
ဆောင်းပါး
ခိုင်ထွန်း
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 17 2009 16:05 - မြန်မာစံတော်ချိန်
အဖြစ်မှန်တခု ရှိနေသည်။ ဒီမိုကရေစီကို လိုလားပါသည်ဆိုသော ပြည်သူလူထုက ဒီမိုကရေစီတိုက်ပွဲကို တိုက်ယူနေကြသော ရဲဘော်များကို စစ်အစိုးရက ရက်ရက်စက်စက် ဖိနှိပ်သောအခါ ၎င်းတို့နှင့် ပတ်သက်ရမည်ကို ကြောက်နေကြလေသည်။ ဤအဆို တကယ်မှန်သလော။
ရွေးကောက်ပွဲပြီးသည်မှစ၍ စစ်တပ်က အာဏာကို သိမ်းပိုက်သည်။ မခံနိုင်သော တော်လှန်ရေးသမားများက ဆန့်ကျင်သည်။ ကန့်ကွက်သူမှန်သမျှ နှိပ်စက်သည်။ ထောင်ချသည်။ မိသားစုကိုပါ ဒုက္ခပေးတော့သည်။ တချို့မှာ ပြည်တွင်း၌ပင် မနေနိုင်တော့ဘဲ ပြည်ပသို့ လက်လွတ်ပြေးရသည်။ စကားလုံးဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသော ဒုက္ခမျိုးစုံ ခံကြရသည်။ ဤသို့ဖြင့် စစ်တပ်အာဏာ ကြီးမားလာသောအခါ ဒီမိုကရေစီတောင်းဆိုသော ပြည်သူတို့မှာ ချောက်ချားလာပြီး နိုင်ငံရေးလှုပ်ရှားသူ တော်လှန်ရေး ရဲဘော်များကို ရှောင်လာတော့သည်။ယခု နိုင်ငံရေးအကျဉ်းသားများကို ကြည့်ပါ။ ၎င်းတို့ အဘယ့်ကြောင့် ထောင်ကျ၊ တန်းကျ အနှိပ်စက်ခံကြရသနည်း။ ပြည်သူတို့ တောင်းဆိုကြသော လိုချင်ကြသော ဒီမိုကရေစီကို ပြည်သူ့ကိုယ်စား ရယူတောင်းဆို တိုက်ပွဲဝင်မိခြင်းကြောင့် ဖြစ်ရလေသည်။ ယခု ၎င်းတို့ကို အစိုးရက နှိပ်စက်၊ ၎င်းတို့မိသားစုကို အခြောက်တိုက် ဒုက္ခပေး၊ ကြွက်မနိုင်ကျီမီးရှို့။ ဒါကိုပြည်သူက မသိကျိုးကျွံ။ ယခု စစ်တပ်က အကျဉ်းသားတွေကို နယ်ဝေးထောင်တွေ ပို့သည်။ မိသားစုဝင်တွေ ဒုက္ခများကြရသည်။ သည်ဒုက္ခကို ပြည်သူတို့ မျှဝေ၍ မယူသင့်သလော။ ၎င်းတို့မိသားစုကို မစောင့်ရှောက်သင့်ကြသလော။ ဒီမိုကရေစီရဲဘော်များမှာ ၎င်းတို့ဆန့်ကျင်မိသည့် အာဏာရှင်စစ်တပ်က နှိပ်စက်ရသည့်အထဲ ကိုယ့်ပြည်သူကိုယ်တိုင်က ရှောင်ဖယ်ဖယ်လုပ်ကြတော့ "ပက်လက်လန်ကျန်ရစ်" ဆိုသလို ခံစားရတော့သည်။၎င်းအကျဉ်းသားတို့သည် မည်သူတို့နည်း။ ပြည်သူ့အတွက် တိုက်ပွဲဝင်နေသော ပြည်သူ့ဘက်တော်သား၊ ပြည်သူ့အကျဉ်းသားများဖြစ်သည်။ဤတော်လှန်ရေးသမားများကို စစ်တပ်က ဒဏ်ခတ်လျှင် ပြည်သူက ဆုတံဆိပ်ချီးမြှင့်ခံရသော ကိုယ့်ရင်သွေးကဲ့သို့ ဂုဏ်ယူပြီး ကိုယ့်ရဲဘော် ကိုယ့်ရင်သွေးကို ယခုမှ ချီးမြှောက်ခွင့်ရပြီ၊ စောင့်ရှောက်ခွင့်ရပြီ၊ ကူညီခွင့်ရပြီဆိုပြီး အားပေးသင့်လှပေသည်။ထိုအခါ စစ်အစိုးရက ဖိနှိပ်လေလေ ရဲဘော်များက ဆန့်ကျင်လေလေ၊ ဒဏ်ခတ်ခံရလေလေ၊ ပြည်သူက ချီးမြှောက်ခွင့်၊ စောင့်ရှောက်ခွင့် ရလေလေ ဖြစ်နေရပေမည်။ဆရာမင်းသုဝဏ်၏ ဖိုးမောင်ကဗျာ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ခွပ်ဒေါင်း လေးချိုးတို့သည် ဤဇာနည်ရဲဘော်များကို ဥဒါန်းတွင်အောင် စာပေဖြင့် ချီးမြှောက်ခဲ့ကြခြင်းဖြစ်ပေသည်။ယခု ပြည်သူတို့ မိမိတို့၏ တော်လှန်ရေးရဲဘော်များကို မည်သို့ သဘောထားနေကြပါသနည်း။ မည်သို့ ချီးမြှောက်နေကြပါသနည်း။ မြန်မာကဗျာဆရာတို့ ဘာတွေရေးဖွဲ့နေကြပါသနည်း။ မှိုင်းရာပြည့်၊ ၀ဏ်ရာပြည့်၊ လုပ်နေကြပါလျက် အဘယ်ကြောင့် မှိုင်းတို့၊ ၀ဏ်တို့လို ပြည်သူ့သားကောင်းများအကြောင်း မဖွဲ့ဆိုနိုင်ကြပါသနည်း။ မဂ္ဂဇင်းထဲ ပါဖို့မလို၊ ပြည်သူထဲ ပျံ့နှံ့ဖို့လိုသည်။ သို့မှသာ သားကောင်းဇာနည် တော်လှန်ကဗျာသည် ကမ္ဘာချီပေလိမ့်မည်။ ကဗျာဆရာတို့ စဉ်းစားကြပါကုန်။ ရဲဘော်များအတွက် လိုအပ်လှသော စိတ်ဓာတ်ခွန်အားနှင့် ပြည်သူ့မေတ္တာရေစင်သည် တောင်ကိုလည်း ထွင်းနိုင်၏။ ဓားသွားပေါ်လည်း လျှောက်နိုင်၏။ ဤမျှထိ တန်ခိုးကြီးလှသည်။ပြည်သူ့တာဝန်က ဘာပါလိမ့်။ တိုင်းပြည်၏ အဖိနှိပ်ခံ သားကောင်းတို့ကို စစ်အစိုးရက ထောင်ဆုချီးမြှင့်လျှင် ပြည်သူကကော ဘာဆုချီးမြှင့်မည်နည်း။ အပယ်ခံဆုလော။ထောင်ကျအကျဉ်းသား၊ လူပုဂ္ဂိုလ်၊ ရဟန်းသံဃာတို့ကို အားတက်စေမည့် မည်သည့်အပြုအမူတို့ကို လုပ်ကြမည်နည်း။နယ်ဝေးထောင်ကိုပို့လျှင် မည်မျှပင်ဝေးပါစေ ထိုနယ်တို့ရှိ နယ်ခံလူထုတို့က ကိုယ့်ဆီရောက်လာသော ကိုယ့်သားကောင်းများကို ပြုစုစောင့်ရှောက်ခွင့် မရပြီလော။ မကူညီသင့်ပြီလော။ ၎င်းတို့၏ မိသားစုများကို