဓမ္မခိုင်းစေခြင်းခံရပါက တရားဥပဒေနှင့်အညီ တရားမျှတမှုရရှိနိုင်ပြီး တိုင်ကြားသူ အတွက်လည်း ကာကွယ်မယ်ဆိုဘဲ (ဘာတရားဥပဒေလဲ ဘယ်မှာလဲ စာအုပ်ထဲမှာလား) ILO ကို တိုင်တဲ့သူကိုတောင် ဖမ်းပြီးထောင်ချထားတာကို သိရဲ့ သားနဲ့ ငဖားကောင် လက်ကိုင်ဒုတ်တွေက အောက်က စာမျိုးကိုရေးတတ်သေးတယ်။ သောက်ရှက်ကိုမရှိဘူး ထမင်းစားပြီးကြီးလာတာမဟုတ်ဘူးထင်တယ်။

မြန်မာနိုင်ငံတွင် အဓမ္မ ခိုင်းစေမှု မရှိစေရေးအတွက် နောက်ဆက်တွဲ နားလည်မှု စာလွှာ သက်တမ်း တိုးမြှင့်

27/Feb/2009

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရုံး (ILO) တို့
သည် ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် အဓမ္မခိုင်းစေမှု တိုင်းကြားချက်များဆောင်ရွက်ရန်နောက်ဆက်တွဲနားလည်မှု
စာလွှာကို ၁၂လထပ်မံသက်တမ်းတိုးခဲ့ကြောင်းသိရသည်။ အဆိုပါနောက်ဆက်တွဲနားလည်မှုစာလွှာ သည် မြန်မာ
နိုင်ငံတွင် အဓမ္မခိုင်း စေမှုမပြုရေး တားမြစ်ထားသည့် တည်ဆဲ ဥပဒေများ ကျင့်သုံးမှုကို အထောက်အကူဖြစ်စေ
ကြောင်း၊ ယင်းသည် ရန်ကုန်မြို့ရှိ ILOဆက်သွယ်ရေးအရာရှိက အကူအညီပေးနေသည့် တိုင်ကြားချက် ယန္တယား
တစ်ရပ်ကိုဖော် ဆောင်ပေးခြင်းဖြစ်ကြောင်း၊ နောက်ဆက်တွဲ နားလည်မှုစာလွှာ၏ အပိုဒ်(၁) အရ မြန်မာနိုင်ငံသား
များအနေဖြင့် အဓမ္မခိုင်းစေခြင်းခံရပါက တရားဥပဒေနှင့်အညီ တရားမျှတမှုရရှိနိုင်ပြီး တိုင်ကြားသူ အတွက်လည်း
အကာအကွယ်ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါစာလွှာ သက်တမ်းတိုး လက်မှတ်ရေး ထိုးခြင်းကို ကြိုဆို
သောအားဖြင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးဦးအောင်ကြည်က “အဓမ္မခိုင်းစေမှု မရှိစေရေးအတွက် နိုင်ငံတော်
အစိုးရ အဆင့်မြင့်ပိုင်း၏သန္နိဋ္ဌာန်ချထားမှုကို ထပ်မံအတည်ပြုသည့်အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ILOတို့အကြား
ယခုကဲ့သို့ဆက်လက်ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုပါကြောင်း၊ နောက်ဆက်တွဲနားလည်မှုစာလွှာသည်အဓမ္မခိုင်း
စေမှုလုံးဝမဖြစ်ပေါ် စေရေးအတွက် နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးခံယူချက်ရှိမှုကိုအထောက်အပံ့ဖြစ်စေပါကြောင်း၊
၂၀၀၈ခုနှစ် မေလအတွင်းက အတည်ပြုခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအ
ခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များတွင် နိုင်ငံသားများ၏ အခွင့်အရေးများကို အ
ပြည့်အဝ အာမခံချက်ပေးထားပြီး အဓမ္မ ခိုင်းစေမှုများ တားမြစ် ကြောင်းကိုလည်း ပုဒ်မ ၃၅၉ တွင် ပြဋ္ဌာန်းထားပါ
ကြောင်း ၂၀၀၉ခုနှစ်ဖေဖော်ဝါရီလ ၂၇ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်