Tuesday, February 17, 2009


"အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် လှုပ်ရှားဆောင်ရွက်မှုအပေါ် သဘောထား ထုတ်ပြန်ကြေငြာချက်"

စာအမှတ်- စကလ/လစဖ/၀၄/၀၉
နေ့စွဲ - ၁၈-၂-၀၉

ကျွန်ုပ်တို့ ၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီကို နအဖ ကျင်းပမည့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို အပြီးတိုင် ရိုက်ချိုးဖျက်ဆီး နှိုင်ရေးအတွက် ဖွဲ့စည်း လှုပ်ရှား ဆောင်ရွက် နေခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့ ကော်မတီအနေနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသား များအားလုံး ချွင်းချက်မရှိ မလွတ်မြောက်သေးသမျှ ကာလပတ်လုံး ယခုဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းကို ညှိနှိုင်း ဖြေရှင်းနှိုင်လိမ့်မည် မဟုတ်ဟု အလေးအနက် ယုံကြည်သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လှုပ်ရှားဆောင်ရွက်နေသည့် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး လှုပ်ရှားမှုကို မိမိတို့အနေနှင့် အပြည့်အ၀ ထောက်ခံကြောင်း ဆန္ဒပြုပါသည်။

ကျွန်ုပ်တို့ ကော်မတီ အနေဖြင့် မိမိတို့ချမှတ်ထားသည့် မူအတိုင်း နအဖ စစ်အုပ်စုထံမှ မည်သည့် တောင်းဆိုမှုကိုမျှ ပြုလုပ်မည်မဟုတ်သဖြင့် ကျွန်ုပ်တို့အဖွဲ့ဝင်များသည် တိုင်းရင်းသား ပြည်သူလူထု အားလုံးနှင့် လက်တွဲ၍ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် အစွမ်းကုန် ဖိအားပေး လှုပ်ရှား တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ အပ်ပါသည်။

ပြည်သူလူထု အားလုံးမှလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှုတွင် တခဲနက် ပူးပေါင်း ပါဝင်ကြပါရန် ထပ်ဆင့်၍ အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီ

2009 Collective Action Committee (Burma)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်