မစောင့်ရှောက်သင့်ပြီလော။ အ၀တ်အထည်၊ စားစရာ၊ အိပ်ရာ၊ နေရာ၊ သွားရေးလာရေးတို့ကို နယ်ခံလူထုတို့ မကူညီသင့်ပြီလော။ ငွေကြေးမတတ်နိုင်စေကာမူ စိတ်ဓာတ်ဖြင့် အားမပေးသင့်မည်လော။ ဤကမ္ဘာတွင် ကိုယ်နှင့်မဆိုင်ပါဘဲလျက် ကိုယ့်တာဝန်၊ ကိုယ့်အသိဖြင့် အဖွဲ့အစည်းများ ဖွဲ့စည်းကာ နယ်ပယ်အသီးသီးတွင် ပရဟိတ လုပ်ဆောင်နေကြသော လူသားများကို အလွန်လေးစားဖွယ် ကောင်းလှသည်။ ယခုလည်း စစ်အစိုးရ နှိပ်စက်သမျှ အကျဉ်းသားများကို အသင်းဖွဲ့၍ ကူညီနေကြသော ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာပုဂ္ဂိုလ်များ၊ အေအေပီပီ ခေါ် အကျဉ်းသားများကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းထာသော အဖွဲ့များကို အတုယူစရာ ကောင်းလှပေသည်။ ၎င်းတို့ကို နမူနာယူ၍ ကိုယ့်နယ်၊ ကိုယ့်ဒေသတွင် ကိုယ်စွမ်းသလောက် စုစည်းပြီး အဆက်အသွယ်များ ရယူကာ အနှိပ်စက်ခံ ရဲဘော်တို့ကို ကူညီစောင့်ရှောက်သင့်လှသည်။ အတွေ့အကြုံရှိပြီးသား ထိုပရဟိတ အဖွဲ့အစည်း များကလည်း ထိုသို့ ဖွဲ့စည်းရန် နည်းပေးလမ်းပြ ပြုလုပ်သင့်သည်။ သို့မှသာ ထိထိရောက်ရောက်ရှိပေလိမ့်မည်။ အဖွဲ့အစည်းများ နယ်ပယ်အသီးသီးတွင် အဆင့်ဆင့်ဖွဲ့စည်းပြီး စည်းစနစ်ကျနစွာဖြင့် ထိရောက်သော အကူအညီများ ပေးအပ်နိုင်ကြမည်ဆိုလျှင် တိုက်ပွဲဝင် ရဲဘော်တို့၏ စိတ်ထဲ ဘယ်နေရာရောက်ရောက် ပြည်သူ၏ အားဖြင့် စစ်တပ်က နှိပ်စက်သမျှကို ရင်ကော့ခံနိုင်ကြပေလိမ့်မည်။ ပြည်တွင်းရှိ အလွှာအသီးသီးမှ ပြည်သူများ၊ ပြည်တွင်းပြည်ပမီဒီယာများက အကျဉ်းသားတို့အတွက် အကောင်းဆုံး အတတ်နိုင်ဆုံး၊ လုပ်ဆောင်ပေးရပေလိမ့်မည်။ သို့မှသာ တချိန်တွင် ဒီမိုကရေစီကို မျက်မှောက်ပြုနိုင်လာလျှင် ကိုယ့်ရဲဘော် ကိုယ့်ခေါင်းဆောင်များကို စောင့်ရှောက်ခွင့် ရလိုက်ဖူးသည့်အတွက် မမေ့နိုင်သော ပီတိကို ခံစားကြရပေလိမ့်မည်။ သခင်စိုးမောင်က ဗိုလ်ချုပ်အောင်ဆန်းမဖြစ်မီ၊ သခင်အောင်ဆန်းဘ၀က အင်္ဂလိပ်ရန်မှ တိမ်းရှောင်နေစဉ်အတွင်း ထမင်းကျွေးခဲ့ဖူးသည်။ ပြေးဆဲ၊ လွှားဆဲဘ၀က