13 February 2009
မြန်မာ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ဖြစ်ပါတယ်။ ဒီနေ့ကို မြန်မာနိုင်ငံရဲ့ ကလေးများနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲတွေကို မြန်မာနိုင်ငံတ၀န်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလေ့ရှိခဲ့ပေမယ့် စစ်အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း ဗိုလ်ချုပ်ရဲ့မွေးနေ့ဆိုင်ရာ အခမ်းအနားတွေ တဖြည်းဖြည်းမှေးမှိန် ကွယ်ပျောက် လာခဲ့ရပါတယ်။ အခုလို
အရေးပါတဲ့ နိုင်ငံခေါင်းဆောင်တယောက်ရဲ့ မွေးနေ့နဲ့သူ့ရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ထားတဲ့အတွက် သမိုင်းကိုယ်လောက် ထိခိုက်စေပါသလဲ၊ အကြောင်းစုံကို မစုမြတ်မွန်က သုံးသပ်တင်ပြထားပါတယ်။
မြန်မာ့တပ်မတော်ရဲ့ဖခင်ကြီး ဖြစ်ရုံမက မြန်မာ့လွတ်လပ်ရေး ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ကို အမှတ်တရပွဲတွေ မြန်မာနိုင်ငံမှာ တရားဝင်မကျင်းပတော့တာတော်တော်ကြာခဲ့ပါပြီ။ အရင်ကဆိုရင် ကလေးများနေ့အဖြစ် သတ်မှတ်ထားတဲ့ဗိုလ်ချုပ် မွေးနေ့မှာ ကဗျာရွတ်ပြိုင်ပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွေကို ကျောင်းတွေ၊ရပ်ကွက်တွေမှာ ကျင်းပခဲ့ကြတာပါ။ အခုတော့ အဲဒီလို ပြိုင်ပွဲတွေလုပ်ဖို့ဝေးလို့ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်တွေကိုတောင် တရားဝင်ထုတ်ဖော်ပြောတာ ရှားသွားပါပြီ။
ဒီတော့ နောင်လာနောက်သားတွေအနေနဲ့ ကိုယ့်နိုင်ငံ လွတ်လပ်ရေးရအောင်လုပ်ပေးခဲ့တဲ့ ခေါင်းဆောင်တယောက်ရဲ့ အကြောင်းတွေကို သိဖို့ ဘယ်လောက်အရေးကြီးပါသလဲ။ မြန်မာနိုင်ငံမှာ သမိုင်းကထိက လုပ်ခဲ့ဖူးပြီး အခုတော့ အမေရိကန်ပြည်ထောင်စု အီလီနွိုင်း ပြည်နယ် ဂျတ်ဒ်ဆင် (Judson) တက္ကသိုလ်မှာ သမိုင်းပါမောက္ခလုပ်နေတဲ့ ဒေါက်တာ နော်အိန်ဂျလင်းက ဘာကြောင့် အရေးကြီး တယ်ဆိုတာခုလိုပြောပြပါတယ်။
“ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကိုတော့ တိုင်းပြည်က သိသင့်တယ်၊ ကလေးတွေလည်း သိသင့်တယ်၊ ပညာတတ်တွေလည်း သိသင့် တယ်။ ကိုယ့်ရဲ့သမိုင်းအမွေအနှစ်ကိုကိုယ်က ထုတ်ဖော်ပြီးတော့ သိမှသာ၊ ပြောနိုင်မှသာလျှင် အခြား ကမ္ဘာမှာရှိတဲ့တိုင်းပြည် တွေက လည်း ကိုယ့်လူမျိုးကို ရိုသေမယ်၊ အသိအမှတ်ပြုမှာပေါ့။ ကိုယ်ကမှအသိအမှတ်မပြုရင် အခြားလူတွေကလည်း ကိုယ့်ကို ဘယ်လိုအသိအမှတ်ပြုမလဲ။
ဗိုလ်ချုပ်အောင်ဆန်းတောင်မှ မသိခဲ့လို့ရှိရင် ဒီတိုင်းပြည်က ဘယ်သူထောင်ခဲ့မှန်းတောင် သူတို့ သိမှာမဟုတ်ဘူး။ ကိုယ့်ရဲ့သမိုင်းအစကိုလည်း သူတို့ မသိဘူးဖြစ်မယ်။
“ဗိုလ်ချုပ်အောင်ဆန်းထူထောင်တဲ့ မြန်မာနိုင်ငံဟာ တကယ်တော့ အရေးကြီးတဲ့ကဏ္ဍမှာ ပါခဲ့တယ်။ အဲဒါကြောင့် ကိုယ့်တိုင်းပြည်မှာ ကလေးတွေ က ဒါကို သိခဲ့လို့ရှိရင်နိုင်ငံရဲ့ ရှေ့ရေးအတွက် အလားအလာ ပိုကောင်းနိုင်တယ်၊ ပြီးတော့ ဒီတိုင်းပြည်ကိုလည်း ပိုချစ်ပြီးတော့ ပိုပြီးတော့ တိုးတက်အောင် လုပ်ချင်စိတ်တွေ ရှိလာမယ်ပေါ့။ သူတို့ကို နောက်ကနေ တွန်းအားပေးတဲ့သဘော ဖြစ်နိုင်မယ်။
“ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မသိရင်တော့ သူတို့အတွက်က ကြည့်စရာ နမူနာစံပြလူ မရှိဘူး။ ကျန်တဲ့လူတွေကို လျှောက်ကြည့်ပြီး ပတ်ဝန်းကျင်မှာ ကိုယ့်လူမျိုးထက်အခြား ကောင်းတဲ့လူမျိုးရဲ့ ခေါင်းဆောင်တွေကိုပဲ အားကိုး အထင်ကြီးပြီး အဲဒီလူမျိုးတွေကို ပိုအထင်ကြီး သွားမှာလည်း ဖြစ်နိုင်ပါတယ်။ တိုင်းပြည်ကို ချစ်တဲ့စိတ်ကလည်းလျော့သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့တိုင်းပြည်မှာ လူတော်လူကောင်းရှိတယ်ဆိုတာ သူတို့ မြင်ချင်မှမြင်တော့မယ်။”
ရှစ်လေးလုံး လူထုအုံကြွမှုကြီး ဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခဲ့ချိန်ကစလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်းနဲ့ မှေးမှိန်အောင်လုပ်လာတယ်လို့ သမိုင်းလေ့လာသူတွေက ပြောကြပါတယ်။
သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းကစလို့ တက္ကသိုလ်ကျောင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အကြောင်းတွေကိုလည်းကျမ်းပြုခွင့် မပေးတော့ပါဘူး။ ဒါဟာ မြန်မာ့သမိုင်းအတွက် ဘယ်လောက်ထိခိုက် နစ်နာစေပါသလဲ၊ Aung San and the struggle for Burmese Independence ဆိုတဲ့ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့တဲ့သမိုင်းပညာရှင် ဒေါက်တာ နော်အိန်ဂျလင်းကတော့ ခုလိုသုံးသပ်ပါတယ်။
“ပညာတတ်အဆင့်တွေမှာပါ လုံးဝမသိရဘူးဆိုကတည်းက ဒီတိုင်းပြည်ကိုတည်ထောင်ခဲ့တဲ့လူရဲ့ သမိုင်းက လုံးဝပျောက်သွားပြီပေါ့။ တိုင်းပြည်တည်ထောင်တဲ့လူရဲ့ သမိုင်းပျောက်ရင် တိုင်းပြည်ပျောက်တာနဲ့ အတူတူပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ကိုယ့်သမိုင်းကို ကိုယ်ဖျောက်ပစ်တဲ့ဟာက ကိုယ့်ရဲ့ဇာစ်မြစ်က ပျောက်သွားတာပေါ့။ အမွေအနှစ် ပျောက်သွားတဲ့သဘောပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်မှာဆိုရင် သူက တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးကို စည်းရုံးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။
“အဲလို တိုင်းရင်းသားအားလုံးကို တန်းတူရည်တူ အခွင့်အရေးအတူတူပေးဖို့ စည်းရုံးနိုင်ခဲ့လို့ လူတွေကလည်း သူ့ကို ယုံကြည်ခဲ့တယ်၊ အားကိုးခဲ့တယ်။ အဲဒီလို ယုံကြည်အားကိုးခဲ့တဲ့ လူကြီးမျိုးကို တိုင်းပြည်မှာရှိဖို့ အစိုးရအဖွဲ့အစည်းမျိုးနဲ့ အဲဒီလိုလူမျိုးနဲ့တည်ထောင် နိုင်ဖို့ဆိုတာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်။
“အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မသိဘဲနဲ့ သမိုင်းကိုလည်းမသိတော့ဘူး။ ဗမာပြည်ဟာ ဘယ်လောက်အထိ ကမ္ဘာမှာ တန်းတူရှိခဲ့တယ်ဆိုတာလည်း မသိဘူးဆိုရင်တော့ ဒီလိုအခြေအနေမျိုး ပြန်ရောက်အောင် လုပ်ချင်စိတ်လည်းရှိမှာမဟုတ်တော့ဘူး။ ခေတ်ကမ္ဘာ တိုးတက်နေပေမယ့် မြန်မာပြည်ကတော့ ဆက်ပြီးတိုးတက်စရာလမ်း မရှိတော့ဘူးပေါ့။”
Aung San and the struggle for Burmese Independence ဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ဂျတ်ဒ်ဆင်တက္ကသိုလ်မှာ သမိုင်းပါမောက္ခလုပ်နေတဲ့ ဒေါက်တာ နော်အိန်ဂျလင်း ပြောပြသွားတာ
ဖြစ်ပါတယ်။
Thursday, February 12, 2009
ဗိုလ်ချုပ်အောင်ဆန်းကို ပစ်ပယ်နေလို့ မြန်မာ့သမိုင်း ထိခိုက်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
February
(379)
- အမိမြေ
- ဟီးဟီး နိုင်တော့ကော..တကယ်အာဏာ ပေးမလား အရင်မေးပြီး...
