ကင်တားနားနဲ့တွေ့ရန် ဦးဝင်းတင် ငြင်းဆန်
19 February 2009
မစ္စတာကင်တားနားက သူ မပြန်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်တဦးလည်းဖြစ်၊ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်တဲ့သတင်းစာဆရာကြီး ဦးဝင်းတင်ကို တွေ့ဆုံချင်ပါတယ်ဆိုပြီး ဒီနေ့ညနေပိုင်းမှာ မြန်မာအာဏာပိုင်တွေက သွားခေါ်ပေမယ့် ဦးဝင်းတင်က ငြင်းလိုက်ပါတယ်။ ဘာကြောင့်အခုလို လူ့အခွင့်အရေးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ငြင်းလိုက်သလဲဆိုတာကို မသင်းသီရိက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးဝင်းတင်က အခုလိုစဖြေပါတယ်။
“မစ္စတာကင်တားနားနဲ့တွေ့ဖို့ ရေတွေဘာတွေ ချိုးထားပါ၊ စိမ်းလဲ့ကန်သာမှာ သွားတွေ့ရမယ်၊ လာခေါ်တော့မယ်လို့ ပြောတယ်။ ကျနော်က ပြောလိုက်တယ်၊ ကျနော်ရေလည်းမချိုးနိုင်ဘူး၊ တွေ့လည်းမတွေ့နိုင်ဘူး၊ တွေ့ဖို့လည်းမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ခေါ်တိုင်း ကျနော် ဘယ်လိုက်နိုင်မလဲ။ ကျနော့်အဖွဲ့ချုပ်ကသိသလား၊ အဖွဲ့ချုပ်က စီအီးစီကို ဖိတ်ရဲ့လား၊ နောက် အခုတွေ့တာ ဘယ်ပုံစံနဲ့တွေ့တာလဲ၊ ခင်ဗျားတို့က ဘာလို့ ကျုပ်ကို လာခေါ်ရတာလဲဆိုတော့ မဟုတ်ပါဘူးတဲ့၊ မစ္စတာကင်တားနားက ကျနော့်ကို ပုဂ္ဂိုလ်ရေးအရ တွေ့ချင်တယ်တဲ့၊ အန်န်အယ်လ်ဒီတို့ ဘာတို့မဖိတ်ပါဘူးတဲ့၊ အဲဒါနဲ့ ကျနော် ငြင်းလိုက်တယ်။ မတွေ့နိုင်ဘူး၊ ကျနော် တွေ့ဖို့လည်းရည်ရွယ်ချက်မရှိဘူးလို့ ပြောလိုက်တယ်။ အဲဒါပါပဲ။”
“ကျနော် လက်ခံမတွေ့တာက အစိုးရလုပ်လို့ ဘာတို့ မဟုတ်ဘူးခင်ဗျ။ နည်းလမ်းတကျမလုပ်လို့။ နည်းလမ်းတကျမလုပ်ဘဲနဲ့ ကျနော့်ကိုဖဲ့ထုတ်ပြီးတော့ တယောက်တည်းလာပြီး ခေါ်တွေ့ဖို့ အစိုးရက စီစဉ်ပေးတယ် ဆိုတာမျိုးကို လက်မခံနိုင်ဘူး။ လက်မခံနိုင်တဲ့အတွက် ကျနော် ငြင်းလိုက်တာ။”
အခုလိုဆိုတော့ စစ်အစိုးရက ဖဲ့ထုတ်ပေးတာမဟုတ်ဘဲနဲ့ မစ္စတာကင်တားနားကိုယ်တိုင် ဆရာ့ကို သီးသန့် ပုဂ္ဂိုလ်ရေးအရ တွေ့ချင်တာမျိုးလို့ရော ယူဆလို့မရဘူးလား။
“ယူဆမယ်ဆိုလည်း ယူဆနိုင်တာပေါ့ဗျာ။ ဒါပေမယ့် လာတဲ့ချန်နယ်က ဘယ်ကလာလဲဆိုတာတော့ တည်တာပေါ့ဗျာ။ လာတဲ့ချန်နယ်က အစိုးရက စီစဉ်ပေးတဲ့ အစီအမံအတိုင်းပဲ သူလုပ်ရမယ်။ ဆိုလိုတာက သူ့ခရီးစဉ် တလျှောက်လုံးတောင်မှ အစိုးရရဲ့အစီအမံနဲ့ ဟိုသွား၊ ဒီသွား၊ ဟိုလူတွေ့၊ ဒီလူတွေ့၊ ဆိုတဲ့အတိုင်းပဲ လုပ်သွားတဲ့ဟာမှာသူက ကျနော့်ကို ပုဂ္ဂိုလ်ရေးအရ တွေ့ချင်တဲ့သဘော ရှိကောင်းရှိမယ်။ သို့သော်အစိုးရရဲ့ ဟိုဟာလုပ်၊ ဒီဟာလုပ်၊ ဟိုလူ့ခေါ်၊ ဒီလူ့ခေါ် ဆိုတာမျိုးကို ကျနော် သူ့အတွက်လည်း လက်မခံနိုင်ဘူး၊ သူ့ခရီးစဉ်မှာ အဲဒီလိုစီမံတာလည်း လက်မခံနိုင်ဘူး၊အလားတူပဲ ကျနော့်အနေနဲ့လည်း ဒီလိုဟာမျိုးကို လက်မခံနိုင်ဘူး။ ပုဂ္ဂိုလ်အရရော၊အဖွဲ့အစည်းဝင် တယောက်အနေနဲ့ရော လက်မခံနိုင်တဲ့အတွက် ကျနော် ငြင်းလိုက်တာဖြစ်ပါတယ်။”