ရဲဘော်အောင်ဆန်း။ ဤသည်ကို သားစဉ်မြေးဆက် ပြောလို့မဆုံး၊ ဂုဏ်ယူမဆုံး ဖြစ်ခဲ့သည်။ သည်လိုပဲ စောင့်ရှောက်ခဲ့ကြဖူးသည့် လူများစွာ ရှိခဲ့ကြပေလိမ့်မည်။ ၀မ်းသာမဆုံး၊ ဂုဏ်ယူမဆုံးသော လူထု၏ ပီတိများ။ ဤသည်ကပင် ကိုယ်စွမ်းသမျှ တာဝန်ကျေခဲ့ကြသော ပြည်သူ၏ တန်ဖိုး၊ ဂုဏ်သိက္ခာမဟုတ်ပါလော။ တလောကပင် သခင်သိန်းဖေက သခင်အောင်ဆန်း အပါအ၀င် ရဲဘော်များကို ဒို့ဗမာအစည်းအရုံး ကာလအတွင်း ကျွေးခဲ့မွေးခဲ့ဖူးသည်များကို မှတ်မှတ်ရရ ပြန်ပြောနေဆဲ၊ ပီတိကို ခံစားနေရဆဲ။ သည်အကြောင်းကို ယခုနှစ်ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ၀မ်းသာအားရ ပြန်ပြောပြသည်။ အလွန်ချစ်စရာကောင်းသော ညီအကိုစိတ်ဓာတ်ပင်။ တော်လှန်ရဲဘော်တို့အတွက် အုတ်တချပ်၊ သဲတပွင့်၊ ဖြစ်ကြပါစို့။ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဆရာမင်းသုဝဏ်တို့၏ ပြည်ချစ်စိတ်ဓာတ်နှင့် သားကောင်းရဲဘော်များကို ဂုဏ်ပြုတတ်သည့် စာဆိုစိတ်ဓာတ်ကို အောက်ပါကဗျာဖြင့် ရေးဖွဲ့ပူဇော်ပါသည်။
ကောင်းကျိုးအထွေထွေ ချွန်စေ မြစေသော်ဝ်ဒေါင်းအိုးဝေတို့ တွန်စေကစေသော်ဝ်တို့ရွာသူရဲကောင်း ကိုဖိုးမောင်သမိုင်းတွင်သည့် သူ့ဂုဏ်ရောင် သည်စာသည် ကဗျာရေးသူများကိုဖြင့်အလေးအဆင့်ဆင့်ပြုလိုက်ပါ၏။ သူတို့ကျေးဇူး စာအထူးထူးကြောင့်ကိုယ့်ရဲဘော် ကိုယ့်ပြည်သားဇာနည်များရဲ့ ရာဇ၀င်နှုတ်တွင်အစဉ်စွဲပါ၏။အသည်းတွင် အစဉ်မြဲပါ၏။ ဒီမိုကရေစီတောင်းဆိုသည့်တိုက်ပွဲအဆုံးတိုင် ညီညီမြဲပါလို့မာန်သွင်းကာ ဘာမထီရဲဘော်တို့ရဲကြသည် မြန်မာပီပီဒီလိုမှ သားကောင်း မောင်းခတ်နိုင်မည်။ သူ့အမည် သူ့အကြောင်းကိုဖြင့်တို့ရင်မှာ ဘယ်မမေ့နိုင်ဘူးစွဲခတ်လိုက်ပြီ။ မျက်ရည်ကကျဆဲနောက်လူတွေ ဂုဏ်ယူကြစရာပေါ့သမိုင်းစဉ် ဥဒါန်းတွင်အောင်လို့စာပြောင်ပြောင်ရာဇ၀င်ထွင်းခဲ့မယ်(အမေရေ) ငါတို့ရဲ့ ဒေါင်းမျိုးနွယ်ဖွား။ ကဗျာနာမည်ကိုတော့ " ရဲရင့်ဇာနည်" လို့ ပေးထားပါတယ်။ နောက်ကဗျာတပုဒ်ကတော့ အစိုးရထောင်ထဲက ပြည်သူ့အကျဉ်းသား အကြောင်းပါ။ ခေါင်းစဉ်က " ပြည်သူ့အကျဉ်းသား " ပါ။ ငါတို့ပြည်တွင်နှစ်ရှည်လများဗိုလ်ကျထားသည့်ငမိုက်သားတသိုက်ရှိလေသည်။ ထိုလူတသိုက်စရိုက်ညစ်ဆိုးအမျိုးဂုဏ်လည်း ချိုးခဲ့ပြီ။ ထိုလူတသိုက်ကံကြီးထိုက်၍သံဃာကိုလည် သတ်ခဲ့ပြီ။ ထိုလူတသိုက်မောဟမိုက်ဖြင့်ပြည်သူကိုလည်း ရိုက်ခဲ့ပြီ။ ငါတို့ဇာနည်ဘာမထီတို့လည်းရင်နှင့်ဆီးခံအမြဲအံတုမမှုခဲ့ပြီ။ ငါတို့သမိုင်းမရိုင်းကြအောင်ဇာနည်မော်များရဲဘော်များကိုဝိုင်းလို့ကူညီကြရမည်။ ငါတို့သမိုင်းမရိုင်းရအောင်စုကာရုံးကာညီညာစွာဖြင့်သင်းပင်းဖွဲ့စည်းအနည်းနည်းဖြင့်ထောင်နီးထောင်ဝေးပြေးလွှားရောက်လာရင်ဆို့ရှာသည့်ရဲဘော်အမိကို ကူရမည်။ရဲဘော်အမကို ကူရမည်။ရဲဘော်ညီဘွား နောင်တော်များလည်း ကူရမည်။ရဲဘော်မယား သမီးသားလည်း ကူရမည်။ရဲဘော်အမျိုး တို့အမျိုးလည်း ကူရမည်။ အကျဉ်းစခန်းသူညှဉ်းပမ်း၍နွမ်းခွေလဲကျဇာနည်လှကိုအားအင်ပြည့်ဖြိုးစိတ်ဓာတ်တိုးအောင်ပြည်သူ့မေတ္တာကရုဏာဖြင့်ရေစင်ပက်ဖျန်းရွှင်လန်းစေမည်။ ရဲဘော်တောင့်ထားပျော့မသွားနှင့်ရဲဘော်နောက်ကတို့ရှိကြသည်အားကူညီကြ ရိုင်းပင်းကြ။ ဤသို့မှသာအမှောင်တိုက်တွင်းစိတ်ဓာတ်ပြင်းသည့်ဇာနည်ရဲဘော်စက်လို့ပျော်လိမ့်ဘ၀င်လည်းကျခံစားသမျှသည်ထိုက်တန်ပေ၏ တန်ပေ၏။ စွန့်သင့်ပေ၏ သင့်ပေ၏ဟုဝမ်းမြောက်ဝမ်းသာ ရှိရှာမည်။ ပြည်သူလူထုဤသို့ပြုမှပြည်သူ့အကျဉ်းသားပြည်ချစ်သားကိုတန်ဖိုးထားရာ ရောက်ပေမည်။ ရဲဘော်နှင့်ပြည်သူအစဉ်သွေးတူမှတိုင်းပြည်နှိပ်စက်စစ်သဘက်တို့ခွေးပြေးဝက်ပြေး ပြေးလိမ့်မည်။ ငါတို့ညီညာရှိကြပါလေ မျှကြစေ။ တိုင်းဖွဲ့ပြည်ဖွဲ့ကဗျာတွေ၊ ရဲဘော်တွေအတွက် ခွန်အားရှိမယ့် အလုပ်တွေ လုပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
Tuesday, February 17, 2009
ကနေ့ ပြည်တွင်းနိုင်ငံရေးအကျဉ်းသား ဘဝ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
February
(379)
- အမိမြေ
- ဟီးဟီး နိုင်တော့ကော..တကယ်အာဏာ ပေးမလား အရင်မေးပြီး...
- “ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်...