- “ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်...
- Myanmar's refugees struggle for asylum - 28 Feb 2009
- တရုပ်လုပ်သေနတ်နဲ့ အပါးဝတဲ့ နအဖတပ်မတော်
- ကြည့် သာယုံ..ဘယ်သူက..အကောင်..ဘယ်သူကအချောင်
- သူ့ သား ကိုယ့်သား ဘယ်သွားသွားမှမလုံခြုံတဲ့ နိုင်ငံ
- တော်လှန်ရေးမှာ..လိုအပ်တဲ့ အရာ
- အလင်းရနံ့ ဂျာနယ် ဖေဖော်ဝါရီ ၂၀၀၉
- ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြ...
- ၾကားၾကားသမ်ွ ေ၀ေနယ်...
- ဖေဖော်ဝါရီ ၂၆ ၂၀၀၉ သတင်း
- ကဲ လူမဆန်ချင်ဦးလေ..နောက်ဆုံးတော့...ဒီလိုဖြစ်မယ်..
- လှေစီးပြေး ရိုဟင်ဂျာ( သို့ ) ဘင်္ဂါလီ တွေ မြန်မာနိုင...
- စစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်နိုင်ရန် နာဂစ်မုန...
- ရန်ကုန်သားတွေ ၂၄ နာရီလုံ့း  အမှောင်ထဲ မှာ နေရတော့မ...
- ဒီဇယ်ဆီ အံ့မခန်း ကျဆင်းပြန်၊ တစ်ဂါလန် ၁၅၀၀ ကျပ်ရောက်
- မျောနေပြီ..မျောနေပြီ
- နိဗ္ဗါန်ယဉ်မလိုတဲ့ အသုဘတွေ
- ရခိုင်.သတင်းစာ ဖေဖော်ဝါရီ ၂၀၀၉
- ၈၈၈၈ သတင်းစာစောင် မတ်လ..၂၀၀၉
- နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ...
- သူ့  ပထွေးပစ္စည်း ကျနေတာဘဲ ရောင်းစားနေကြတာ
- ကျောင်းသားဆိုတာ နိုင်ငံရေးသမိုင်းရဲ့သော့ချက်
- ဘာမှတ်လဲ မြန်မာကွ ဒီလိုနာမည်ကြီးတာ
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်
- Rohingyas in japan Demonstrating infront of Burma ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်း...
- တပ်တွင်းပုန်ကန်မှု
- ပြောင်းချင်တယ်ဆို လွယ်ပါတယ်...
- ပထွေးမြှောက်လို့  အပါးဝနေတဲ့ လူတွေ..
- သတ်ပစ်မလား..သင်းပစ်မလား..ဒုက္ခပါဘဲ
- နိုင်ဟံသာ (မွန်ပြည်သစ်ပါတီရဲ့ ထူးခြားထက်မြက်တဲ့ခေါ...
- လိမ်ပုံများကတော့ ဒီလိုကို သတင်းစာထဲထည့်ပြီးလိမ်တာ
- လှောင်ချိုင့်ထဲကလူ
- မီးမပေးဘဲ..မီတာခယူတာ..ရှက်ဖူးလား
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်
- UN Chief Urges the Regime to Release All Political...
- ရှင်သန်အောင် ကြိုးစားခြင်း
- စာပေဟောပြောပွဲ
- တရားအလှူ
- မဲဆောက်မြို့တွင် ဖမ်းဆီးမှု စတင် ၊ တရားမ၀င်သူ ၆၀၀ေ...
- DVBtelevisionသတင်း
- မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည...
- စိန်လိုချင်လို့ ..လူကို သတ်တဲ့ လူယုတ်တွေ..
- ကမ္ဘာ့အဆင့်မီ ပညာတတ်များရဲ့ မြန်မာပြည်က ကမ္ဘာ့အဆင့်မ...