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဆရာဦးဝင်းတင်ကို သီးသန့်တွေ့ဖို့ ဖိတ်တဲ့အခါ ဆရာ့အနေနဲ့ အခုလို သွားမတွေ့လိုက်တာဟာ တိုင်းပြည်အတွက်နစ်နာတယ်လို့ ဆရာ မထင်ဘူးလားရှင့်။
“မထင်ပါဘူး။ လုပ်ငန်းတခုဆိုတာ ပုံမှန်၊ နည်းမှန် လုပ်မှသာလျှင် ဖြစ်မှာပေါ့။ ဥပမာကျနော်က ကင်တားနားနဲ့ သွားပြီး လက်ဝါးချင်းရိုက်နေလို့ တိုင်းပြည်မှာ ဘာအကျိုးရှိမှာလဲ၊ ဘာမှမရှိနိုင်ဘူး။ ကင်တားနားနဲ့ သွားပြီး လက်ဝါးချင်း မရိုက်တဲ့အတွက်ရောတိုင်းပြည်မှာ ဘာအကျိုးယုတ်စရာရှိလဲ၊ ဘာမှမရှိဘူး။ အလုပ်တခုက နည်းမှန်၊လမ်းမှန်၊ စနစ်မှန်နဲ့ လုပ်မှသာလျှင် အကျိုးဖြစ်ထွန်းမှုဆိုတာ ရှိနိုင်တာပေါ့။ ဒီဟာတွေမရှိဘဲနဲ့ နှစ်ယောက်ချင်းကိစ္စ၊ သုံးယောက်ချင်းကိစ္စ လုပ်လို့ ဘယ်ရမလဲ။
“အမှန်အတိုင်းပြောရရင် ဒီလူ့အခွင့်အရေးကိစ္စကို ဖြေရှင်းတဲ့နေရာမှာ ကုလသမဂ္ဂကမစ္စတာကင်တားနား အရေးကြီးသလိုပဲ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ နအဖအစိုးရလည်း အရေးကြီးတယ်ဗျာ။ နောက်တခါ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန်းကရပ်ပါ၊ တော်ပါတော့၊ ပြုပြင်ပါတော့၊ ပိတ်ပင်ပါတော့၊ရပ်စဲပါတော့လို့ တောင်းဆိုနေတဲ့ အန်န်အယ်လ်ဒီလို နိုင်ငံရေးအင်အားစုကလည်းအရေးကြီးပါတယ်။ အဲလို သုံးဦးသုံးဖလှယ် အရေးကြီးနေတဲ့နေရာမှာ ကျနော်တယောက်တည်း ၀င်ပြီးပြောလို့တော့ ဘာမှမထူးနိုင်ဘူးလို့ ကျနော်ယူဆတယ်။အဲဒါကြောင့် ကျနော်က ငြင်းလိုက်တာ။
“ကျနော်ပြောချင်တာက မြန်မာပြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အလွန်ကြီးမား၊ ပြင်းထန်၊ ဆိုးသွမ်း၊ ရက်စက်ကြမ်းကြုတ်နေတဲ့အတွက် ဘာနဲ့တူသလဲဆိုရင်ငရဲခန်းကြီးလိုပဲ ဖြစ်နေတယ်။ အဲဒါကြောင့် ခင်ဗျားတို့တွေ နောင်ကို လာတဲ့အခါမှာဟိန္ဒူကုလားမီးနင်းပွဲလာသလို လာပြီးတော့ မီးပေါ် လမ်းလျှောက်ကြည့်သလိုလျှောက်တာမျိုး မလုပ်ပါနဲ့။ ခင်ဗျားတို့ ဆီပူလောင်တာပဲ အဖတ်တင်မှာပဲ။ ဘာမှမထူးဘူး။ လာမယ့်လာရင် မီးသတ်သမားပုံစံနဲ့ လာကြပါ။ မီးသတ်သမားတွေလို လာကြပါ။မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှု လောင်မီးကြီးကျနေတာကို ၀ိုင်းဝန်းငြှိမ်းသတ်ကြပါလို့ ကျနော်ပြောချင်ပါတယ်၊ မေတ္တာရပ်ခံချင်ပါတယ်၊ တောင်းပန်ချင်ပါတယ်၊ ပန်ကြားချင်ပါတယ်။”
လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားနဲ့ တွေ့ဆုံဖို့ ငြင်းလိုက်တဲ့ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/2009-02-19-voa6.cfm
Thursday, February 19, 2009
ခေါင်းဆောင်ကောင်းဆိုတာ..အတွေးအခေါ်၊အလုပ်အကိုင်၊အပြောအဆို..ရှင်းတယ်၊ပြတ်တယ်၊အဓိပ္ပါယ်ရှိတယ်....