- Myanmar's refugees struggle for asylum - 28 Feb 2009
- တရုပ်လုပ်သေနတ်နဲ့ အပါးဝတဲ့ နအဖတပ်မတော်
- ကြည့် သာယုံ..ဘယ်သူက..အကောင်..ဘယ်သူကအချောင်
- သူ့ သား ကိုယ့်သား ဘယ်သွားသွားမှမလုံခြုံတဲ့ နိုင်ငံ
- တော်လှန်ရေးမှာ..လိုအပ်တဲ့ အရာ
- အလင်းရနံ့ ဂျာနယ် ဖေဖော်ဝါရီ ၂၀၀၉
- ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြ...
- ၾကားၾကားသမ်ွ ေ၀ေနယ်...
- ဖေဖော်ဝါရီ ၂၆ ၂၀၀၉ သတင်း
- ကဲ လူမဆန်ချင်ဦးလေ..နောက်ဆုံးတော့...ဒီလိုဖြစ်မယ်..
- လှေစီးပြေး ရိုဟင်ဂျာ( သို့ ) ဘင်္ဂါလီ တွေ မြန်မာနိုင...
- စစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်နိုင်ရန် နာဂစ်မုန...
- ရန်ကုန်သားတွေ ၂၄ နာရီလုံ့း  အမှောင်ထဲ မှာ နေရတော့မ...
- ဒီဇယ်ဆီ အံ့မခန်း ကျဆင်းပြန်၊ တစ်ဂါလန် ၁၅၀၀ ကျပ်ရောက်
- မျောနေပြီ..မျောနေပြီ
- နိဗ္ဗါန်ယဉ်မလိုတဲ့ အသုဘတွေ
- ရခိုင်.သတင်းစာ ဖေဖော်ဝါရီ ၂၀၀၉
- ၈၈၈၈ သတင်းစာစောင် မတ်လ..၂၀၀၉
- နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ...
- သူ့  ပထွေးပစ္စည်း ကျနေတာဘဲ ရောင်းစားနေကြတာ
- ကျောင်းသားဆိုတာ နိုင်ငံရေးသမိုင်းရဲ့သော့ချက်
- ဘာမှတ်လဲ မြန်မာကွ ဒီလိုနာမည်ကြီးတာ
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်
- Rohingyas in japan Demonstrating infront of Burma ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်း...
- တပ်တွင်းပုန်ကန်မှု
- ပြောင်းချင်တယ်ဆို လွယ်ပါတယ်...
- ပထွေးမြှောက်လို့  အပါးဝနေတဲ့ လူတွေ..
- သတ်ပစ်မလား..သင်းပစ်မလား..ဒုက္ခပါဘဲ
- နိုင်ဟံသာ (မွန်ပြည်သစ်ပါတီရဲ့ ထူးခြားထက်မြက်တဲ့ခေါ...
- လိမ်ပုံများကတော့ ဒီလိုကို သတင်းစာထဲထည့်ပြီးလိမ်တာ
- လှောင်ချိုင့်ထဲကလူ
- မီးမပေးဘဲ..မီတာခယူတာ..ရှက်ဖူးလား
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်
- UN Chief Urges the Regime to Release All Political...
- ရှင်သန်အောင် ကြိုးစားခြင်း
- စာပေဟောပြောပွဲ
- တရားအလှူ
- မဲဆောက်မြို့တွင် ဖမ်းဆီးမှု စတင် ၊ တရားမ၀င်သူ ၆၀၀ေ...
- DVBtelevisionသတင်း
- မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည...
- စိန်လိုချင်လို့ ..လူကို သတ်တဲ့ လူယုတ်တွေ..
- ကမ္ဘာ့အဆင့်မီ ပညာတတ်များရဲ့ မြန်မာပြည်က ကမ္ဘာ့အဆင့်မ...
- မုန်တိုင်းထဲက ရှိုက်သံများ.
- ကြံဖွတ် နဲ့ သူငယ်ချင်း မလုပ်ချင်..
- လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့...
- သံဃာဥသျှောင်၏ကျေညာချက် (၂။၂၅။၂၀၀၉)
-့ မပြောမရှိနဲ့ ..ကာလနာတိုက်နေတဲ့ စိန်တွေ..
