တော်သေးတာပေါ့ လျှပ်စစ်ဝန်ကြီးဌာန (၂) ခုရှိပေလို့ဘဲ။
Thu 05 Feb 2009, မိရိုင်မရော့
မွန်ပြည်နယ်အတွင်းရှိ အချို့သောမြို့နယ်များတွင် အစိုးရမှထုတ်လွှင့်ပေးမည့် လျှပ်စစ်မီးကို နှစ်လကြာ မစောင့်ဆိုင်းနိုင်သ၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်ရွာသာယာလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လာသည်မှာ ကျေးရွာအတွင်း လျှပ်စစ်မီးလင်းလာပြီး ဖြစ်သည်။
ရွာရှိဆရာတော်တို့၏ ဦးဆောင်မှုဖြင့် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်အတွင်းရှိ ဒရယ်ကျေးရွာတွင် လွန်ခဲ့သည့် ဒီဇင်ဘာလက
လျှပ်စစ်မီးရရှိရန် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကြိုးစားလာရာ ပြီးခဲ့သည့်လက တစ်ရွာလုံး လျှပ်စစ်မီး ရရှိလာပြီးဖြစ်သည်။
''ကျမတို့ရွာမှာ လျှပ်စစ်မီးရနေပြီး အဲဒါဆရာတော်နဲ့ ကျောင်းဒါယကာတွေရဲ့ ကြိုးစားမှုပေါ့နော်၊ အစိုးရမီးသာ မျှော်နေမယ်ဆိုရင် ကျမတို့ရွာ မီးလင်းလာမှာ မဟုတ်ဘူး၊ အခုမီးလာနေတာ ၁ လကျော် နေပြီး'' ဟု ဒရယ်ကျေးရွာမှ လျှပ်စစ်မီးသုံး အိမ်ရှင်မတစ်ဦးက ပြောသည်။
ဒရယ်ကျေးရွာတွင် စုစုပေါင်းအိမ်ခြေ ၂၀၀ လောက်ရှိပြီး၊ လျှပ်စစ်မီးယူထားသည့် အိမ်ခြေ ၁၂၀ လောက် သာရှိသည်။ လျှပ်စစ်မီးယူထားသူများအတွက် တစ်ယူနစ်လျှင် ဒီဇယ်တစ်ပုလင်း၏ တန်ဖိုးနှင့်အညီ ပေးဆောင်ရမည်ဖြစ်သည်။ ဒီဇယ်ဈေးနှုန်းပေါ်မူတည်ပြီး ငွေကြေးကောက်ခံနေသည်။
၎င်းအိမ်ရှင်အမျိုးသမီး၏ ပြောပြချက်အရ ''မီးကတော့ အားကောင်းတယ်၊ အားလုံးသွယ်လို့ရတယ်၊ မီးပူတိုက်၊ ထမင်းဟင်းချက်၊ ရေခဲသေတ္တာ၊ ဘတ္ထရီအားသွင်း၊ တီဗွီဖွင့် အကုန်ရတယ်၊ သူတို့ ခွင့်မပြုတာတစ်ခု ဘဲရှိတယ်။ အဲဒါက အလုပ်ရုံပေါ့နော် အဲဒီလိုဆိုရင် သူတို့က မပေးသုံးဘူး၊ ကျမတို့အိမ်က ပြီးခဲ့တဲ့လက ၁ သောင်းခွဲ ကုန်တယ်၊ တစ်ယူနစ်ကို ၅၀၀ ယူတာပေါ့နော်၊ အိမ်က ဘတ္ထရီပါ သွင်းတယ်၊ တစ်ရွာလုံးက မီးလင်းနေပြီး၊ ကျမတို့အတွက်တော့ အဆင်ပြေတယ်၊ တစ်လမှ တစ်သောင်းခွဲပဲကုန်တယ်။ မနည်းပေမယ့်လည်း အခုခေတ်တန်ဖိုးမရှိတဲ့ ပိုက်ဆံနဲ့ဆိုရင် ပေးနိုင်တယ်၊ တချို့ဆိုရင်လည်း မယူနိုင်တာရှိတာဘဲ'' ဟု ပြောသည်။
၎င်းဒရယ်ရွာတွင် မီးယူအိမ်ခြေသည် ၁ ရာကျော်သာရှိသည့်အတွက် လျှပ်စစ်မီးသွယ်သူများအတွက် အရှုံးပေါ်နေသည်။ အကယ်၍ အိမ်ခြေ ၁၅၀၊ ၂၀၀ ရရှိမှသာ တွက်ခြေကိုက်မည်။ သို့သော်လည်း လျှပ်စစ်မီးသွယ်တန်းကာလသည် အနည်းဆုံး ၂ နှစ်သွယ်ပေးရမည်ဟု ဆရာတော်နှင့် စာချုပ်ချုပ်ထားပြီးဖြစ်သည့်အတွက် လျှပ်စစ်သွယ်သူများ အရှုံးပေါ်နေသည့်ကြားက လျှပ်စစ်မီးဖြန့်ဝေပေးနေရသည်။