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
February
(379)
- အမိမြေ
- ဟီးဟီး နိုင်တော့ကော..တကယ်အာဏာ ပေးမလား အရင်မေးပြီး...
- “ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်...
- Myanmar's refugees struggle for asylum - 28 Feb 2009
- တရုပ်လုပ်သေနတ်နဲ့ အပါးဝတဲ့ နအဖတပ်မတော်
- ကြည့် သာယုံ..ဘယ်သူက..အကောင်..ဘယ်သူကအချောင်
- သူ့ သား ကိုယ့်သား ဘယ်သွားသွားမှမလုံခြုံတဲ့ နိုင်ငံ
- တော်လှန်ရေးမှာ..လိုအပ်တဲ့ အရာ
- အလင်းရနံ့ ဂျာနယ် ဖေဖော်ဝါရီ ၂၀၀၉
- ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြ...
- ၾကားၾကားသမ်ွ ေ၀ေနယ်...
- ဖေဖော်ဝါရီ ၂၆ ၂၀၀၉ သတင်း
- ကဲ လူမဆန်ချင်ဦးလေ..နောက်ဆုံးတော့...ဒီလိုဖြစ်မယ်..
- လှေစီးပြေး ရိုဟင်ဂျာ( သို့ ) ဘင်္ဂါလီ တွေ မြန်မာနိုင...
- စစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်နိုင်ရန် နာဂစ်မုန...
- ရန်ကုန်သားတွေ ၂၄ နာရီလုံ့း  အမှောင်ထဲ မှာ နေရတော့မ...
- ဒီဇယ်ဆီ အံ့မခန်း ကျဆင်းပြန်၊ တစ်ဂါလန် ၁၅၀၀ ကျပ်ရောက်
- မျောနေပြီ..မျောနေပြီ
- နိဗ္ဗါန်ယဉ်မလိုတဲ့ အသုဘတွေ
- ရခိုင်.သတင်းစာ ဖေဖော်ဝါရီ ၂၀၀၉
- ၈၈၈၈ သတင်းစာစောင် မတ်လ..၂၀၀၉
- နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ...
- သူ့  ပထွေးပစ္စည်း ကျနေတာဘဲ ရောင်းစားနေကြတာ
- ကျောင်းသားဆိုတာ နိုင်ငံရေးသမိုင်းရဲ့သော့ချက်
- ဘာမှတ်လဲ မြန်မာကွ ဒီလိုနာမည်ကြီးတာ
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်
- Rohingyas in japan Demonstrating infront of Burma ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်း...
- တပ်တွင်းပုန်ကန်မှု
- ပြောင်းချင်တယ်ဆို လွယ်ပါတယ်...
- ပထွေးမြှောက်လို့  အပါးဝနေတဲ့ လူတွေ..
- သတ်ပစ်မလား..သင်းပစ်မလား..ဒုက္ခပါဘဲ
- နိုင်ဟံသာ (မွန်ပြည်သစ်ပါတီရဲ့ ထူးခြားထက်မြက်တဲ့ခေါ...
- လိမ်ပုံများကတော့ ဒီလိုကို သတင်းစာထဲထည့်ပြီးလိမ်တာ
- လှောင်ချိုင့်ထဲကလူ
- မီးမပေးဘဲ..မီတာခယူတာ..ရှက်ဖူးလား
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်
- UN Chief Urges the Regime to Release All Political...
- ရှင်သန်အောင် ကြိုးစားခြင်း
- စာပေဟောပြောပွဲ
- တရားအလှူ
- မဲဆောက်မြို့တွင် ဖမ်းဆီးမှု စတင် ၊ တရားမ၀င်သူ ၆၀၀ေ...
- DVBtelevisionသတင်း
- မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည...
- စိန်လိုချင်လို့ ..လူကို သတ်တဲ့ လူယုတ်တွေ..