- အရပ်က လည်းခဲနဲပေါက်ချင်လှုပြီ။
- မြန်မာပြည် လူ့အခွင့်အရေးကို စိန်ခေါ်ခြင်း (မစ္စတာ ကွ...
- ခမရ ၂၃၄ ခွေးပါးဝနေတယ်
- ဘင်္ဂလာနယ်စပ် အနီးရှိ ကျေးရွာပေါင်း ၂၇ ရွာတွင် ပြည်သ...
- ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင...
- ငွေ ၅၀၀ တန် အတု နှင့်ပတ်သက်၍
- မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ
- ငွေပေါတဲ့ သူတွေ အတွက် ကျမ်းမာရေးဝန်ဆောင်မှု
- ရေ တောင် ကုန်နေတဲ့ ရန်ကုန်
- “အန္တရာယ်ကို သတိပြုပါ” တဲ့ အောင်သောင်းကတော့ ပြောနေပြီ
- ကြပ်ပြေးအရှုပ်တော်ပုံ ဆောင်းပါးများ (၁၁ -၁၈)
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်PART 2
- Japan news agency awards jailed Burmese female rep...
- လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ...
- အမှားပြင်ဆင်ချက်..
- ဘယ်သွားသွား မလုံခြုံတဲ့ မြန်မာအမျိုးသမီးဘဝ
- Media Statement – for immediate release24 February...
- UDP ကို....မဲသွားမထည့်နဲ့ မွဲသွားမယ်..
- လူတိုင်းပြောနေကြပြီ..မတရားဖမ်းတဲ့ လူယုတ်မြန်မာစစ်အ...
- ဒုံရင်း..ဒုံရင်းဘဲ အထဲထဲမှာ..
- ဆိုက်ကားသမားတွေ ကိုဒသျှို လုပ်ခိုင်းနေခြင်း..
- အကုန်လွှတ်မလား...မလွှတ်ဖူးလား..(ရာဇသံ)
- Inside the Kachin Independendence Army
- ကောင်းရာသုဂတိလားပါစေ။ ဒေါက်တာလှိုင်နီ
- ဗေဒင်..နက္ခတ်...မင်းဆက်ပြတ်ချိန်..........
- ၀ ခေါင်းဆောင်တွေ မြန်မာစစ်တပ်ကို မူးယစ်ဆေးရောင်းရေ...
- မိမိတို့ ကိုယ်တိုင်ကြိုးစားယူရန်မှတပါးအခြားမရှိပြီ
- နယ်စပ်ဖြတ်ကျော် တောမီးအား တရုတ်မှ လူအင်အား ၂၅၀၀ ကေ...
- လက်ချင်းချည်ကာ ညီတဲ့ အာဆီယံ.. :)
- ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်မြန်မာနိုင်ငံရေးအကျဉ်းသာ...
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်
- Naypyidaw, the new capital of Myanmar(ミャンマー新首都ネピドー)
- ရန်တိုက်ပေးလို့မရတော့ အချင်းချင်း ချတော့မယ်
- ချင်းတို့ ၏အသံ
- ဟစ်ဟော့ ကိုမတိုက်ခင် နအဖကို အရင်တိုက်ပါ
- Black Device ကိုသတိထားပါ။
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထော...
- နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံ...
- တရားမဝင်နည်းဖြင့်ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများေ...
- (၆၁) နှစ်မြောက် ချင်းအမျိုးသားနေ့ 
- လူ့ လူချင်းစာနာ ထောက်ထားပါ။
- NLD (LA( Japan Branch) INVITATION
- ခင်ဗျားတို့ သားသမီး၊မြေး ချင်းကိုယ်ချင်းမစာ အောက်တ...
- ပဒိုမန်းရှာကို ဘယ်သူသတ်သလဲ
- ဖေဖေါ်ဝါရီ လ ၂၁ရက် ၂၀၀၉ သတင်းများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အထူးကြေငြာချက်အမှတ် ၃
- ဒုက္ခနဲ့ ဘ၀များ
- ဂုဏ်ယူပါတယ် မအိမ့်ခိုင်ဦး
-
▼
February
(379)
No comments:
Post a Comment