Saturday, February 21, 2009

ဟုတ်ရောဟုတ်ရဲ့လားမသိပါဘူး

အင်တာနက် မြန်နှုန်း အဆ ၂၀ ထိ တိုးမြှင့် ပေးမည်ဟုဆို

21/Feb/2009

E-Mail this article Printable Version
မြန်မာနိုင်ငံတွင်လက်ရှိအသုံးပြုနေသည့် အင်တာနက် မြန်နှုန်းမှာလိုအပ်သည်ထက် နှေးကွေးနေမှုကြောင့်
လာမည့်မေလတွင် အဆ၂၀နီးပါးတိုးမြှင့်ပေးမည်ဖြစ်ကြောင်း ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန
ဝန်ကြီးဗိုလ်မှူးချုပ်သိန်းဇော်က မြန်မာအင်ဖိုတက်ခ်တွင်ဖေဖော်ဝါရီ ၁၄ရက်နေ့တွင်ကျင်းပသောသတ္တမအကြိမ်

မြောက် မြန်မာသတင်းအချက်အလက်နှင့် နည်းပညာ ကော်ပိုရေးရှင်းလီမိတက်၏ နှစ်ပတ်လည်အစည်းအဝေး
တွင် ပြောကြားခဲ့သည်။မြန်မာနိုင်ငံ၏အင်တာနက်အသုံးပြုမှုမှာအသံ(ဖုန်းလိုင်း)ကိုအခြေခံသောစနစ်ဖြစ်သည့်
အတွက် အရုပ်အသံအပါအဝင် အခြားသတင်းအချက်အလက်များစီးဆင်းသည့် အင်တာနက်မြန်နှုန်းမှာ နှောင့်
နှေးကြန့်ကြာကြောင်း ယခုအခါ Fiber Optic Cabel များ၊ လွှမ်းခြုံထားပြီးဖြစ်သည့်အတွက် အင်တာနက် Ban
-dwidth ကို 10 GB အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ယင်းသို့တိုးမြှင့်ခြင်းကို ၂၀၀၉ ခုနှစ် မေလတွင် စတင်
အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ အင်တာနက်အသုံးပြုသူများ လက်ရှိအနေအထားတွင် ခေတ္တသည်းခံ
စောင့်ဆိုင်းစေလိုကြောင်း၎င်းကဆိုသည်။မြန်မာနိုင်ငံတွင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Internet, E-mail
စနစ်ကို ၂၀၀၁ ခုနှစ်တွင်စတင်အသုံးပြုခဲ့ပြီး ထိုနှစ်တွင်ပင်Bagan Cybertech (ယခုMynanmar Teleport )
ကုမ္ပဏီကိုဖွဲ့စည်းတည်ထောင်ကာ အများပြည်သူသို အင်တာနက်စနစ်ကို ရောင်းချဝန်ဆောင်မှုပေးခဲ့ကြောင်း
၂၀၀၉ခုနှစ်ဖေဖော်ဝါရီလ ၂၃ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။


Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်