- မုန်တိုင်းထဲက ရှိုက်သံများ.
- ကြံဖွတ် နဲ့ သူငယ်ချင်း မလုပ်ချင်..
- လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့...
- သံဃာဥသျှောင်၏ကျေညာချက် (၂။၂၅။၂၀၀၉)
-့ မပြောမရှိနဲ့ ..ကာလနာတိုက်နေတဲ့ စိန်တွေ..
- အရပ်က လည်းခဲနဲပေါက်ချင်လှုပြီ။
- မြန်မာပြည် လူ့အခွင့်အရေးကို စိန်ခေါ်ခြင်း (မစ္စတာ ကွ...
- ခမရ ၂၃၄ ခွေးပါးဝနေတယ်
- ဘင်္ဂလာနယ်စပ် အနီးရှိ ကျေးရွာပေါင်း ၂၇ ရွာတွင် ပြည်သ...
- ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင...
- ငွေ ၅၀၀ တန် အတု နှင့်ပတ်သက်၍
- မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ
- ငွေပေါတဲ့ သူတွေ အတွက် ကျမ်းမာရေးဝန်ဆောင်မှု
- ရေ တောင် ကုန်နေတဲ့ ရန်ကုန်
- “အန္တရာယ်ကို သတိပြုပါ” တဲ့ အောင်သောင်းကတော့ ပြောနေပြီ
- ကြပ်ပြေးအရှုပ်တော်ပုံ ဆောင်းပါးများ (၁၁ -၁၈)
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်PART 2
- Japan news agency awards jailed Burmese female rep...
- လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ...
- အမှားပြင်ဆင်ချက်..
- ဘယ်သွားသွား မလုံခြုံတဲ့ မြန်မာအမျိုးသမီးဘဝ
- Media Statement – for immediate release24 February...
- UDP ကို....မဲသွားမထည့်နဲ့ မွဲသွားမယ်..
- လူတိုင်းပြောနေကြပြီ..မတရားဖမ်းတဲ့ လူယုတ်မြန်မာစစ်အ...
- ဒုံရင်း..ဒုံရင်းဘဲ အထဲထဲမှာ..
- ဆိုက်ကားသမားတွေ ကိုဒသျှို လုပ်ခိုင်းနေခြင်း..
- အကုန်လွှတ်မလား...မလွှတ်ဖူးလား..(ရာဇသံ)
- Inside the Kachin Independendence Army
- ကောင်းရာသုဂတိလားပါစေ။ ဒေါက်တာလှိုင်နီ
- ဗေဒင်..နက္ခတ်...မင်းဆက်ပြတ်ချိန်..........
- ၀ ခေါင်းဆောင်တွေ မြန်မာစစ်တပ်ကို မူးယစ်ဆေးရောင်းရေ...
- မိမိတို့ ကိုယ်တိုင်ကြိုးစားယူရန်မှတပါးအခြားမရှိပြီ
- နယ်စပ်ဖြတ်ကျော် တောမီးအား တရုတ်မှ လူအင်အား ၂၅၀၀ ကေ...
- လက်ချင်းချည်ကာ ညီတဲ့ အာဆီယံ.. :)
- ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်မြန်မာနိုင်ငံရေးအကျဉ်းသာ...
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်
- Naypyidaw, the new capital of Myanmar(ミャンマー新首都ネピドー)
- ရန်တိုက်ပေးလို့မရတော့ အချင်းချင်း ချတော့မယ်
- ချင်းတို့ ၏အသံ
- ဟစ်ဟော့ ကိုမတိုက်ခင် နအဖကို အရင်တိုက်ပါ
- Black Device ကိုသတိထားပါ။
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထော...
- နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံ...
- တရားမဝင်နည်းဖြင့်ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများေ...
- (၆၁) နှစ်မြောက် ချင်းအမျိုးသားနေ့ 
- လူ့ လူချင်းစာနာ ထောက်ထားပါ။
- NLD (LA( Japan Branch) INVITATION
- ခင်ဗျားတို့ သားသမီး၊မြေး ချင်းကိုယ်ချင်းမစာ အောက်တ...
- ပဒိုမန်းရှာကို ဘယ်သူသတ်သလဲ
- ဖေဖေါ်ဝါရီ လ ၂၁ရက် ၂၀၀၉ သတင်းများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အထူးကြေငြာချက်အမှတ် ၃
- ဒုက္ခနဲ့ ဘ၀များ
- ဂုဏ်ယူပါတယ် မအိမ့်ခိုင်ဦး
-
▼
February
(379)
No comments:
Post a Comment