- ကမ္ဘာ့အဆင့်မီ ပညာတတ်များရဲ့ မြန်မာပြည်က ကမ္ဘာ့အဆင့်မ...
- မုန်တိုင်းထဲက ရှိုက်သံများ.
- ကြံဖွတ် နဲ့ သူငယ်ချင်း မလုပ်ချင်..
- လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့...
- သံဃာဥသျှောင်၏ကျေညာချက် (၂။၂၅။၂၀၀၉)
-့ မပြောမရှိနဲ့ ..ကာလနာတိုက်နေတဲ့ စိန်တွေ..
- အရပ်က လည်းခဲနဲပေါက်ချင်လှုပြီ။
- မြန်မာပြည် လူ့အခွင့်အရေးကို စိန်ခေါ်ခြင်း (မစ္စတာ ကွ...
- ခမရ ၂၃၄ ခွေးပါးဝနေတယ်
- ဘင်္ဂလာနယ်စပ် အနီးရှိ ကျေးရွာပေါင်း ၂၇ ရွာတွင် ပြည်သ...
- ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင...
- ငွေ ၅၀၀ တန် အတု နှင့်ပတ်သက်၍
- မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ
- ငွေပေါတဲ့ သူတွေ အတွက် ကျမ်းမာရေးဝန်ဆောင်မှု
- ရေ တောင် ကုန်နေတဲ့ ရန်ကုန်
- “အန္တရာယ်ကို သတိပြုပါ” တဲ့ အောင်သောင်းကတော့ ပြောနေပြီ
- ကြပ်ပြေးအရှုပ်တော်ပုံ ဆောင်းပါးများ (၁၁ -၁၈)
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်PART 2
- Japan news agency awards jailed Burmese female rep...
- လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ...
- အမှားပြင်ဆင်ချက်..
- ဘယ်သွားသွား မလုံခြုံတဲ့ မြန်မာအမျိုးသမီးဘဝ
- Media Statement – for immediate release24 February...
- UDP ကို....မဲသွားမထည့်နဲ့ မွဲသွားမယ်..
- လူတိုင်းပြောနေကြပြီ..မတရားဖမ်းတဲ့ လူယုတ်မြန်မာစစ်အ...
- ဒုံရင်း..ဒုံရင်းဘဲ အထဲထဲမှာ..
- ဆိုက်ကားသမားတွေ ကိုဒသျှို လုပ်ခိုင်းနေခြင်း..
- အကုန်လွှတ်မလား...မလွှတ်ဖူးလား..(ရာဇသံ)
- Inside the Kachin Independendence Army
- ကောင်းရာသုဂတိလားပါစေ။ ဒေါက်တာလှိုင်နီ
- ဗေဒင်..နက္ခတ်...မင်းဆက်ပြတ်ချိန်..........
- ၀ ခေါင်းဆောင်တွေ မြန်မာစစ်တပ်ကို မူးယစ်ဆေးရောင်းရေ...
- မိမိတို့ ကိုယ်တိုင်ကြိုးစားယူရန်မှတပါးအခြားမရှိပြီ
- နယ်စပ်ဖြတ်ကျော် တောမီးအား တရုတ်မှ လူအင်အား ၂၅၀၀ ကေ...
- လက်ချင်းချည်ကာ ညီတဲ့ အာဆီယံ.. :)
- ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်မြန်မာနိုင်ငံရေးအကျဉ်းသာ...
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်
- Naypyidaw, the new capital of Myanmar(ミャンマー新首都ネピドー)
- ရန်တိုက်ပေးလို့မရတော့ အချင်းချင်း ချတော့မယ်
- ချင်းတို့ ၏အသံ
- ဟစ်ဟော့ ကိုမတိုက်ခင် နအဖကို အရင်တိုက်ပါ
- Black Device ကိုသတိထားပါ။
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထော...
- နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံ...
- တရားမဝင်နည်းဖြင့်ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများေ...
- (၆၁) နှစ်မြောက် ချင်းအမျိုးသားနေ့ 
- လူ့ လူချင်းစာနာ ထောက်ထားပါ။
- NLD (LA( Japan Branch) INVITATION
- ခင်ဗျားတို့ သားသမီး၊မြေး ချင်းကိုယ်ချင်းမစာ အောက်တ...
- ပဒိုမန်းရှာကို ဘယ်သူသတ်သလဲ
- ဖေဖေါ်ဝါရီ လ ၂၁ရက် ၂၀၀၉ သတင်းများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အထူးကြေငြာချက်အမှတ် ၃
- ဒုက္ခနဲ့ ဘ၀များ
- ဂုဏ်ယူပါတယ် မအိမ့်ခိုင်ဦး
-
▼
February
(379)
No comments:
Post a Comment