မီတာပုံး၊ ဓာတ်တိုင်အတွက် တစ်အိမ်လျှင် ၂ သိန်းနီးပါးပေးရသည်။ ကြိုးပါအားလုံးတပ်ဆင်ပေးရလျှင် မီးလင်းလာသည်အထိ တစ်အိမ်ကို ၂ သိန်းကျော်ကုန်ကျသည်။ လျှပ်စစ်မီးထုတ်လွှင့်မှုမှာ မနက် ၄ နာရီမှ ၆ နာရီထိဖြစ်ပြီး၊ ညနေပိုင်းမှာ ၅ နာရီမှ ည ၉ နာရီခွဲထိဖြစ်သည်။ ၄င်းမီးစက်သည် ဒီဇယ်ဖြင့်မောင်သောစက်ဖြစ်ပြီး မြင်းကောင်ရေအား (၉၀) ရှိကြောင်း၊ အိမ်ခြေ ၂၀၀ ထိ လျှပ်စစ်မီး ဖြန့်ဝေပေးနိုင်ကြောင်း၊ စက်၏တန်ဖိုးသည် စုစုပေါင်း သိန်း (၃၄၀) ရှိကြောင်း လျှပ်စစ်မီးရရှိရန် ဦးဆောင်နေသည့် ဒရယ်ရွာမှ ဆရာတော်က မိန့်ကြားတော်မူသည်။
ပေါင်မြို့နယ်၊ မိုးနိုင်းကျေးရွာရှိ ပုညကာရီ ဘုန်းကြီးကျောင်းသားဟောင်းအဖွဲ့တို့က ရေအားဖြင့် လျှပ်စစ်မီး ရရှိရန် တစ်နှစ်ကျော် ဦးဆောင်လှုပ်ရှားလာခဲ့ပြီး၊ ယခုအခါ တစ်ရွာလုံးမှာ ရေအားလျှပ်စစ်မီးကို သုံးဆောင် လာနိုင်သည်။
ပေါင်မြို့ ကသာရပ်ကွက်သူတစ်ဦး၏ ပြောပြချက်အရ ''ဒီပေါင်မြို့မှာဆိုရင် အစိုးရကပေးတဲ့ လျှပ်စစ်မီး ရှိတယ်၊ ဒါပေမယ့် မလာတဲ့ရက်က များနေတယ်၊ ဒါကြောင့် တချို့ရွာတွေမှာဆိုရင် ကိုယ်ထူကိုယ်ထနဲ့ပဲ လျှပ်စစ်မီးရဖို့ လုပ်ဆောင်နေကြတာ၊ မီးလာရင်လဲ ဘာမှလုပ်လို့မရဘူး၊ အားမပြည့်ဘူးဖြစ်နေတယ်၊ အဲဒါကြောင့် တချို့ရွာတွေမှာ ဦးဆောင်နိုင်တဲ့လူရှိရင် သူတို့က နည်းအမျိုးမျိုး ကိုယ်ထူကိုယ်ထစနစ်နဲ့ မီးရအောင် လုပ်ဆောင်တာပါ'' ဟု ပြောသည်။
မိုးနိုင်းကျေးရွာတွင် သွယ်မည့် ရေအားလျှပ်စစ်မီးသည် ဒိုင်နမိုအား (၃၀၀) မီဂါဝပ်ရှိပြီး၊ အိမ်ခြေပေါင်း တစ်ထောင်ကျော် ထုတ်လွှင့်ဖြန့်ဖြူးပေးနိုင်သည်။ လက်ရှိ စာရင်းသွင်းထားသည့် အိမ်ခြေမှာ (၅၁၄) အိမ်ရှိကာ နောက်ထပ် စာရင်းသွင်းမည့်အိမ်ခြေတိုးလာရန်လည်းရှိသည်ဟု လျှပ်စစ်မီးရရှိရန် လုပ်ဆောင်နေသည့်အဖွဲ့က ပြောသည်။
''မိုးနိုင်းမှာ သွယ်ထားတဲ့ ရေအားလျှပ်စစ်မီးရနေပြီး၊ ဒါပေမယ့် ဘယ်နေ့ကတည်းက လာနေလဲဆိုတာကိုတော့ မသိဘူး၊ သူတို့က မီးခ ဘယ်လိုပေးနေတာကိုလည်း မသိဘူး၊ မီးလာနေတာကိုပဲသိတယ်'' ဟု ၄င်းကသာရပ်ကွက်သူက ပြောသည်။ လျှပ်စစ်မီးအတွက် မီတာပုံးကို တစ်အိမ်လျှင် ကျပ် ၂ သိန်း ပေးဆောင်ရသည်။
http://www.monnews-imna.com/burmese/newsupdate.php?ID=192
Thursday, February 5, 2009
ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် မီးလင်းလာ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
February
(379)
- အမိမြေ
- ဟီးဟီး နိုင်တော့ကော..တကယ်အာဏာ ပေးမလား အရင်မေးပြီး...
