Monday, February 9, 2009

ခွေးက လူကိုကိုက်ခြင်း သတင်း

ကေအဲန်ယူ တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ တောင်ငူခရိုင်မှာ နအဖတပ် စကခ-၅ ရဲ့ စကခမှူး ဗိုလ်မှူးချုပ်ကောင်းမြတ်က "မင်းတို့ကို နှိပ်စက်တာ မီဒီယာတွေအတွက် ရိုးနေပြီ။ သတင်းမဟုတ်တော့ဘူး။ မီဒီယာတွေက မဖော်ပြတော့ဘူး၊ အရေးလုပ်ပြီး အသံမလွှင့် တော့ဘူး။ အဲဒါတွေကို အားကိုးမနေနဲ့။ ငါတို့နှိပ်စက်ချင်သလို နှိပ်စက်လို့ရတယ်" လို့ ကြိမ်းဝါးပြီး လူထုအပေါ် နှိပ်စက်ညှဉ်းပန်းမှု၊ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေ ပါတယ်။

ဇန်နဝါရီလဆန်းကစပြီး တောင်ငူခရိုင် ဘောဂလိကြီး ၁၂ ရွာမှာ နအဖတပ်တွေက လူထုကို ရိက္ခာထမ်းခိုင်းတာ၊ ကားလမ်းတလျှောက် လူသားမိုင်းရှင်းကရိယာအဖြစ် ခိုင်းစေအသုံးပြုတာတွေ လုပ်နေပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့ က ဘောဂလိရွာသား ၅၀ နဲ့ ရေသိုးကြီးရွာသား ၂၀ ကို ဘောဂလိကားလမ်းပေါ်မှာ ရင်ဘောင်တန်း တန်းစီလျှောက် ခိုင်းပြီး လူသားဒိုင်း၊ လူသားမိုင်းရှင်းကရိယာအဖြစ် မြေမြှုပ်မိုင်းကာကွယ်ရေး လုံခြုံရေးယူခိုင်းခဲ့ပါတယ်။ ဒါ့အပြင် ဘောဂလိကြီးက စောမောင်ကရူးရဲ့ကားနဲ့ စောသာထိုရဲ့ကားတွေကိုလည်း ချောဆွဲပြီး ကားလမ်းပေါ်မှာ မိုင်းရှင်းတဲ့ အနေနဲ့ အစုန်အဆန်မောင်းခိုင်းခဲ့ပါတယ်။ တပ်စခန်းဆောက်ဖို့အတွက် ကျေးရွာတွေကို ဝါးဘိုးဝါးဆင့်တာကြောင့် ရွာတွေမှာ ဝါးဘိုးဝါးတောင် မျိုးတုံးတော့မယ့်အခြေဆိုက်နေပါပြီ။

ဖေဖော်ဝါရီ ၆ ရက်ည ၇ နာရီလောက်မှာ နအဖတပ် တိပ်ပုရွာတပ်စခန်းက တိပ်ပုရွာထဲကို လက်နက်ကြီးနဲ့ အသားလွတ်ပစ်ထည့်လို့ တိပ်ပုရွာသူများဖြစ်တဲ့ နော်ဘွေဖော (၁၈ နှစ်)၊ နော်ခိုးခိုး (၁၄ နှစ်) နဲ့ မိတဆိုး နော်ဒေးမူးဆိ (၁ နှစ်) တို့အပြင် အလည်ရောက်နေတဲ့ ဖလောဘောဒဲရွာသူ နော်ဟဲခလေး (၂၂ နှစ်) နဲ့ ဇရပ်ကြီးမှလာတဲ့ ဈေးသည် မောင်မင်းထင် (၃၀ နှစ်) တို့ ၅ ယောက် လက် နက်ကြီး အစထိမှန် ဒဏ်ရရသွားခဲ့ပါတယ်။

တောင်ငူခရိုင် သံတောင်ကြီးနယ်မှာ မဟာဓာတ်အားလိုင်း တာဝါတိုင် ဗုံးခွဲခံရလို့ဆိုပြီး နအဖ စကခ-၅ က နဗဟမှူး ကံ ပေါ်ဦး က ဓာတ် အားလိုင်းတလျှောက်ရွာသားတွေကို ဗုံးခွဲခံရရင် လျော်ရမယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။

ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ သထုံခရိုင်မှာ DKBA တပ်ရင်း ၉၀၇၊ ၉၉၉ နဲ့ နအဖတပ် ခမရ ၂၁၄၊ ခလရ ၉၆ တို့ ပူးတွဲပြီး ပြည်သူလူထုကို လုပ်အားပေးခိုင်းစေခြင်း၊ ညှဉ်းဆဲရိုက်နှက်ဗိုလ်ကျခြင်းများ ကျူးလွန်နေကြပါတယ်။ နအဖ ခလရ ၉၆ တပ်စခန်းမှူး မျိုးဇော် က သဲ့ဘောထာ၊ ပိုကလေလို စတဲ့ရွာတွေကို တရွာလျှင် ဝါးအလုံး ၅၀၀ ခုတ်ပို့ ခိုင်းနေပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်