- “ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်...
- Myanmar's refugees struggle for asylum - 28 Feb 2009
- တရုပ်လုပ်သေနတ်နဲ့ အပါးဝတဲ့ နအဖတပ်မတော်
- ကြည့် သာယုံ..ဘယ်သူက..အကောင်..ဘယ်သူကအချောင်
- သူ့ သား ကိုယ့်သား ဘယ်သွားသွားမှမလုံခြုံတဲ့ နိုင်ငံ
- တော်လှန်ရေးမှာ..လိုအပ်တဲ့ အရာ
- အလင်းရနံ့ ဂျာနယ် ဖေဖော်ဝါရီ ၂၀၀၉
- ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြ...
- ၾကားၾကားသမ်ွ ေ၀ေနယ်...
- ဖေဖော်ဝါရီ ၂၆ ၂၀၀၉ သတင်း
- ကဲ လူမဆန်ချင်ဦးလေ..နောက်ဆုံးတော့...ဒီလိုဖြစ်မယ်..
- လှေစီးပြေး ရိုဟင်ဂျာ( သို့ ) ဘင်္ဂါလီ တွေ မြန်မာနိုင...
- စစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်နိုင်ရန် နာဂစ်မုန...
- ရန်ကုန်သားတွေ ၂၄ နာရီလုံ့း  အမှောင်ထဲ မှာ နေရတော့မ...
- ဒီဇယ်ဆီ အံ့မခန်း ကျဆင်းပြန်၊ တစ်ဂါလန် ၁၅၀၀ ကျပ်ရောက်
- မျောနေပြီ..မျောနေပြီ
- နိဗ္ဗါန်ယဉ်မလိုတဲ့ အသုဘတွေ
- ရခိုင်.သတင်းစာ ဖေဖော်ဝါရီ ၂၀၀၉
- ၈၈၈၈ သတင်းစာစောင် မတ်လ..၂၀၀၉
- နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ...
- သူ့  ပထွေးပစ္စည်း ကျနေတာဘဲ ရောင်းစားနေကြတာ
- ကျောင်းသားဆိုတာ နိုင်ငံရေးသမိုင်းရဲ့သော့ချက်
- ဘာမှတ်လဲ မြန်မာကွ ဒီလိုနာမည်ကြီးတာ
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်
- Rohingyas in japan Demonstrating infront of Burma ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်း...
- တပ်တွင်းပုန်ကန်မှု
- ပြောင်းချင်တယ်ဆို လွယ်ပါတယ်...
- ပထွေးမြှောက်လို့  အပါးဝနေတဲ့ လူတွေ..
- သတ်ပစ်မလား..သင်းပစ်မလား..ဒုက္ခပါဘဲ
- နိုင်ဟံသာ (မွန်ပြည်သစ်ပါတီရဲ့ ထူးခြားထက်မြက်တဲ့ခေါ...
- လိမ်ပုံများကတော့ ဒီလိုကို သတင်းစာထဲထည့်ပြီးလိမ်တာ
- လှောင်ချိုင့်ထဲကလူ
- မီးမပေးဘဲ..မီတာခယူတာ..ရှက်ဖူးလား
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်
- UN Chief Urges the Regime to Release All Political...
- ရှင်သန်အောင် ကြိုးစားခြင်း
- စာပေဟောပြောပွဲ
- တရားအလှူ
- မဲဆောက်မြို့တွင် ဖမ်းဆီးမှု စတင် ၊ တရားမ၀င်သူ ၆၀၀ေ...
- DVBtelevisionသတင်း
- မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည...
- စိန်လိုချင်လို့ ..လူကို သတ်တဲ့ လူယုတ်တွေ..
- ကမ္ဘာ့အဆင့်မီ ပညာတတ်များရဲ့ မြန်မာပြည်က ကမ္ဘာ့အဆင့်မ...
- မုန်တိုင်းထဲက ရှိုက်သံများ.
- ကြံဖွတ် နဲ့ သူငယ်ချင်း မလုပ်ချင်..
- လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့...
- သံဃာဥသျှောင်၏ကျေညာချက် (၂။၂၅။၂၀၀၉)
-့ မပြောမရှိနဲ့ ..ကာလနာတိုက်နေတဲ့ စိန်တွေ..
- အရပ်က လည်းခဲနဲပေါက်ချင်လှုပြီ။
- မြန်မာပြည် လူ့အခွင့်အရေးကို စိန်ခေါ်ခြင်း (မစ္စတာ ကွ...
- ခမရ ၂၃၄ ခွေးပါးဝနေတယ်
- ဘင်္ဂလာနယ်စပ် အနီးရှိ ကျေးရွာပေါင်း ၂၇ ရွာတွင် ပြည်သ...
- ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင...
- ငွေ ၅၀၀ တန် အတု နှင့်ပတ်သက်၍
- မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ
- ငွေပေါတဲ့ သူတွေ အတွက် ကျမ်းမာရေးဝန်ဆောင်မှု
- ရေ တောင် ကုန်နေတဲ့ ရန်ကုန်
- “အန္တရာယ်ကို သတိပြုပါ” တဲ့ အောင်သောင်းကတော့ ပြောနေပြီ
- ကြပ်ပြေးအရှုပ်တော်ပုံ ဆောင်းပါးများ (၁၁ -၁၈)
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်PART 2
- Japan news agency awards jailed Burmese female rep...
- လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ...
- အမှားပြင်ဆင်ချက်..
- ဘယ်သွားသွား မလုံခြုံတဲ့ မြန်မာအမျိုးသမီးဘဝ
- Media Statement – for immediate release24 February...
- UDP ကို....မဲသွားမထည့်နဲ့ မွဲသွားမယ်..
- လူတိုင်းပြောနေကြပြီ..မတရားဖမ်းတဲ့ လူယုတ်မြန်မာစစ်အ...
- ဒုံရင်း..ဒုံရင်းဘဲ အထဲထဲမှာ..
- ဆိုက်ကားသမားတွေ ကိုဒသျှို လုပ်ခိုင်းနေခြင်း..
- အကုန်လွှတ်မလား...မလွှတ်ဖူးလား..(ရာဇသံ)
- Inside the Kachin Independendence Army
- ကောင်းရာသုဂတိလားပါစေ။ ဒေါက်တာလှိုင်နီ
- ဗေဒင်..နက္ခတ်...မင်းဆက်ပြတ်ချိန်..........
- ၀ ခေါင်းဆောင်တွေ မြန်မာစစ်တပ်ကို မူးယစ်ဆေးရောင်းရေ...
- မိမိတို့ ကိုယ်တိုင်ကြိုးစားယူရန်မှတပါးအခြားမရှိပြီ
- နယ်စပ်ဖြတ်ကျော် တောမီးအား တရုတ်မှ လူအင်အား ၂၅၀၀ ကေ...
- လက်ချင်းချည်ကာ ညီတဲ့ အာဆီယံ.. :)
- ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်မြန်မာနိုင်ငံရေးအကျဉ်းသာ...
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်
- Naypyidaw, the new capital of Myanmar(ミャンマー新首都ネピドー)
- ရန်တိုက်ပေးလို့မရတော့ အချင်းချင်း ချတော့မယ်
- ချင်းတို့ ၏အသံ
- ဟစ်ဟော့ ကိုမတိုက်ခင် နအဖကို အရင်တိုက်ပါ
- Black Device ကိုသတိထားပါ။
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထော...
- နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံ...
- တရားမဝင်နည်းဖြင့်ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများေ...
- (၆၁) နှစ်မြောက် ချင်းအမျိုးသားနေ့ 
- လူ့ လူချင်းစာနာ ထောက်ထားပါ။
- NLD (LA( Japan Branch) INVITATION
- ခင်ဗျားတို့ သားသမီး၊မြေး ချင်းကိုယ်ချင်းမစာ အောက်တ...
- ပဒိုမန်းရှာကို ဘယ်သူသတ်သလဲ
- ဖေဖေါ်ဝါရီ လ ၂၁ရက် ၂၀၀၉ သတင်းများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အထူးကြေငြာချက်အမှတ် ၃
- ဒုက္ခနဲ့ ဘ၀များ
- ဂုဏ်ယူပါတယ် မအိမ့်ခိုင်ဦး
-
▼
February
(379)
No comments:
Post a Comment